this site the web

1096..မိတ်ကပ် ခင်စန်းဝင်း( မကြီးစန်း ) နှင့် အေးမြတ်သူ တို့ရဲ့ အတိုင်အဖောက် ( 10.9.10 )

 
http://www.myanmar.mmtimes.com/2010/timeout/460/khinsanwin.gif

အေးမြတ်သူ


        အရင်က ကျွန်တော့်ကို မကြီးစန်းပဲ ပင်တိုင် လိမ်းပေးတာ။ ရှုတင် မသွားခင် ဆိုင်မှာ ဝင်လိမ်းတယ်။ ရှုတင် သွားရင်တော့ မကြီးစန်းက သူ့တပည့် တွေကို ထည့်ထည့် ပေးလိုက်တာ။ အဲဒီ ကတည်းက သူသူနဲ့ မကြာခဏ ဆုံဖြစ်တယ်။ အခုတော့ သူပဲ တောက်လျှောက် လိမ်းပေးနေတာ။ မကြီးစန်း ကတော့ အရေးကြီးတဲ့ ပွဲတွေလောက်ပဲ လိမ်းပေး ဖြစ်တော့တယ်။ အခု သူသူနဲ့လိမ်းနေတာ ရှစ်လ၊ ကိုးလ လောက်တော့ရှိပြီ။ သူနဲ့က ဇာတ်ကား ရိုက်တဲ့ အခါ တွေရော တောက်လျှောက် လိမ်းဖြစ် နေတာပေါ့။

သူသူနဲ့က နေ့တိုင်းတော့ ကောင်းနေ(တည့်နေ)တာပဲ။ အမှတ်တရ ရယ်လို့တောင်မရှိဘူး။ စစ နောက်နောက်နဲ့ နေတာများတယ်။ တစ်ခါမှလည်း စိတ်မကောက်ဖူး ဘူး။ မိန်းမချင်းလည်း ဖြစ်နေတော့ သူငယ်ချင်းပေါင်း ပေါင်းကြတာပေါ့။ တစ်ခါတလေ ကျတော့လည်း တီးတိုး တိုင်ပင် ဖော်ရတယ်။ ကိုယ်ပြဿနာ ဖြစ်ရင်တောင် သူသူရေ...လာရှင်း ပါဦးပေါ့(ရယ်လျက်)။ မိန်းကလေး မိတ်ကပ် ဆရာနဲ့ တစ်ခါမှ မလိမ်းဖူးဘူး။http://img184.imagevenue.com/loc415/th_45149_IMGJ4PQTFQVHT_122_415lo.jpg

ကျွန်တော် မိတ်ကပ် ဆရာကို complain မတက်ဖူးဘူး။ မော်နီတာ ထဲမှာ ကြည့်လို့ မျက်လုံး မညီတာမျိုး၊ ပါးနီ လျော့နေတာမျိုးပဲ ပြောတယ်။ တချို့ လုပ်နေတုန်း ကတော့ အကောင်းပဲ။ ကိုယ်က သွားလော လိုက်တာမျိုး၊ ဟိုဟာ မကြိုက်၊ ဒီဟာ မကြိုက်ဘူး ဆိုပြီး သွားပြော လိုက်ရင် လက်တွေ တုန်လာပြီး ကိုယ်လည်း ပိုရုပ်ဆိုး သွားတတ်တယ်။ ကျွန်တော် ကတော့ လှမယ် ထင်ရင်လုပ် ဆိုပြီး တော့ပဲခွင့်ပြုထားတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရှိရင်တော့ မလိမ်းခင် ကတည်းက တစ်ခါတည်း ပြောထား လိုက်တာ။ ပြင်နေရင် ဘာမှ မပြောတော့ဘူး။ ပြောလိုက်ရင် မမှားသေးတဲ့ သူကို မှားအောင် လုပ်လိုက် သလိုဖြစ်မှာစိုးလို့ပါ။
ကျွန်တော့်နောက် လိုက်ပေးကြတဲ့ မိတ်ကပ် ဆရာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmiDA0V8d3WswWmFmAVnWWLwBmnR4AG5wu8txXoM97M4ZJBOFx0ociNzWZAS3YN5drm4OkMKGCYUmT1MkeGg3TBC9gYCFDDTI3CoPxWLfGxk_RV54iL1EFoFSaw2ziLGyuUu75pvrgUWdW/s320/+%E1%80%B1%E1%80%A1%E1%80%B8%E1%80%BB%E1%80%99%E1%80%90%E1%80%B9%E1%80%9E%E1%80%B0++(4).jpgတွေကတော့ သူ့အယူအဆ နဲ့သူ ကိုယ်စီ ကိုယ်စီတော့ အဆင်ပြေ ကြပါတယ်။ သူသူရဲ့ အားသာချက် ကတော့ မျက်လုံးကို အရင့်ပဲ ခြယ်ခြယ်၊ အနုပဲခြယ်ခြယ်၊ ဘယ်ကာလာပဲ လိမ်းလိမ်း အကုန် အဆင်ပြေပါတယ်။ သူ အများဆုံး ခြယ်ပေး ဖြစ်တာက ရွှေရောင်ပဲ။ ပန်းရောင်လည်း လှတယ်။
ကျွန်တော် အရင်ကဆို allergic ဖြစ်ဖူးတယ်။ မျက်နှာမှာ ဆားဝက်ခြံတွေ၊ ဝက်ခြံကြီးတွေ လည်း များလာတယ်။ အဲဒါက မိတ်ကပ်ကို စင်အောင် မဖျက်တဲ့ အကျိုးပေါ့လေ။ အခုမှ အဆင်ပြေ သွားတာ။ ဒါကြောင့် မိတ်ကပ် လိမ်းတဲ့ သူတွေ မိတ်ကပ်ကို ပြောင်အောင် ဖျက်သင့်တာပေါ့။ Skin Care အနေနဲ့က တော့ မန္တလေးက Total Skin Care နဲ့လည်း ပြတယ်။ IHBC က Kamacan ဆေးခန်းမှာ လည်း ပြတယ်။ ကျွန်တော့်ရဲ့ မျက်နှာ စောင့်ရှောက်မှုက အဲဒီ ဆေးခန်း နှစ်ခုပေါ်မှာ မူတည်တယ်။ မျက်နှာတော့ ပေါင်းမတင်ဖြစ်ဘူး။

        
ကျွန်တော် မိတ်ကပ် ဆရာကို complain မတက်ဖူးဘူး။ မော်နီတာ ထဲမှာ ကြည့်လို့ မျက်လုံး မညီတာမျိုး၊ ပါးနီ လျော့နေတာမျိုးပဲ ပြောတယ်။ တချို့ လုပ်နေတုန်း ကတော့ အကောင်းပဲ။ ကိုယ်က သွားလော လိုက်တာမျိုး၊ ဟိုဟာ မကြိုက်၊ ဒီဟာ မကြိုက်ဘူး ဆိုပြီး သွားပြော လိုက်ရင် လက်တွေ တုန်လာပြီး ကိုယ်လည်း ပိုရုပ်ဆိုး သွားတတ်တယ်။ ကျွန်တော် ကတော့ လှမယ် ထင်ရင်လုပ် ဆိုပြီး တော့ပဲခွင့်ပြုထားတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရှိရင်တော့ မလိမ်းခင် ကတည်းက တစ်ခါတည်း ပြောထား လိုက်တာ။ ပြင်နေရင် ဘာမှ မပြောတော့ဘူး။ ပြောလိုက်ရင် မမှားသေးတဲ့ သူကို မှားအောင် လုပ်လိုက် သလိုဖြစ်မှာစိုးလို့ပါ။
ကျွန်တော့်နောက် လိုက်ပေးကြတဲ့ မိတ်ကပ် ဆရာ တွေကတော့ သူ့အယူအဆ နဲ့သူ ကိုယ်စီ ကိုယ်စီတော့ အဆင်ပြေ ကြပါတယ်။ သူသူရဲ့ အားသာချက် ကတော့ မျက်လုံးကို အရင့်ပဲ ခြယ်ခြယ်၊ အနုပဲခြယ်ခြယ်၊ ဘယ်ကာလာပဲ လိမ်းလိမ်း အကုန် အဆင်ပြေပါတယ်။ သူ အများဆုံး ခြယ်ပေး ဖြစ်တာက ရွှေရောင်ပဲ။ ပန်းရောင်လည်း လှတယ်။https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaCr72UoARGY5VxQcq-KAFZbSbLjbrLIpJKWjNIiUXUWz8rCAJXQwWaulV6R29Zq40wh0D99eTH1qq9pqiehttn7ARnS4AslUFng1KqH1VLK61pzq9-D5TTL9VmB7Fe07JhL_2Bng57hB/s320/+%E1%80%B1%E1%80%A1%E1%80%B8%E1%80%BB%E1%80%99%E1%80%90%E1%80%B9%E1%80%9E%E1%80%B0++(8).jpg
ကျွန်တော် အရင်ကဆို allergic ဖြစ်ဖူးတယ်။ မျက်နှာမှာ ဆားဝက်ခြံတွေ၊ ဝက်ခြံကြီးတွေ လည်း များလာတယ်။ အဲဒါက မိတ်ကပ်ကို စင်အောင် မဖျက်တဲ့ အကျိုးပေါ့လေ။ အခုမှ အဆင်ပြေ သွားတာ။ ဒါကြောင့် မိတ်ကပ် လိမ်းတဲ့ သူတွေ မိတ်ကပ်ကို ပြောင်အောင် ဖျက်သင့်တာပေါ့။ Skin Care အနေနဲ့က တော့ မန္တလေးက Total Skin Care နဲ့လည်း ပြတယ်။ IHBC က Kamacan ဆေးခန်းမှာ လည်း ပြတယ်။ ကျွန်တော့်ရဲ့ မျက်နှာ စောင့်ရှောက်မှုက အဲဒီ ဆေးခန်း နှစ်ခုပေါ်မှာ မူတည်တယ်။ မျက်နှာတော့ ပေါင်းမတင်ဖြစ်ဘူး။

           မိတ်ကပ်ကို ကျွန်တော် brand သုံးမျိုးလောက် ခွဲပြီးလိမ်းတယ်။ ကားကြီး ရိုက်တာနဲ့ ဗီဒီယိုနဲ့က မိတ်ကပ် လိမ်းရတာချင်း မတူသလို ဓာတ်ပုံ ရိုက်ရင်လည်း အဲဒီအတိုင်းပဲ။ အခု နောက်ပိုင်း ဓာတ်ပုံ ရိုက်တဲ့အခါ Revlon က ထုတ်တဲ့ Photo မိတ်ကပ်ကို လိမ်းတယ်။ ဗီဒီယိုကား ဆိုရင် Channel သုံးတယ်။ Channel က ဖြူတဲ့ဘက် သွားလို့ ဗီဒီယို ရိုက်ရင် သုံးတာ။ ရုပ်ရှင်ကျတော့ အညိုဘက် သမ်းတာကို လိမ်းပေးရတော့ Channel ကိုပဲ လိမ်းတယ်။ ကျွန်တော် ကတော့ အဲဒီလိုပဲ ခွဲလိမ်းတယ်။
Hosted by FreeImageHosting.net Free Image Hosting Serviceအသားအရေ အတွက် အစား အသောက် ရှောင်တာ မျိုးတော့ သိပ်မရှိဘူး။ အရင်က Sea Food စားတယ်။ မျက်နှာမှာ allergic တွေ၊ ဝက်ခြံတွေ ထွက်ပြီးတဲ့ နောက်မှာ ပင်လယ်စာကို ရှောင်လိုက်တယ်။ အလှအပနဲ့ ပတ်သက်လို့ ပြောရ မယ်ဆိုရင် Skin Care က ရေရှည်မှာ အသားအရေ အတွက် အရေးကြီးလို့ Skin Care ကိုတော့ ဦးစား ပေးသင့်တယ်။ မိတ်ကပ် ဆိုတော့ လှတယ်လို့ ပြောပေမဲ့ ကိုယ်နဲ့ တည့်တဲ့ brand ကိုတော့ စွဲစွဲမြဲမြဲ သုံးပါလို့ ပြောချင် ပါတယ်။

         
ဘယ်သူပဲ ဖြစ်ဖြစ် မိတ်ကပ် လိမ်းမယ် ဆိုရင် ကိုယ့် puff နဲ့ကိုယ် ဆိုရင် ပိုကောင်း ပါတယ်။ မိတ်ကပ် ဆရာ တွေက တစ်ရက်ခြား တစ်ခါ လျှော်ကြပေမဲ့ တစ်ခါ တလေ အလုပ်များလို့ မလျှော်ဖြစ်တာ တွေလည်း ရှိတတ်တယ်။ ဒါကြောင့် ကိုယ့် puff နဲ့ကိုယ် ဝယ်ထားပြီး လိမ်းကြပါလို့လည်း ပြောချင်ပါတယ်။
နှုတ်ခမ်းနီ ဆိုရင်လည်း ကိုယ်က နှုတ်ခမ်းကြီးလား၊ သေးလား ဆိုတာ အရင်ဆုံး သိသင့်ပါတယ်။ နှုတ်ခမ်း ကြီးရင် Gloss တွေ ဘယ်လောက်ပဲ ခေတ်စား ခေတ်စား မဆိုးပါနဲ့။ Gloss ဆိုးရင် နှုတ်ခမ်း ပိုထော် ပိုကြီးသွားလို့ပါ။ နှုတ်ခမ်းနီ အခြောက်ကိုပဲ ရွေးချယ် ဆိုးသင့် ပါတယ်။
ညအိပ်ရာ မဝင်ခင်မှာ Night Cream ကိုလည်း လိမ်းပေး သင့်ပါတယ်။ ကျွန်တော်ဆို Night Cream လိမ်းပြီး အိပ်တဲ့နေ့ မနက်ပိုင်း ဆိုရင် မှန်ထဲ ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ မျက်နှာလေးက ပြောင်တင်းပြီး ကြည်နေတာပဲ။ ဒါတွေက ကျွန်တော် တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေပြီး ပြောပြ လိုက်တာပါ။
ယောကျာ်းလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် လှပဖို့ထက် စိတ်ချမ်းသာဖို့က ပိုအရေးကြီးပါတယ်။ ပရိသတ်ကြီးလည်း စိတ်ချမ်းသာအောင် နေပါလို့။ စိတ်ချမ်းသာရင် ကိုယ့်ရဲ့ ရုပ်ကိုက အလိုလို နေရင်း ကြည်နေ တာလေ။ ရုပ်က ကြည်နေရင် အလှမပြင်ဘဲ နဲ့ကို လှနေပါတယ်လို့ ပြောချင် ပါတယ်။
မိတ်ကပ်သူသူ (ခင်စန်းဝင်း)

Hosted by FreeImageHosting.net Free Image Hosting Service
မိတ်ကပ် ပညာကို ငယ်ငယ်က တည်းက ဝါသနာ ပါတာ။ ဆယ်တန်း အောင်ပြီးတာနဲ့ အမေ့ဆီမှာ သင်တန်း လာတက်ရင်း အခုချိန်အထိ နေဖြစ်တာပေါ့။ အမေ့ဆီ ရောက်တာက ၂၀ဝ၁ ခုနှစ် ကပေါ့။ အမေ့ဆီမှာ သင်တန်း တက်ရင်း နဲ့ အမေက မင်းသမီး တွေနောက် ထည့်ပေးရင်း ကနေ အခု အေးမြတ်သူရဲ့ မိတ်ကပ်ဆရာ ဖြစ်လာခဲ့တာပေါ့။ အရင်ဆုံး လိုက်ဖြစ်တာက ပုလဲဝင်းနဲ့။ သူသူ အများဆုံး လိုက်ပေးဖူးတာက သင်ဇာဝင့်ကျော်ရယ်၊ မိုးဟေကိုရယ်၊ မိုးယုစံ ရယ်ပါ။ အခု အေးမြတ်သူရဲ့ မိတ်ကပ် ဆရာ ဖြစ်နေတာ ရှစ်လ ကျော်ရှိပြီ။
ပုလဲ နောက်ကို လိုက်တုန်း ကဆို ရှုတင် ဆိုတာလည်း တစ်ခါမှ မသွားဖူးဘူး။ သင်တန်းသူပဲ ရှိသေးတော့ မရဲဘူး ဖြစ်နေ တာပေါ့။ အခန်းမှာဆို သင်တန်း သူအချင်းချင်းပဲ လိမ်းပေး ရတာလေ။ ရှုတင်မှာ ကျတော့ လူအများကြီး တွေကြားမှာ မင်းသမီးကို လိမ်းပေး ရတာ ဆိုတော့ လက်မရဲဘူး။ တွန့်ဆုတ်၊ တွန့်ဆုတ် ဖြစ်နေ တာပေါ့။ အဲဒီတုန်းက အမေက ပုလဲကို ဆိုင်မှာ ပြင်ပေး လိုက်တယ်။ သူသူက touching ပဲ လိုက်ပေး ရတာ။ ဒါတောင် သိပ်မရဲဘူး ဖြစ်နေ ခဲ့တာ။

        
မိတ်ကပ် ပညာရှင် ဖြစ်ရတဲ့ အတွက် ကျေနပ် ပါတယ်။ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်လည်း အရမ်း ကျေနပ်ပါတယ်။ မိတ်ကပ် ဆရာတွေမှာ မိန်းကလေး မိတ်ကပ် ပညာရှင် ဆိုတာ နည်းတယ်လေ။ ဒါကြောင့် ကြိုးစားခဲ့ရ ပါတယ်။ အမေစန်း လိမ်းတာ ကိုလည်း ကြည့်ရသလို ကိုယ့်ရှေ့က စီနီယာတွေ လိမ်းတာ ကိုလည်း ကြည့်ရပါတယ်။ ပြီးရင် ကိုယ့်မင်းသမီးကို အလှဆုံးဖြစ်အောင် ပြန်လိမ်း ပေးရတာပေါ့။ သူသူက ဒီအလုပ်ကို အရမ်း ဝါသနာ ပါလို့သာ အမေစန်းက ခေါ်ထားတာ။ အဲဒီတုန်းက မိန်းကလေး မိတ်ကပ်ပညာကို သင်တာ ဆိုလို့ ဆိုင်မှာ နှစ်ယောက်၊ သုံးယောက် လောက်ပဲ ရှိကြ တာ။ သင်တန်းသူ အချင်းချင်း လည်ပင်းတွေ၊ လက်တွေ ညီအောင် လိမ်းပေးရတာမျိုးပဲ ရှိခဲ့တာ။ ပြီးတော့ အမေတို့ ပြင်တာကို ကြည့်ပေါ့ နော်။ သင်တန်းသူ ဘဝနဲ့ မင်းသမီးတွေ နောက်ကို အမေက ထည့်ပေး ရင်းနဲ့ပဲ အခုလို ဖြစ်သွား တာပေါ့။
အခု အေးမြတ်သူကို ဇာတ်ကားရိုက်ရော၊ ဓာတ်ပုံ ရိုက်တာရော ကိုယ်ပဲ တောက်လျှောက် လိမ်းပေး ဖြစ်နေတာပါ။ အဲဒီ ကတည်းက သူသူ လိမ်းတာ အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ မန္တလေးမှာ နေမင်း နဲ့ ရိုက်ခဲ့တဲ့ `မမေ့မယ့်မိုး'၊ `မြစ်ကျိုးအင်း' ကားတွေမှာ လိမ်းပေးခဲ့တဲ့ မိတ်ကပ်ကို ကြိုက်ပါတယ်။ မဂ္ဂဇင်း ကြော်ငြာ တွေအတွက် သူသူ လိမ်းပေးရတာတော့ နည်းနေ သေးတယ်။ အေးမြတ်သူနဲ့ လိုက်တဲ့ Eye shadow အရောင်က ရွှေရောင်ပဲ။ ရွှေရောင်ခြယ် ပေးတာ များတယ်။ အခု နောက်ပိုင်းတော့ ပန်းရောင် ပြောင်းခြယ် ပေးတယ်။ ကာရိုက်တာ ပေါ်မူတည်ပြီး ခြယ်ပေး ရပေမဲ့ အဲဒီ နှစ်ရောင် ကတော့ အများဆုံး ခြယ်ပေး ဖြစ်တယ်။

အေးမြတ်သူရဲ့ အားသာချက်က သူ့ မျက်လုံးက Eye Shadow ဘယ်အရောင် ပဲခြယ်ခြယ် အဆင် ပြေတယ်။ မျက်လုံးကို Eye Shadow ဒင်းတွေ ခြယ်လိုက်ရင် ရုပ်က အရမ်းပြောင်း သွားတာ။ အိုင်းရှဲဒိုး အမည်းရောင်ကို ဖျော့ဖျော့လေး ပဲဆိုးဆိုး၊ ဒင်းပဲခြယ်ခြယ် သူနဲ့လိုက်တယ်။ အေးမြတ်သူ နှုတ်ခမ်းက နည်းနည်း ထူတော့ အဆီ ဆိုးမပေးဘူး။ နှုတ်ခမ်းနီ အခြောက်ပဲ ဆိုးတာ များတယ်။ မျက်လုံး တစ်ဖက်က မျက်ရစ် သိပ်မရှိတော့ ညှိပြီးတော့ ထည့်ပေးရတယ်။ အဲဒီ လောက်ပါပဲ။ ကျန်တာက အားလုံး အဆင်ပြေ ပါတယ်။

အမေစန်း ဆုံးမတာ တွေကတော့ အများကြီးပဲ။ အမေကလည်း စည်းကမ်း အရမ်း ရှိတယ်။ မိတ်ကပ် လိမ်းရင် စေတနာ ထားပြီး လိမ်းပါ၊ အမေ့အတိုင်း အောင်မြင်အောင် ကြိုးစားပါဆိုပြီး အမြဲဆုံးမ နေခဲ့တာ။ အမေစန်းရဲ့ ဆုံးမစကားကို နားထောင်ပြီးတော့ သူသူတို့အနေနဲ့ အခုချိန်မှာ ကြိုးစား နေတဲ့ မိတ်ကပ် ဆရာ တစ်ယောက် ပါပဲ။

မိန်းကလေးတွေ အနေနဲ့ အပြင် သွားသွား လာလာတွေမှာ မိတ်ကပ် ပါးပါးလေးတွေ လိမ်းခြယ် တတ်ရင်တော့ အကောင်းဆုံးပေါ့။ မိတ်ကပ် လိမ်းထားတော့ ကျော့ကျော့ မော့မော့လေး ဖြစ်တာပေါ့။ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှု ရှိစေချင် ပါတယ်။

မြတ်စုလွင်(မဟာဝိဇ္ဇာ)

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ