this site the web

1101..Bပိုး Cပိုး သေစေတဲ့ သစ်ရွက် ( 10.9.10 )

 
http://www.flowersofindia.net/catalog/slides/Indian%20Birthwort.jpg

ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် ဣဿရမူလီ လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Birthwort(Atistolochia indica)
သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး (၀၊ခ်ေလီခေူဂ့်ယုင်း) လို့ခေါ်ပြီး
Indonesia: kalayar, puyan, kunit
Malaysia: akar ketola hutan
Philippines: goan-goan, nagerus, timbangan
Thailand: krachao mot, krachao pheemot
Vietnam: d[aaly kh[oos] r[as]ch, ph[of]ng k[yr]
တရုတ်အခေါ်ကတော့ ခုံ့ရှော့တန်း လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ http://www.mobot.org/tours/medicinal_plants/images/birthwort.jpgအ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။
အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ
အနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law)http://www.natureloveyou.sg/Aristolochia%20acuminata.jpgကနေတဆင့် သိရခြင်းပါ။ သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး
ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ
ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေတစ်ယောက်က ဣဿရမူလီ ကို
သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်
ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ
မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့
သူယိုးဒယားကို ဆေးစစ်သွားတော့
ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊
ဘာဆေးတွေ သုံးကြောင်း မေးလာတော့
သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။ http://findmeacure.com/wp-content/uploads/2008/02/aristolochia-clematitis.jpg

ဆေးသုံးစွဲနည်း
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။




plant fact sheet
Aristolochia tagala
Text and pictures by Wee Yeow Chin



Unique fruits of the vine


Mature fruit splitting
open to spill the seeds

The unique pipe-like flowers
Scientific name Aristolochia tagala
(Family: Aristolochiaceae).

Common names Indian birthwort, Dutchman's pipe.

Vernacular names
Indonesia: kalayar, puyan, kunit
Malaysia: akar ketola hutan
Philippines: goan-goan, nagerus, timbangan
Thailand: krachao mot, krachao pheemot
Vietnam: d[aaly kh[oos] r[as]ch, ph[of]ng k[yr]

Distribution From the Himalaya to Sri Lanka through Myanmar, Indon-esia, Indochina, China, Thailand to the whole of Malesia, the Solomon Islands and Queensland in Australia.

Description of plant This is an aggressive, sun-loving slender climber. Leaves are simple, oval to oblong, 6- 25 cm long by 4-10 cm wide, tip abruptly pointed, base deeply heart- shaped and alternately arranged. The leaf stalk is 1.5-2.5 cm long. Flowers are in short, branched inflorescences of 3-8 cm long that arise from the leaf axils. Flowers are bisexual, with three perianths that unite into a slender tube of about 7 cm long. The base of the tube is globular, within which is a stumpy column bearing many stamens. This globular base narrows into a curved, cylindrical tube about 1 cm long before ending in a funnel-shaped mouth with a prominent reddish brown to purple, tongue-shaped lip of 2-2.5 cm long.
The mouth opening is pale yellow with a reddish brown to purple rim. The ovary is inferior and can be mistaken for the a tagal flower stalk. Fruits are globular capsule of 3.5 cm diameter on a 2.5 cm stalk. On maturity, it splits into six parts, looking like an inverted parachute. As the fruit sways in the breeze, the numerous, flat and winged seeds are dispersed.

Habitats Forests and open lowland thickets, scrambling over bushes and trees.

Uses The leaves are pounded and applied.to the head by the Malays to treat fever. In Indonesia, the leaves are made into a poultice and applied to the swollen abdomen or limbs. In the Philippines, the plant is used to treat snake bites and malaria. In India, the roots are considered a tonic, carminative and emmenagogue. A number of other species are used by the Chinese for dysentery, high blood pressure, beri-beri and swollen feet.

Other information Birthworts are so-called because the curved flower looks like a womb and therefore, are used by herbalists to remove obstructions after birth as well as to treat difficult births. The other name, Dutchman's pipe needs no explanation. The botanical name Aristolochia comes from two Greek words—cristos and locheia, meaning "noblest" and "childbirth"—no doubt referring to its purported medicinal properties. The fruits of some species are used in pulmonary disorders, probably because they look like human lungs.

The caterpillars of two locally rare butterflies, the Common Birdwing (Troides helena cerberus) and Common Rose (Pachliopto cristolo-chiae asteris), feed on the leaves of this plant.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

8 - ဦး မှတ်ချက်ပေးထားပါသည်

Blogger ဆောင်း said...

ဒီပို့ စ်မှာ တခုခုလွဲနေတယ် ထင်တယ်
aristolochia tagala အပင်ပေါ်က အစေ့နဲ့ အပင် မှန်တယ်။
အရွက်က aristolochia leuconeura plantရဲ့ အရွက် ဖြစ်နေတယ်။ အသေချာ စုံစမ်းပေးပါအုန်း။ ဒီအပင်မျိုးနွယ်တွေက အဆိပ် ရှိတဲ့အတွက် သြစတြေးလျက ဆေးဖော်စပ်ဖို့ သွင်းတာ ပိတ်ထားတယ် လို့ ဖတ်ရ ပါတယ်။ ဒီပို့ စ်မှာ အရွက်နဲ့ အပွင့်က အပင်မျိုးမတူုပါ။
အဆိပ်တောက် တတ်တဲ့ အပင်မျိုးတွေ ဖြစ်လို့  တိတိကျကျ သတင်း သိလို ပါတယ်။ aristolochia tagala or aristolochia leuconeura ဘယ်အရွက် ကို သုံးရမလဲ ဆိုတာ အရေးတကြီး ပြန်စစ်ဆေး ပေးစေချင်ပါတယ်။ ဒီအပင်တွေက အဆိပ် ပါရှိတဲ့ အတွက် မှားသောက်ရင် ရောဂါ မပျောက်ဘဲ နာရီပိုင်း အတွင်း သေဆုံးတတ် ပါတယ်။

http://lepidoptera.butterflyhouse.com.au/plants/aris/aristolochia-tagala.htmlv

http://www.georgiavines.com/cart/index.php?main_page=advanced_search_result&search_in_description=1&keyword=aristolochia&inc_subcat=0&sort=20a&page=3 မှာ အသေချာ ပြန်ကြည့်ပေးပါ။

တကယ်လို့  နန်းမွေဖောင် ကို တွေ့ နိုင်ရင် ပြန်စစ်ပေးစေလို ကြောင်း ပြောပါရစေ
ကျေးဇူးတင်ပါတယ်

28/10/10 5:00 AM  
Anonymous မုန်တိုင်း said...

အလွန်ကျေးဇူးတင်ပါတယ်...ဒီလို comment မျိုးကို ကြိုဆိုတယ်....ဒါမှရှေိဆက်ရေးရင် သတိ ရှိစေမှာမို့ပါ...ပြန်စစ်ပေးပါမယ်

28/10/10 1:14 PM  
Blogger SHWE ZIN U said...

ကိုကြီးကျောက် ရေ

ကြည့်ချစ်.. ကြည့်ချစ် သြ အကိုကြီး ရေ ဒီလင့်ခ် လေး သွားဖတ်ကြည့်ပါအုန်း

http://www.monetine999.com/2010/09/1101b-c-10910.html

အသဲ နဲ့ ပါတ်သက်တဲ့ သတင်းလေး ပါလို့ အင်း အချစ်အကြောင်း အသဲအကြောင်း တော့ ကိုယ့် အကိုကြီး အတွက် ဖတ်လိုက်ရ.. ပြောလိုက် ရလို့ သူငယ်တောင်ပြန်ချင်လာပြီ..

အဲဒီမှာ အဲဒီအရွက် လွယ်လား .. တကယ်လို့ ကိုကြီးကျောက်လဲ စားချင်တယ် မလွယ်ဘူး ဆိုရင် ဒီမှာ ရှာကြည့်မယ်

ချစ်နှမ
ရွှေစင်

ကျောက်ဟေကိုဆီးသီးခွေထွက်ရင်တော့ချပ် ဖြစ်မှာသေချာပါတယ်
မရွေစင်ပြောတဲ့ မုန်တိုင်းဘလော့ က သစ်ရွက်ကို မစားတာ တော်သေးတယ်။ ကိုမုန်တိုင်း တင်ထားတာ အရွက်က သူညွန်းထားတဲ့ အပင် aristolochia tagala ရဲ့ အရွက်မဟုတ်ဘူး။ တခြား aristolochia leuconeura အပင်ရဲ့ အရွက် ဖြစ်နေတယ်။ ဒီအပင်မျိုးနွယ်တွေက ဆေးဘက်ဝင်သလို အဆိပ်တောက် တွေ ရှိလို့ သြစတြေးလျက သွင်းခွင့်ပိတ်ထားတာ ဖတ်ရလို့  ဆက်မရှာရဲတော့ဘူး။ ကိုကြီးကျောက် လည်း အာလူးရည် ဒူးရင်းသြဇာရွက်ဘဲ ဆက်သုံးရင် အခြေနေ ထူးခြား ကောင်းလာမယ်လို့ ယုံပါတယ်။ ကျန်းမာရေး ကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်။

October 29, 2010 12:33 PM

ကျနော် လည်း ဒီပိုစ့် လေးကိုဖတ်လိုက်ရတော့ ဝမ်းသာအားရ လင့်ခ်လေး ပေးမိတယ် စေတနာကို ကျေးဇူးတင်ပါတယ် မှားယွင်းနေရင် အားလုံးဒုက္ခရောက်မှာမို့ သေချာစေချင်ပါတယ် နောက်ပြီး အပေါ်က မန့်ထားတဲ့ ဆောင်း တို့ မိသားစု ကလည်း အသဲ ရောဂါ ပျောက်တာကို သေချာသိချင်နေတဲ့ အတွက် သေချာ ပြန်ပြီး ညွှန်ပြစေချင်ပါတယ်

ကျေးဇူးတင်စွာဖြင့်
ရွှေစင်ဦး

30/10/10 9:14 AM  
Anonymous မုန်တိုင်း said...

အင်းပါ...အားလုံးအဆင်ပြေအောင် ကြ်ုးစားပြီး သေသေချာချာ ရှာဖွေ လေ့လာပေးပါမယ်

30/10/10 1:06 PM  
Anonymous မုန်တိုင်း said...

အင်းပါ...အားလုံးအဆင်ပြေအောင် ကြ်ုးစားပြီး သေသေချာချာ ရှာဖွေ လေ့လာပေးပါမယ်

30/10/10 1:08 PM  
Blogger ဆောင်း said...

ကိုမုန်တိုင်း ရဲ့ မှတ်ချက် ဖတ်ရကတဲက ဒီပို့စ်ကို ကိုမုန်တိုင်း ရေးတာ မဟုတ်ဘူး ဆိုတာ သေချာသလောက်ဘဲ။
ကိုမုန်တိုင်းကြည့်ရတာ ဘယ်ဓါတ်ပုံက ဘယ် အပင် အမျိးအစား ဆိုတာကိုလည်း သိတဲ့ပုံ မပေါ်ဘူး။

ဒီပို့စ်ကို ရေးတဲ့သူက စေတနာနဲ့ ရေးတာလား ဝေဒနာဖြစ်စေချင်လို့ ရေးတာ လားတော့ မသိဘူး။ ရေးထားသမျှကို လုံးဝ အမှန်လို့ မယူဆ သင့်ပေမဲ့ ဗဟုသုတ ရတဲ့ အနေနဲ့ ဘဲ သဘောထား ဖတ်သင့် ပါတယ်။ အဆိပ်အတောက်ရှိတဲ့ အပင် အမျိုးအစား ဖြစ်လို့  နေရပ်မသိ တဲ့ နန်းမွေဖေါင် ကို သက်သေ လုပ် ရေးနေတာခက်ပါတယ်။ တကယ် စေတနာမှန်ရင် နန်းမွေဖေါင်ကို ဆက်သွယ်ဖို့ လိပ်စာ ပေးသင့်တာပေါ့

စာရေးသူ အစစ်အမှန်ကို သိလိုလှပါရဲ့

16/12/10 11:15 AM  
Blogger ဆောင်း said...

ကိုမုန်တိုင်း ရဲ့ မှတ်ချက် ဖတ်ရကတဲက ဒီပို့စ်ကို ကိုမုန်တိုင်း ရေးတာ မဟုတ်ဘူး ဆိုတာ သေချာသလောက်ဘဲ။
ကိုမုန်တိုင်းကြည့်ရတာ ဘယ်ဓါတ်ပုံက ဘယ် အပင် အမျိးအစား ဆိုတာကိုလည်း သိတဲ့ပုံ မပေါ်ဘူး။

ဒီပို့စ်ကို ရေးတဲ့သူက စေတနာနဲ့ ရေးတာလား ဝေဒနာဖြစ်စေချင်လို့ ရေးတာ လားတော့ မသိဘူး။ ရေးထားသမျှကို လုံးဝ အမှန်လို့ မယူဆ သင့်ပေမဲ့ ဗဟုသုတ ရတဲ့ အနေနဲ့ ဘဲ သဘောထား ဖတ်သင့် ပါတယ်။ အဆိပ်အတောက်ရှိတဲ့ အပင် အမျိုးအစား ဖြစ်လို့  နေရပ်မသိ တဲ့ နန်းမွေဖေါင် ကို သက်သေ လုပ် ရေးနေတာခက်ပါတယ်။ တကယ် စေတနာမှန်ရင် နန်းမွေဖေါင်ကို ဆက်သွယ်ဖို့ လိပ်စာ ပေးသင့်တာပေါ့

စာရေးသူ အစစ်အမှန်ကို သိလိုလှပါရဲ့

16/12/10 11:15 AM  
Blogger Sai Aung Maine said...

http://saintsanyae.blogspot.com/2012/01/blog-post_30.html အားလုံးပဲ မိုင်ဆွန်ခ ဒီကနေ ကြည်.ကြည်.လိုက်ပါခ ပာုတ်တယ်ခ အရွက်နဲ. မှားနေတယ် ပုံပြထားတာကို ဒီနေရာကို ၀င်ကြည်.ကြည်.လိုက်ပါခ မိုင်ဆွန်ခ

21/7/13 2:41 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ