this site the web

1167..ဒါရိုက်တာ စင်ရော်မောင်မောင် နှင့် မြန်မာအနုပညာရှင်အဖွဲ့သည် မြောက်ကိုရီးယားသို့ ထွက်ခွာ ( 17.9.10 )

 
   http://www.irrawaddymedia.com/bur/images/resized/images/stories/sin%20yaw%20mg%20mg_287_195.jpg      

           ဒါရိုက်တာ စင်ရော်မောင်မောင် ပါဝင်သည့် မြန်မာအနုပညာရှင်အဖွဲ့သည် မြောက်ကိုရီးယားပြုံးယမ်း ရုပ်ရှင်ပွဲတော်သို့
တက်ရောက်ရန်  စက်တင်ဘာလ ၁၄ ရက်နေ့တွင်  စတင် ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

         ယင်းရုပ်ရှင်ပွဲတော်သို့ ဒါရိုက်တာ စင်ရော်မောင်မောင်၊ မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး၊ ရိုးရာပွဲဈေးတန်း မှတ်တမ်းဇာတ်ကား၏ ဒါရိုက်တာဝင့်ရီသိန်း၊ အတိတ်၏အရိပ်ဇာတ်ကား၏ ထုတ်လုပ်သူ ဒေါ်အေးမြ၀င်းတို့ တက်ရောက်ရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


             ပြုံးယမ်းရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးသည့် အတိတ်၏အရိပ် ရုပ်ရှင်ဇာတ်ကား၊ လျှို့ဝှက်သောနှင်း ရုပ်ရှင်ဇာတ်ကား၊ ရိုးရာပွဲဈေးတန်းမှတ်တမ်း ဇာတ်ကားတို့အား ပြသရန် စီစဉ်ထားသည်ဟု သိရှိရသည်။

            မြောက်ကိုရီးယား ပြုံးယမ်း နိုင်ငံတကာရုပ်ရှင်ပွဲတော်သည် ၁၂ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး  မြန်မာအနုပညာရှင်အဖွဲ့ အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာအနုပညာရှင်အဖွဲ့သည် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအမီ တက်ရောက်ခြင်းဖြစ်ပြီး စက် တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စီစဉ် ထားသည်ဟု သိရှိရသည်။ ရုပ်ရှင်ပွဲတော်သို့ လိုက်ပါသွားသည့် 'ရိုးရာပွဲဈေးတန်း' မှတ်တမ်းဇာတ်ကား၏ ဒါရိုက်တာဝင့်ရီသိန်းသည် ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် လူငယ် ဒါရိုက်တာပြိုင်ပွဲသို့ တက်ရောက်ခဲ့သူတစ်ဦး ဖြစ်သည်ဟု သိရှိရသည်။

 

Credit :Eleven Media Group.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ