this site the web

1081..မီးလောင်နေသော် ရေနံတူးစင်မှ အလပ်သမားများအား အောင်မြင်စွာ ကယ်ဆယ်နိုင်ခြင်း ( 8.9.10 )

 
မာလိန်မှူးအဖြစ် ဆောင်ရွက်ခဲ့သည့်အနှစ် ၂၀ အတွင်း ဒဲန်းရှော (Dan Shaw) သည် ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့လုံးအား ရေထဲမှ ကယ်ထုတ်ရန် ကြိုးစားရခဲ့ဘူးခြင်း မရှိခဲ့ပါ။ သို့ရာတွင် လွန်ခဲ့သော ကြာသပတေး (၃.၉.၂၀၁၀) နေ့တွင်မူ မီးလောင်နေသည့် ရေနံတူးစင်မှ ဝန်ထမ်း ၁၃ ယောက်တို့ ပင်လယ်ထဲတွင် မျောနေကြောင်း ရေဒီယို ဆက်သွယ်ရေး သတိပေးချက်ကို ရရှိခဲ့သည်။ ထိုသူတို့သည် မီးလောင် နေသော ရေနံတူးစင်နှင့် မလှမ်းမကမ်း လှိုင်းထနေသော ပင်လယ်ရေစီးကြောင်းတွင် ပါရှိနေကြသည်။


ပေါက်ကွဲမှု ဖြစ်ခဲ့သော ရေနံတူးစင်မှ ကယ်ဆယ်ခဲ့သော ဝန်ထမ်းနှစ်ဦး (ဘယ်) ကမ်းစောင့်တပ်ရဟတ်ယာဉ်မှ လျှောက်လာသည်ကို လူဝီစီယားနားပြည်နယ် အထွေထွေ ဆေးကုသရေးစခန်း Houma ရှိ Terrebonne General Medical Center ၏ ခေါင်မိုးပေါ်တွင် ကြာသပတေးနေ့က တွေ့ရစဉ်

သူ၏ သင်္ဘောမှာ ထိုသူတို့နှင့် ၂၅ မိုင်အကွာအဝေးတွင် တည်ရှိနေရာ၊ သူတို့နှင့် နီးသော သူများတွင် အပါအဝင် ဖြစ်သည်။ ထိုသူတို့ သွားရောက်ကယ်ဆယ်ရန် သူထွက်ခွာခဲ့သည်။ ပေ ၁၀၀ ရှည်သော ဝန်ဆောင်မှု ရေယာဉ် ခရစ်ဇယ်လ် ခလီးယား (Crystal Clear) ပေါ်ရှိ ဝန်ထမ်း ၄ ယောက်တွင် တစ်ဦးဖြစ်သော မာလိန်မှူးရှော (Captain Shaw) အသက် ၅၉ နှစ် က တစ်ယောက်မှ အဆုံးအရှုံး မရှိစေရန် ထိုသူတို့ထံ အမြန်ရောက်လိုကြောင်း ပြောသည်။

ခရစ်တတယ်လ်စလီးယား(Crystal Clear) သည် နံနက် ၁၁ နာရီခန့်တွင် ထိုသူတို့ ရှိရာသို့ရောက်ခဲ့သည်။ ထိုအချိန်တွင် ထိုသူတို့မှာ မီးလောင်နေဆဲ ဖြစ်သော ရေနံတူးစင်မှ တစ်မိုင်အကွာသို့ မျောပါသွားကြပြီး ဖြစ်သည်။ ထိုသူတို့မှာ အအေးဒဏ်မှ ကာကွယ်ရန် ရေငုတ်သမားများဝတ်သည့် ဝတ်စုံကဲ့သို့သော (wet suit) များ ဝတ်ဆင်ထားပြီး အသက်ကယ် ဝတ်စုံ (life jacket) ကိုလည်း ဝတ်ဆင်ထားသည်။

လူချင်းကွဲမသွားစေရန် လက်များလည်း ချိတ်ထားကြသည်။ လူဝီစီးယားနားပြည်နယ် (Louisiana) ၏ ကမ်းခြေမှ မိုင် ၈၀ အကွာ ရေပြင်မှာ အပူချိန် ၉၆ ဒီဂရီ ဖာရင်ဟိုက်ရှိရာ အအေး ဒဏ်ထက် ပို၍ စိုးရိမ်ရသည်မှာ အားကောင်းသော ဒီလှိုင်းနှင့် မီးလောင်နေသော ရေနံတူးမျှော်စင်တို့ ဖြစ်သည်ဟု ကမ်းခြေစောင့်တပ် (Coast Guard) မှ ပြောသည်။ ကယ်ဆယ်ရေး စတင်ပြီး မကြာမီတွင် ကမ်းခြေစောင့်တပ်လည်း ရောက်ရှိလာခဲ့ပြီးနောက် ရဟတ်ယာဉ် အကူအညီပေးခဲ့သည်။

ရေအပူချိန်မှာ ၈၆ ဒီ၈ရီ ဖာရင်ဟိုက်ရှိသဖြင့် ရေချိုးသည့် ရေနှင့် အတူတူ နီးပါး ဖြစ်သည်ဟု ကမ်းခြေစောင့်တပ် (Coast Guard) ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အယ်လိဇဘက်သ် ဗောဒလွန် (Elizabeth Bordelon) က ပြောသည်။

ခရစ်စတယ်လ် ခလီးယား (Crystal Clear) ရေယာဉ်သည် ဆယ်ယူခဲ့သော လူ ၁၃ ယောက်အား အနီးရှိ ရေနံတူးစင်တစ်ခုသို့ ပို့ပေးခဲ့ရာ ၎င်းမှတစ်ဆင့် လူဝီစီယားနား (Louisiana) ပြည်နယ် (Houma) သို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သည်။ ဒဏ်ရာ အနည်းရသူ တစ်ဦးရှိသည်ဆိုသည့် သတင်းနှင့် ဒဏ်ရာရသူမရှိဆိုသည့် သတင်းနှစ်မျိုးမှာ ကမ်းစောင့်တပ် (Coast Guard) နှင့် အခြားမျက်မြင်သက်သေများကြားတွင် ကွဲလွဲနေသည်။

ယခု အဖြစ်အပျက်တွင် မီးလောင်သော ရေနံတူးစင်အား စွန့်ခွာခြင်းနှင့် ယခု ကယ်ဆယ်ရေး လုပ်ငန်းမှာ ချောမွတ်စွာ ပြီးစီးသွားသဖြင့် ဧပြီလတွင် မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံယိုစိမ့်မှု ဖြစ်သော Deepwater Horizon မှ အဖြစ်အပျက်နှင့် နှိုင်းယှဉ်စရာ ဖြစ်နေသည်။ Deepwater Horizon တွင် အသက်ကယ် ဖောင်များရှိ ကြိုးများ ရှုပ်နေရာ ထိတ်လန့်တကြား ဖြစ်နေသော ဝန်ထမ်းများမှာ ဖောင်များအား ဖြတ်ထုတ်ရန် ဒါးရှာမရ ဖြစ်နေသည်ဟု သက်သေများက ပြောကြသည်။

ကြာသပတေးနေ့ မီးလောင်မှု ဖြစ်ပွားသည့် ကိစ္စတွငိမူ ဝန်ထမ်းများသည် ထိတ်လန့်သွားခဲ့ပုံ ရသော်လည်း အရေးပေါ် လုပ်ဆောင်ချက်များအား ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့သည်ဟူ မာလိန်မှူးရှော (Captain Shaw) က ပြောသည်။ သူက ဖြည့်စွက်ပြောကြားရာတွင် ထိုသူများသည် အေးဆေးတည်ငြိမ်စွာ ရှိခဲ့သည်။ မည်သူမျှ ထိတ်လန့်တကြားမရှိခဲ့ကြပေ။

အခြေအနေမှာ ထိုစဉ်က ဖြစ်ခဲ့သည်ထက် ပို၍ ဆိုးသွားနိုင်သည်။ ရှိခဲ့သော အခြေအနေတွင် ထိုသူများအတွက် အကောင်းဆုံး ဖြစ်ခဲ့သည်။ ပုံမှန်အားဖြင့် ရေနံ တူးဖော်ရေး ဝန်ထမ်းများအား အရေးပေါ် ကယ်ဆယ်ရေး သင်တန်းများပေးထားကြသည်။ နေ့စဉ်တွေ့ကြုံရသော ကိစ္စမျိုး မဟုတ်သော်လည်း အရေးကြုံလာပါက သက်လုံ ကောင်းရန် လူတိုင်အား သင်တန်းများ ပေးထားကြသည်။

ရေနံတူးစင် မီးလောင်မှု၊ မက္ကဆီကို ပင်လယ်ကွေ့ တစ်ဝိုက်မှာ စိတ်သောက ဖြစ်စေ ကြာသပတေးနေ့တွင် မီးလောင်သော မက္ကဆီကို ပင်လယ်ကွေ့ တွင်းရှိ ရေနံနှင့် ဓာတ်ငွေ့တူးဖော်ရေးစင်အား သင်္ဘောငယ်များက ရေပက်ဖြန်းနေစဉ်

နယူးအော်လီးန်စ်-မက္ကဆီကို ပင်လယ်ကွေ့ရှိ ရေနံတူးစင်တစ်ခု ကြာသပတေးနေ့တွင် မီးလောင်မှု ဖြစ်ပွားရာ ဝန်ထမ်း ၁၃ ဦးမှာ စင်အား စွန့်ခွာပြီး ပင်လယ်တွင်းသို့ ဆင်းပြီး တိမ်းရှောင်ခဲ့ရသည်။ ယခင်က Deepwater Horizon ရေနံတူးစင်မှ ရေနံယိုဖိတ်မှု ဒဏ်မှ ပြန်လည်နာလံထူခါစ ကမ်းခြေတစ်ဝိုက်တွင် စိတ်ပူပင်သောကများ ပေါ်ပေါက်ခဲ့ရသည်။


Panic Kept at Bay in Smooth Rescue Mission

In his 20 years as a boat captain, Dan Shaw had never tried to rescue an entire crew out of the water. But on Thursday, he received a radio alert that 13 workers from an oil platform that caught fire in the Gulf of Mexico were bobbing in choppy, fast-flowing waters not far from the flames.

His boat was 25 miles away, one of the nearest to the scene of the emergency, and he volunteered to find the floating workers.

"We wanted to get to them as fast as we could and make sure we didn't lose anybody," said Captain Shaw, 59, one of four workers aboard a 100-foot service vessel, the Crystal Clear.

By the time he arrived around 11 a.m., he said, the men had been floating for two hours and had been swept a mile from the still-flaming platform.

They were wearing protective wet suits and life jackets and linking arms. The Coast Guard said that fortunately the surface temperature was 86 degrees, about 80 miles off the Louisiana coast. The temperature of the ocean water was less of a safety concern than the strong tides and the fire on the platform, according to the Coast Guard, which arrived shortly after the rescue began and provided emergency helicopters for the evacuation.

"It's 86 degrees, pretty much like bath water," said Elizabeth Bordelon, a spokeswoman for the Coast Guard.

The men were pulled into the Crystal Clear, then transported to a nearby oil rig and flown by helicopter to a hospital in Houma, La. There were conflicting reports from the Coast Guard and witnesses about whether one worker or none had been slightly injured.

The apparently smooth rescue provided a stark contrast to the evacuation of the Deepwater Horizon oil rig in April, which set off the oil spill in the gulf. In that disaster, witnesses have testified, life rafts became tangled and panicked workers could not find knives to cut themselves free.

After Thursday's fire, Captain Shaw said, the workers appeared a bit shaken and unnerved, but were following emergency procedures.

"They all were remaining calm," he said. "Nobody looked panic stricken."

He added: "It could have been a more dangerous situation. It turned out the best it could for these guys."

Oil field workers are trained for this type of rescue. "This isn't something that happens every day," he said. "But everyone out here trains for this just in case."



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ