this site the web

1115.. အင်တာနက်ဆက်ကြောင်းများ ကုန်းတွင်းပိုင်းမှ ထပ်မံတိုးချဲ့ ( 11.9.10 )

 
             ကုန်းတွင်းပိုင်း အင်တာနက် ဆက်ကြောင်းများသို့ လမ်းကြောင်းများ ထပ်မံတိုးချဲ့ ချိတ်ဆက်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလ ၆ ရက်နေ့က ကျင်းပခဲ့သည့် ရတနာပုံ အမျိုးသားအဆင့် ဝက်ဘ်ပေါ်တယ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောသည်။ ပင်လယ်ရေအောက် ဖိုင်ဘာဆက်ကြောင်း ဖြစ်သည့် Sea-Me-we(3) ကိုမှီခိုနေရသည့် အနေအထားကို လျှော့ချရန်အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် ဆက်သွယ်ထားသော လမ်းကြောင်းများကို ထပ်မံ တိုးချဲ့သွားမည်ဟုဆိုသည်။

             မြန်မာနိုင်ငံသည် လက်ရှိတွင် အင်တာနက် ဆက်သွယ်မှုများကို ဥရောပလမ်းကြောင်း ဖြစ်သည့် ပင်လယ်ရေအောက်မှ သွယ်တန်းထားသော Sea- Me- We(3) ၊ တာချီလိတ်၊ မဲဆိုင်ဘက်မှ ထိုင်းနှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်း၊ မူဆယ်မှ တစ်ဆင့် တရုတ်နှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းနှင့် မိုရေး၊ တမူး အိန္ဒိယ လမ်းကြောင်းများမှ အင်တာနက် ကွန်ရက်ချိတ်ဆက် အသုံးပြုနေခြင်း ဖြစ်သည်။

            ချိတ်ဆက်ပြီး ဖိုင်ဘာဆက်ကြောင်းများ၏ အရှည်မှာကီလိုမီတာ ၁၀,၀၀၀ (မိုင်ပေါင်း ၈,၀၀၀ ကျော်)ရှိနေပြီ ဖြစ်ပြီး ရယူထားသည့် Bandwidth Capacity မှာ 3.145 Gbps ရှိကာ ကုန်းတွင်း ဆက်ကြောင်းများမှာ Greater Mekong SubRegion Information Superhighway Link ၏ အစိတ်အပိုင်းများ ဖြစ်သည်။ ယင်းသို့ ဆက်ကြောင်းများ တိုးချဲ့ချိတ်ဆက်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်ကြောင်း တစ်ခုခုတွင် အင်တာနက် ပြတ်တောက်သွားပါက ကျန်သည့်လမ်းကြောင်းများဖြင့် ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ပြီး ပြည်တွင်း အင်တာနက် သုံးစွဲမှုကိုလည်း ပိုမိုလျင်မြန် လွယ်ကူလာစေမည် ...

Ref: မြန်မာတိုင်း(မ်) ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ