this site the web

1215.. ASIAN Super Model ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ်တစ်ဦး ဆုရ ( 27.9.10 )

 
http://www.freeimagehosting.net/uploads/17988c6875.jpg


         တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အာရှစူပါမော်ဒယ် ပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ မော်ဒယ်သုံးဦး သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Talents & Models  အေဂျင်စီမှ မော်ဒယ် ခြူးသက်နွယ်ကThe Best Structure ဆုရရှိခဲ့ကြောင်း သိရှိရသည်။


      ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့ အထိကျင်းပခဲ့သော အဆိုပါပြိုင်ပွဲတွင် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နှင့် မြန်မာ စသည့် နိုင်ငံ ၁၀ နိုင်ငံမှ မော်ဒယ်များ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


http://www.freeimagehosting.net/uploads/01649af2a5.jpg

                မြန်မာနိုင်ငံမှ သွားရောက်ယှဉ် ပြိုင်ခဲ့ကြသည့် မော်ဒယ်များမှာ ခြူးသက်နွယ်၊ ၀င်းပပအေးနှင့် ယွန်းခန့်မျိုးတို့ ဖြစ်ကြကြောင်း သိရှိရသည်။ ယင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူများအား အသိအမှတ်ပြုလက်မှတ် များ ပေးအပ်ခဲ့သည့်အပြင်The Best Structure ဆုကို မော်ဒယ်ခြူးသက်နွယ်က ဆွတ်ခူးရရှိခဲ့ကြောင်း၊ ယင်းပြိုင်ပွဲတွင် ရိုးရာဝတ်စုံများဖြင့်လည်း ယှဉ်ပြိုင်ကြရကြောင်းလည်း သိရှိရ သည်။


                 "အခုလို အာရှနိုင်ငံတွေနဲ့ သွားရောက်ယှဉ်ပြိုင်ရတဲ့ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဆုရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒီပွဲမှာဝင်ပြိုင်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ Talents & Models အေဂျင်စီက လက်ဦး ဆရာမ ဒေါ်တင်မိုးလွင်နဲ့အတူ လိုက်ပါပေးတဲ့ ဆရာမတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲဝတ်စုံတွေကိုတော့ မိတ်ကပ်ခင်စန်းဝင်းနဲ့ ကိုပြည်စိုးအောင်တို့က ပံ့ပိုးပေးပါတယ်"      ဟု မော်ဒယ်ခြူးသက်နွယ်က ပြောကြား ခဲ့သည်။


             

 Credit :Eleven Media Group.


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ