this site the web

1078.. Webmin Installation in Ubuntu Linux ( 7.9.10 )

 


            Webmin ဆိုတာ web-based interface for system administration ပါ။ web-based ဆိုတော့ GUI ဖြစ်တဲ့ Graphic User Interface ရော

သိကြမယ်ထင်ပါရဲ့ ။ GUI ဆိုတာက လင်းနက်စ်မှာ ကျွန်တော်တို့ အလွယ်တကူသုံးနိုင်အောင် graphic ကြားခံပြီး လုပ်ဆောင်တာပေါ့ ။


GUI နဲ့ဆို ကျွန်တော်တို့ လင်းနက်စ်မှာ ဘာသုံးသုံး အလွယ်တကူသုံးနိုင်တယ်လေ ။ squid proxy လိုကျတော့ command တွေနဲ့ လုပ်ရတော့

 ဘာလုပ်ဆောင်နေတယ်ဆိုတာ မျက်စိထဲ မမြင်ရဘူးဗျ ။ အဲလိုပဲ FTP Server တို့ စသဖြင့် command တွေနဲ့ လုပ်ဆောင်ရတာတွေကို

GUI လိုမျိုး အလွယ်တကူလုပ်ဆောင်နိုင်ဖို့ ၊ ဒီ webmin ဆိုတဲ့ web-based interface လေးက စွမ်းဆောင်နိုင်ပါတယ်။



      အင်စတောဖို့အတွက် terminal ကနေ အင်စတောနိုင်သလို ၊ .deb ဖိုင်ကို ဒေါင်းပြီးလဲ အင်စတောနိုင်ပါတယ်။

ဒီနေရာမှာတော့ .deb ဖိုင်ကို ဒေါင်းတာကို ပိုလွယ်ပါတယ်။ ဖိုင်ဒေါင်းဖို့အတွက် အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။



Ubuntu အတွက် Debian package suitable for Debian, Ubuntu or other derived Linux ကို ဒေါင်း...ဒေါင်းပြီးရင် double click နှိပ်ပြီး အင်စတောလိုက်ပါ ။

အင်စတောပြီးပါက မိမိတို့ သုံးနေတဲ့ browser မှာ https://localhost:10000/  လို့ရိုက်လိုက်ပေါ့ ။

တစ်ခြားစက်ကနေ လှမ်းဝင်ချင်တယ်ဆိုရင်တော့ localhost နေရာမှာ ဆာဗာစက်အိုင်ပီထည့်ပေးပေါ့။

အခုလို username and password တောင်းပါတယ်။ သူ့ဆိုက်မှာတော့ username - root , password ကတော့ မိမိစက်ရဲ့ root password ပါတဲ့ ။

http://www.webmin.com/deb.html

ဘယ်လိုထည့်ထည့်အဆင်မပြေပါ ။ ကြည့်ရတာ ဒါကို သူတို့ ပြင်ဖို့ လိုပါလိမ့်မယ်။

ဒီတော့ login ၀င်နိုင်ဖို့အတွက် password reset လုပ်ပါမယ်။

terminal မှာ အောက်ပါကွန်မန်းကို ကိုးကားပြီး ထည့်လိုက်ပါ။

/usr/share/webmin/changepass.pl /etc/webmin ur_username ur_password

ဒီကွန်မန်းမှာ ur_username နေရာမှာ မိမိထားချင်တဲ့နာမည်ပေါ့ ။ password လဲ ထို့နည်းတူပဲ။

Ref:Yarmanyaphyolapyay

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ