this site the web

1099..နာမည်ကြီး မော်ဒယ် ရွှေစင် အကြောင်း တစ်စေ့တစ်စောင်း ( 10.9.10 )

 
          http://bhonelattyone.files.wordpress.com/2010/08/ss02.jpgငယ်ငယ်လေးကတည်းက သမီးလေးကို ရွှေစင်ရုပ်လေးလို လှစေချင်လို့ အဖေကိုယ်တိုင် ချစ်စနိုးပေးတဲ့ ရွှေစင်နာမည်နဲ့ပဲ အနုပညာအလုပ်တွေ ဇောက်ချလုပ်နေတဲ့ ရွှေစင်က မန္တလေးမြို့သူပါတဲ့။ ဘီလ်ဘုတ် ကြော်ငြာတော်တော်များများကြောင့် ပရိသတ်က သတိထားမိလာတာပါလို့ ဆိုပါတယ်။ မန္တလေးမြို့သူဖြစ်ရတာကို ဂုဏ်ယူမိတယ်လို့ပြောတဲ့ ရွှေစင်က ခုတော့ အနုပညာအလုပ်တွေ မအားလပ်တာကြောင့် မန္တလေးကို မပြန်ဖြစ်ဘဲ ရန်ကုန်မှာပဲ ရှိနေပါတယ်။ မန္တလေးက အစားအစာတွေကိုတော့ သူမက အရမ်းသတိရနေတယ်လို့ ဆိုပါတယ်။

"သမီးက မန္တလေးသူလို့ ပြောရတာကိုပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။ သမီးက မန္တလေးမြို့ 78 Shopping Mallနဲ့ Great Wall Shopping Mallနားမှာနေတာပါ။ မန္တလေးမြို့မှာ အထင်ကရ နာမည်ကြီးနေရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သမီးနေတဲ့ အိမ်ကလေးကတော့ အနှစ်သက်ဆုံးနေရာလို့ ပြောလို့ရတာပေါ့နော်။ ရှော့ပင်းသွားရတာ ၀ါသနာပါတဲ့ သမီးအတွက်တော့ ဒီနေရာလေးက အဆင်ပြေပါတယ်" မန္တလေးမြို့ခံ မဟုတ်တဲ့သူတွေက ပြောကြတယ်။ မန္တလေးက ပူတယ်တဲ့။ တကယ်တမ်းလည်း ပူမှာပေါ့နော်။ သမီးတို့ အမြဲတမ်းနေတဲ့ သူတွေအနေနဲ့တော့ နေရတာ အဆင်ပြေပါတယ်။
http://bhonelattyone.files.wordpress.com/2010/08/shwe-sinn.jpgမန္တလေးမှာ အရမ်းပူနေတယ်ဆိုရင် ပြင်ဦးလွင်ကိုသွားပြီး အနားယူလို့ရတယ်လေ။ သွားရလာရတာလည်း နီးပါတယ်။ မန္တလေးမှာ သမီးကို မွေးတာလို့ပြောပေမယ့် ပြင်ဦးလွင်က စာပန်းအိမ်ဘော်ဒါမှာ နေခဲ့တာဆိုတော့ ပြင်ဦးလွင်ကလည်း မစိမ်းတဲ့မြို့ပါပဲ။ မန္တလေးမှာ အထင်ကရ နေရာတွေထဲကမှ ကျုံးပတ်ဝန်းကျင်ကန်တော်ကြီး၊ ဦးပိန်တံတားတွေဟာ လူသိပိုများတယ်လို့ ထင်ပါတယ်။ သမီးက ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ ကျောင်းတုန်းကလည်း အရမ်းပျော်စရာကောင်းတယ်လေ။ ရတနာပုံတက္ကသိုလ်လို့ပြောရင် ဦးပိန်တံတားမှာ သူငယ်ချင်းတွေနဲ့ ရှိခဲ့ကြတာက တကယ့်အမှတ်တရပဲ။ ရတနာပုံတက္ကသိုလ်က ဦးပိန်တံတားနားမှာလေ။ မန္တလေးမြို့ကို ရောက်ပြီဆိုတာနဲ့ မန္တလေးမြို့ရဲ့ နန်းကြီးသုတ်၊ မုန့်တီသုတ်တွေက ဧည့်သည်တွေ အားလုံးစားပြီးရင် စွဲသွားကြတယ်လေ။ စိုးစိုးမုန့်တီကတော့ နာမည်ကြီးပဲ။ ဒီရာသီမှာ အရမ်းပေါတာက ပုရစ်ကြော်။ သမီးအကြိုက်ဆုံးတွေကလည်း မန္တလေးမြို့ရဲ့ အစားအစာအားလုံးပဲ။ မုန့်တီနဲ့ ပုရစ်ကြော်ကတော့ တော်တော်လေးကြိုက်တဲ့ အစားအစာပါ။ ညနေဘက်ဆို Smart Gardenမှာ သွားစားလို့လည်းရတယ်။ လာလည်တဲ့ ဧည့်သည်တွေက မန္တလေးကိုရောက်ရင် ပူတယ်လို့ပြောကြတော့ မန္တလေးမြို့ကြီးကို သစ်ပင်တွေဝေဆာပြီး အုံ့အုံ့မှိုင်းမှိုင်းမြို့ကြီး ဖြစ်စေချင်လိုက်တာ။ ဒါကသမီးရင်ထဲက ဆန္ဒပါ။ ပရိသတ်ကြီးကို သမီးပြောချင်တာက မန္တလေးက အရမ်းပျော်စရာကောင်းပါတယ်။ ရင်းနှီးနွေးထွေးပါတယ်။ ဒေသခံတွေကလည်း အရမ်းခင်တတ်ပါတယ်။ ခင်မိပြီဆိုရင် ကိုယ်ရောစိတ်ပါ ပေါင်းတတ်တယ်။ သမီးတို့ မန္တလေးကို သမီးရှိရှိ၊ မရှိရှိ လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Credit: အတာ (7Day News Journal, Vol. 8, No.37)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ