this site the web

1206..အလွန် စုတ်ပြဲ နေသော် ငွေစက္ကူများ လဲလှယ်န်ုင် ( 24.9.10 )

 
http://www.freeimagehosting.net/uploads/97576ae9fd.jpg               
               ဟောင်းနွမ်းစုတ်ပြဲသည့် ၁၀ ကျပ်တန်မှ ကျပ်၂၀၀ တန်အထိ တန်ဖိုးငယ် ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ချက်များနှင့် အညီလဲလှယ်ပေးလျက်ရှိရာ ယခုလ ဒုတိယပတ်မှစ၍ သတ်မှတ်ချက် အချို့ကို လျှော့ချလိုက်ကြောင်း သိရသည်။ ယင်းကဲ့သို့ သတ်မှတ်ချက် လျှော့ချခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သက်ဆိုင်ရာ ငွေလဲလှယ်ရေးဌာနများသို့ညွှန်ကြား ထားကြောင်းသိရသည်။ ငွေစက္ကူအဟောင်းမှ အသစ်သို့ လဲလှယ်ပေးရာတွင် ငွေစက္ကူအတုနှင့် အစစ် စစ်ဆေးမှုကိုသာ အဓိကဦးစားပေးမည် ဖြစ်ပြီး အလွန်အမင်းဟောင်းနွမ်း စုတ်ပြဲနေခြင်း၊ ဆီများ စွန်းထင်းနေခြင်း၊ ဆိုးဆေးများ စွန်းထင်နေခြင်းများ ဖြစ်သော်လည်း စက္ကူ၏ ထက်ဝက်ကျော်ပါက လဲလှယ်ပေးမည်ဖြစ်သည်။

          ယခင်က အက္ခရာနှင့် နံပါတ်စဉ် နှစ်ခုစလုံးတွင် အများဆုံးဂဏန်းသုံးလုံး အထိသာ စုတ်ပြဲခွင်ပြုပြီး ကြားတွင်ဆက်စပ်ထားမှု မရှိဘဲ မူလအတိုင်းရှိသည့် ငွေစက္ကူများကို ကျောဘက်၌ ကပ်၍လဲလှယ်ရသည့် အပြင် လက်မှတ် ရေးထိုးရကြောင်း၊ ယခုအခါ အဆိုပါ ကန့်သတ်ချက်များ မရှိတော့သည့်အပြင် စက္ကူကပ်ခြင်း ၊ တိပ်ကပ်ခြင်းများ ပြုလုပ်ရန် မလိုဘဲ မူလအခြေအနေအတိုင်း ငွေစက္ကူ ထက်ဝက်ကျော်ပါက လဲလှယ်ပေးမည်ဟု သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်သူလူထုအား ဟောင်းနွမ်း ငွေစက္ကူများကို တန်ဖိုးတူ လဲလှယ်ခွင့် ပြုထားသော်လည်း ကန့်သတ်ချက်များ ရှိနေခြင်း ကြောင့် ပြည်သူများအနေဖြင့် ဘဏ်များသို့ လာရောက်လဲလှယ်ခြင်း မပြုဘဲအချင်းချင်း လှည့်လည်သုံးစွဲရာမှ ငွေစက္ကူများ ပိုမိုဟောင်းနွမ်း စုတ်ပြဲ၍ အခြေအနေ ဆိုးရွားလျက်ရှိခြင်းကို ဖြေရှင်းနိုင်ရေးအတွက် ယခင်သတ်မှတ်ချက်များ ထက်လျှော့ပေါ့၍ ၁၀ ကျပ်တန်မှ ကျပ် ၂၀၀ တန်အထိ ငွေစက္ကူများအား လက်ခံလဲလှယ်ပေး ပါမယ်....

Ref:၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ