this site the web

1084..မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကို ကုမ္ပဏီ အား လွှဲပြောင်း ပေးမည် ( 8.9.10 )

 
 http://www.mymcnews.net/news/images/stories/1we5473.jpg      

          ၂၀၀၉ ခုနှစ် ကုန်ပိုင်းမှ စတင်ကာ အဆောက် အအုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့ သကဲ့သို့  ၀န်ဆောင်မှု တချို့ကိုလည်း လုပ်ပိုင်ခွင့် လွှဲပြောင်းပေး ခြင်းများ ရှိခဲ့ရာ  E -Lite ကုမ္ပဏီ  ၂ ခုက ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

        ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Central Marketing ကုမ္ပဏီသည် CDMA 800 MHZ မိုဘိုင်းဖုန်းများ  ထုတ်လုပ်ရောင်းချနေပြီး E – Lite ကုမ္ပဏီသည်လည်းဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည်။

            E -Lite   ကုမ္ပဏီက တာဝန်ယူပြီး ၇၁ - ၇၂ နဲ့ စတဲ့  ခြင်းဖုန်းတွေ အပါအ၀င် နံပါတ် ၉၉၊ ၈၀ နဲ့စတဲ့ ဖုန်းတွေအကုန်လုံးကို တဖြည်းဖြည်းချင်းစီ CDMA 450 ကမ်းရိုးတန်း ဖုန်းတွေနဲ့ လဲပေးသွားဖို့စီစဉ်နေပြီ" ဟု မြန်မာ့ဆက်သွယ်ရေးမှ အရာရှိက ဆိုသည်။

         မိုဘိုင်းဖုန်းအနေနှင့် CDMA နှင့် GSM အမျိုးအစားများသာ ထားရှိ သွားရန် စီစဉ်မည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှု လုပ်ပိုင်ခွင့်ကို လွှဲပြောင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သူက ဧရာဝတီကို ပြောသည်။

            ၎င်းက ဆက်လက်၍ "ကမ်းရိုးတန်းဖုန်းဆိုပြီး အရင် ZTE ဆိုတဲ့ တရုတ်ကုမ္ပဏီတခုနဲ့ လုပ်လိုက်သေးတယ်။၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့ တည်ဆောက် မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

           တယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်းအား ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းပြီးနောက်တွင် ပိုမိုမြန်ဆန်ကောင်းမွန်လာမည်ဟု မျှော်လင့် ကြောင်းလည်း သူက ဆိုသည်။

            လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အလုံးရေ ၈၆၆ ၀၈၄၊ ARTS ရေဒီယို တယ်လီဖုန်း အလုံးရေ ၃၈၅၆၊ DECT ရေဒီယို တယ်လီဖုန်းအလုံးရေ ၁၉၄၉၊ CDMA (Fixed) တယ်လီဖုန်း အလုံးရေ ၂၀၀၃၈၊ CDMA (Mobile) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅၀၊ CDMA 800 တယ်လီဖုန်း အလုံးရေ ၁၅၀၀၀၀၊ D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀၀၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀၀ နှင့် McWLL တယ်လီဖုန်းအလုံးရေ ၅၀၀၀၀ တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။

            စီးပွားရေး ၀န်ဆောင်မှုလုပ်ငန်းများထဲမှ ပုဂ္ဂလိကပိုင်အဖြစ်သို့ မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စုစုပေါင်း ၄ ခုတို့ကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။

စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခွင့် ရရှိထားသူလည်း ဖြစ်သည်။

Credit :ဧရာဝတီ


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ