this site the web

1120..သြစတြေးလျဖျော်ဖြေပွဲသွားမယ့် မိုးပြည့်ပြည့်မောင် ( 12.9.10 )

 
   
သြစတြေးလျဖျော်ဖြေပွဲသွားမယ့် မိုးပြည့်ပြည့်မောင်
                      

                      လတ်တလောတွင် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေသည့် မိုးပြည့်ပြည့်မောင်သည် ပြည်ပဖျော်ဖြေပွဲအဖြစ် အောက်တိုဘာလတွင် သြစတြေးလျသို့ အငြိမ့်ဖျော်ဖြေရေး သွားရောက်မည်ဖြစ်ကြောင်း ပြောသည်။

                       "၁၀ လပိုင်းမှာ သြစတြေးလျကို ဖျော်ဖြေရေးခရီးစဉ် သွားဖို့ရှိပါတယ်။ မိုးပြည့်နဲ့အတူ ကိုခန့်စည်သူ၊ ကိုခင်လှိုင်၊ ထွန်းထွန်း၊ ဒိန်းဒေါင်၊ သဇင်လည်းပါတယ်။ သမီးတို့က အငြိမ့်ကကြမှာပါ။ ပထမတစ်ခေါက်က ဦးမေတ္တာတို့နဲ့ ဂျပန်ခရီးစဉ်ပါ။ ဒါက မိုးပြည့်အတွက် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖျော်ဖြေပွဲပါ"

                 ဟု ပြောသည်။ ပြည်ပ ဖျော်ဖြေပွဲ သွားရောက်သည် အတွေ့အကြုံနှင့် ပတ်သက်ပြီး သူမက    "ဟိုမှာ မြန်မာတွေ လာဖျော်ဖြေတာ ရှားတယ်။ စပွန်ဆာနဲ့ သေချာခေါ်မှ ကြည့်ရတာ။ မြန်မာအချင်းချင်း ကိုယ့်အမျိုးကို တွေ့ရသလို လွမ်းပြီး ပိုပြီး လှိုက်လှိုက်လှဲလှဲ ရှိကြတယ။် ဒါကြောင့် မိုးပြည့်တို့ ခိုလိုမရဘူး။ တစ်ပုဒ်ဆိုတစ်ပုဒ် စိတ်ထည့်ပြီး လုပ်ရပါတယ်။ ဒါမှ မိုးပြည်တို့လည်း သွားရကျင်းနပ်မယ်။ သူတို့လည်း ကြည့်ရကျိုးနပ်မယ်လေ"               ဟု ပြောသည်။ သူမ၏ အိမ်ထောင်ဖက်အပေါ် ပရိသတ်ကပါ လက်ခံပြီး ချစ်ခင်ကြလို့ ကျေးဇူးတင်ကြောင်းနှင့် လောလောဆယ် ကလေးယူရန် အစီအစဉ် မရှိသေးကြောင်း မိုးပြည့်ပြည့်မောင်က ထပ်မံပြောကြားသည်။

Credit: အေးသူ (7Day News Journal)
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ