this site the web

1138..မြန်မာလုပ်သား ခေါ်ယူမှု ကိုရီးယား ရပ်ဆိုင်းထား ( 13.9.10 )

 
http://www.koreaorbit.com/uploads/pics/South-Korea-Flag.gif

ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများစေလွှတ်ရေးကိစ္စအတွက် မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရ ချုပ်ထားတဲ့ သဘောတူစာချုပ် (Memorandum of Understanding:MOU) ရဲ့ သက်တမ်းဟာ ၂ နှစ်ဖြစ်ပါတယ် ။ အဲဒီပထမ စာချုပ်ဟာ
၂နှစ်ပြည့်ခဲ့ပြီးပါပြီ။ ဒီတော့ နောက်ထပ် အလုပ်သမားအသစ်တွေ ထပ်ပို့ဖို့ စာချုပ် အသစ်ထပ်ချုပ်ရပါ့မယ် ။ အဲဒါ အခုစာချုပ် မချုပ်နိုင်ကြသေးဘူးလို့ သိရပါတယ် ။

အရင် လုပ်သားများအပေါ် ချိုးဖောက်ထားသည့်အမှုများ စုံစမ်းစစ်ဆေး မပြီးသေးသရွေ့မြန်မာအလုပ်သမား ခေါ်ယူမှုကို တောင်ကိုရီးယားနိုင်ငံက အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

အရင် အီးပီ (Employment Permit) လုပ်သားတွေရဲ့ အာမခံငွေတွေကို မြန်မာပွဲစားတွေက လက်မှတ်တုတွေလုပ်ပြီး အာမခံကုမ္ပဏီဆီက လိမ်ထုတ်သွားတယ် ။ ထုတ်သွားတာတွေ ရှိတယ်။ ပြီးတော့ အီးပီ အလုပ်သမားတွေဆီက အကျိုးဆောင်ခတွေ အဆမတန်တောင်းပြီး လိမ်ထားတဲ့အမှုတွေ ရှိတယ်။ အဲလို မတရား ဖြတ်တောက်ခံရတာတွေကို
တိုင်ကြားလာတဲ့အတွက် စစ်ဆေးအရးယူပေးဖို့ ကိုရီးယားက တောင်းဆိုထားတယ်။ အဲဒါကြောင့် လုပ်သားတွေ ထပ်လက်ခံဖို့ ကိုရီးယားဘက်က ဆိုင်းငံ့ထားတယ် ။

အလုပ်သမားအေဂျင်စီ (သို့မဟုတ်) ပွဲစားက မတရားသဖြင့် အကျိုးဆောင်ခ ရယူခြင်း၊ အာမခံငွေများကို မသမာသည့်နည်းဖြင့် ထုတ်ယူခြင်း၊ လုပ်သားအခွင့်အရေး ဆုံးရှုံးခြင်းတို့အား နှစ်နိုင်ငံ သဘောတူညီချက်အရ တိုင်ကြားနိုင်ကြောင်း သိရသည်။

ကိုရီးယားသို့ တဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်သားပို့ဆောင်ခွင့်ရထားသော ကုမ္ပဏီမှာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ ဖွင့်လှစ်ထားသည့် ရွှေအင်းဝ ကုမ္ပဏီဖြစ်ပါတယ် ။

ကိုရီးယားအစိုးရ၏ တရားစွဲဆိုခြင်းခံရတဲ့ ကုမ္ပဏီဟာ တခြားကုမ္ပဏီပါ ... စာချုပ်ပြန်ချုပ်ဖို့ အမှုအမြန်ပြီးဖို့လိုအပ်ပါတယ် ။ MOU စာချုပ် အသစ်ပြန်ချုပ်ပြီးမှသာ ညီကိုတို့ရဲ့ ကိုရီးယားအိပ်မက်ဟာ အသက်ဝင်လာမှာပါ ...

ကိုရီးယားအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမား (၃,၀၀၀) ခန့်ရှိပြီး အသေးစား ကုန်ထုတ်စက်ရုံ၊အလုပ်ရုံများတွင် အများစုလုပ်ကိုင်ကြပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်း အချို့တွင်လည်း လုပ်ကိုင်နေကြပါတယ် ။

Ref: ဗညား

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ