this site the web

1118..ကိုးရီးယား မင်းသမီး Lee Ha-na (이하나) မြန်မာပြည်လာမည် ( 12.9.10 )

 
 

       ကိုရီးယားမင်းသမီးချော လီဟား နားသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၇ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ သိရသည်။


                    ''လီဟားနားဟာ နာမည်ကျော် မင်း သမီးတစ်ဦးပါ။ အောက်တိုဘာမှာ ရန်ကုန် မှာပြုလုပ်မယ့် ကိုရီးယားရုပ်ရှင်ပွဲတော်တက် ရောက်ဖို့ ရောက်လာမှာပါ'    

'ဟု သံရုံးအရာရှိ တစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ်ဖော် ပြောကြားသည်။

                                           


                        လီဟားနားသည် မြန်မာနိုင်ငံတွင် ပြသရန်ရှိသည့် နာမည်ကျော်ကိုရီးယားရုပ်ရှင် Le Grand Chef  တွင် ခေါင်းဆောင်မင်း သမီးအဖြစ် ပါဝင်ရိုက်ကူးထားသည်။ အသက်(၂၈)နှစ် အရွယ်ရှိ လီဟား နားသည် အောက်တိုဘာ ၂၇ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့တွင် သုံးရက်ကြာနေ ထိုင်ကာ ကိုရီးယားရုပ်ရှင်  ပွဲတော်တက်ရောက်မည် ဖြစ်ပြီး ပရိသတ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
 
          ၂၀၀၆ခုနှစ်တွင် အက်စ် ဘီအက်စ်၏ လူသစ်တန်းဆု၊ ၂၀၀၇ခုနှစ်တွင် အမ်ဘီ စီ၏ အကောင်းဆုံး လူသစ်တန်းအမျိုးသမီး သရုပ်ဆောင်ဆုနှင့်  ၂၀၀၈ခုနှစ်တွင် ကေဘီအက်စ်၏ မီနီဒရာမာ အထူးချွန် ဆုံးဆု တို့ကို ရရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားကြီးများအဖြစ် ၂၀၀၇ ခုနှစ်တွင် Le Grand Chef ၊ ၂၀၀၉ခုနှစ်တွင် Dance of Time နှင့် Fair Love တို့ကို ရိုက်ကူးခဲ့သည်။


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ