this site the web

1121.. MCPA JENESYS FreeTalk ကျင်းပမည် ( 12.9.10 )

 

"၂၁ ရာစု အရှေ့အာရှ လူငယ်ကျောင်းသား ချစ်ကြည်မှု ဖလှယ်ရေးအစီအစဉ်ကြီး (JENESYS Programme)" ကို ဂျပန် အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အင်တာနေရှင်နယ် ကိုအော်ပရေးရှင်းစင်တာ(JICE) နှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတဝှမ်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်လူငယ်အိုင်တီပညာရှင် ၂၆ ဦးကို ရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ကာလတိုလေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။

ဂျပန်နှင့်မြန်မာနိုင်ငံရှိ အိုင်တီပညာရှင် လူငယ်များအကြား ရင်းနှီးချစ်ခင်မှုပိုမိုကျယ်ပြန့်ခိုင်မာလာစေရန်အတွက် မြန်မာအိုင်တီလူငယ်ပညာရှင်များအဖွဲ့သည် ဂျပန်နိုင်ငံနှင့် ဂျပန်လူမျိုးတို့၏ နောက်ဆုံးပေါ်နည်းပညာများ၊ တက္ကသိုလ်များ၏ သင်ကြားမှုစနစ်များ၊ စက်ရုံများ၏ ၀န်ထမ်းဖွဲ့စည်းမှု၊ အုပ်ချုပ်မှု နှင့် အသုံးပြုသော နည်းပညာများ၊ နောက်ဆုံးပေါ် မိုဘိုင်းဆက်သွယ်မှု စနစ်များ၊ ယဉ်ကျေးမှုများ နှင့် နေ့စဉ် နေထိုင်မှုဘ၀များကို အသေးစိတ်လေ့လာခွင့်ရရှိပြီး နည်းပညာများကို ဖလှယ်နိုင်ခဲ့ကြပါသည်။

ထိုသို့ ရရှိလာသော အတွေ့အကြုံများ ၊ နည်းပညာများ ၊ အခွင့်အလမ်းများကို မြန်မာအိုင်တီ လူငယ်ပညာရှင်များက အတွေ့အကြုံ ရှင်းလင်းချက်များ နှင့်အတူ MCPA JENESYS FreeTalk အစီအစဉ်ကို အောက်ပါ အစီအစဉ်တိုင်း ကျင်းပသွားမည်။

Date and Time : 19-9-2010 (10:00 AM – 12:00 AM)
Place : ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်

၎င်းတွေ့ဆုံပွဲသို့အသင်းဝင်များကွန်ပျူတာနယ်ပယ်ထဲသို့ ဝင်ရောက်နေသူများနှင့် စိတ်ပါဝင်စားသူမည်သူမဆို လွတ်လပ်စွာတက်ရောက် မေးမြန်း ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း အဆောင်(၄)၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ် ဖုန်း - ၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ