this site the web

1116..အင်တာနက်ဖုန်း ရင်ဂါ တစ်ပတ်နှစ်နာရီ အခမဲ့ပြောနိုင်မည် ( 11.9.10 )

 
            အကောင့်ဝယ်ထားရုံနဲ့ ပြည်ပနိုင်ငံအချို့ကို အင်တာနက်ဖုန်းနဲ့ တစ်ပတ် နှစ်နာရီခန့် အခမဲ့ပြောနိုင်တဲ့ ရင်ဂါ (Rynga) အကောင့်ကို အွန်လိုင်း စီးပွားရေးလုပ်ငန်းစုက စတင်ရောင်းချ ပေးမယ်လို့ သိရတယ်။

                    "အခု ရောင်းချမယ့် ရင်ဂါက အင်တာနက် ဖုန်းတစ်မျိုးပါပဲ။ ပီဖင်ဂို (Pfingo) တို့၊ skype တို့ထက် ဈေးသက်သာတယ်။ ဖုန်းပြောခတွေထဲမှာတော့ အသက်သာဆုံးပဲ"လို့ အွန်လိုင်း စီးပွားရေး လုပ်ငန်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

               ရင်ဂါအကောင့်ကို စက်တင်ဘာလ ၂ ရက်နေ့ကစတင်ပြီး ရောင်းချပေးမယ်။ မဝင်သေးခင် ကြိုပြီး လေ့လာချင်တယ်ဆိုရင် www.rynga.com ကို ဝင်ကြည့်နိုင်ပါတယ်။ ရင်ဂါကို ပြည်ပရောက်နေတဲ့ အထူးသဖြင့် ဂျာမနီ၊ ကိုရီးယား၊ ရုရှားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံက လူတွေက မြန်မာနိုင်ငံကို လှမ်းပြီး ခေါ်ရင် ဈေးသက်သာလို့ သုံးကြတယ်။ အခုရင်ဂါကို ပြည်တွင်း အင်တာနက်ဆိုင် အချို့ကစမ်းပြီး သုံးနေကြတယ်။

               အကောင့်ဝယ်ပြီးရင် ခရက်ဒစ် (credit) မကုန်မချင်း သုံးနိုင်တယ်လို့ ဆက်ပြောပါတယ်။ ရင်ဂါအင်တာနက် ဖုန်းလိုင်းက ကော်နက်ရှင် ကောင်းမှသုံးနိုင်တယ်လို့ သိရတယ်။ "ဈေးသက်သာတယ် ဆိုပေမယ့် ကော်နက်ရှင်ကောင်းမှ အဆင်ပြေပြေသုံးနိုင်လို့ အင်တာနက်ဆိုင်တွေ အတွက်တော့ သုံးဖို့ခက်ခဲ နေသေးတယ်၊ သီးသန့်သုံးတဲ့ သုံးစွဲသူတွေ အတွက်တော့ သုံးရတာ ပိုအဆင်ပြေနိုင်တယ်"လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

           ရင်ဂါ အကောင့်အကြောင်း စုံစမ်းချင်တယ် ဆိုရင် အွန်လိုင်း စီးပွားရေးလုပ်ငန်းစု ဖုန်း- ၀၁-၆၉၀၀၃၁ ကို ဆက်သွယ်နိုင်ကြောင်း........

Ref: မော်ဒန်သတင်း ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ