this site the web

1077.. မြန်မာ့ရုပ်ရှင်အမျိုးသမီး ဘောလုံး ကန်တော့မည် ( 7.9.10 )

 
               မြန်မာ့ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းနှင့် မြန်မာနိုင်ငံ ရှေ့နေများအသင်း တို့သည် အောက်တိုဘာလ ပထမပတ် အတွင်း 'ကညာပျိုနှင့် ဇရာအို' နာမည်ဖြင့် ဘောလုံးစတင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး မြန်မာ ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းသို့ အနုပညာရပ်ဝန်းမှ သရုပ်ဆောင်သစ် များလည်း ပါဝင် ကစားလာကြကြောင်း သိရှိရသဖြင့် မြန်မာ့ရုပ်ရှင် ဘောလုံးအသင်းမှ အတွင်းရေးမှူး ဦးသန်းဝင်းအား တွေ့ဆုံ မေးမြန်းခဲ့ရာတွင်- ''ကျွန်တော်တို့ (၁ဝ)လပိုင်းလောက် စကန်မယ်။ ခု အမျိုးသမီးဘောလုံး အသင်းမှာ အသင်းဝင် (၃၅)ယောက်ကျော်ရှိပြီ။ လူသစ်တွေလည်း ပါလာပါတယ်။
အသစ်တွေကို Training အစကနေ ပြန်သင်ပေးတယ်။ လူဟောင်းတွေကလည်း ဆက်လေ့ကျင့်ပေါ့။ ခုလူသစ်တွေ ကလည်း တကယ် ကန်နိုင်ကြမှာပါ။ ဖြစ်အောင် လုပ်ချင်တော့ ဖြစ်လည်း ဖြစ်လာကြမှာပါ။ ဒီရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းကို နောက်ထပ် ဝင်ချင်ရင် ဒီ 'ကညာပျိုနဲ့ဇရာအို' ဘောလုံးပွဲ အတွက်တော့ လက်သင့်မခံဖြစ်တော့ဘူး။ ဒါပေမဲ့ နောက်ပွဲတွေ အတွက်တော့ လက်သင့်ခံမှာပါ။ သူတို့က ခုမှအစကန်မှာ ဆိုတော့ ရွယ်တူတွေနဲ့ ကန်လို့မဖြစ်သေးဘူးလေ။ လူကြီးပိုင်းနဲ့ စကန်တာပေါ့။

        Air Bagan နဲ့က မန်နေဂျာ ကြီးတစ်ယောက်နဲ့ စကားပြောရင်း ''ဟာ ကျွန်တော် ဟိုတုန်းက မို့မို့မြင့်အောင်တို့ အသင်းတွေမှာ ကျွန်တော် ကန်တယ်၊ ဒါဖြင့်ရင် မင်းသမီး အသင်းရှိရင်ဗျာတဲ့ ကျွန်တော်တို့ Air Bagan လေယာဉ်မယ်နဲ့ ကန်ကြရအောင်''ဆိုပြီး ပါးစပ်စကား ပြောထားတာပါ။ ဒါတော့ တရားဝင် မဟုတ်ပါဘူး။ ကားပေါ်မှာ နှစ်ယောက်ပြောကြတဲ့ စကားက ပြန့်သွားတာပါ။ ကျွန်တော်တို့ ဘောလုံးစကန်လို့ ရှိရင် ဝင်ကြေး အနေနဲ့က ကျပ်ငါးထောင်လောက်တော့ စကောက်မှာပါ။ ကျွန်တော်တို့ ဒီမှာ ဘောလုံးကန်တယ်။ ရုပ်ရှင်အဖွဲ့က သွားကန်တယ် ဆိုလို့ရှိရင် အဆိုပိုင်းလည်း ပါမယ်။ (၄)နာရီလောက် ကန်မယ်ဆိုရင် (၁၂)နာရီလောက်က စပြီး ဆိုမယ်။ ဒါကျွန်တော်တို့ ဒီလိုပဲ လုပ်ပါတယ်။ အောင်ဆန်းကွင်းမှာ ကန်မယ်ဆိုရင် ပိုအဆင် ပြေတယ်။ အဆိုတော်တွေက အများကြီး လာကြမှာပေါ့။ ဒီမှာရှိတဲ့လူက အကုန်ကူမှာပဲ။ ရုပ်ရှင်အစည်းအရုံးရဲ့ ပံ့ပိုးမှုဆိုတော့ ရုပ်ရှင်သမားတွေက အကုန်ကူပါတယ်။ မြန်မာ့အမျိုးသမီး ဘောလုံးအသင်းကလည်း ကူမှာ။ သူတို့ကိုတစ်ခါတည်း ခေါ်ထားတာ။ သူတို့မိဘတွေကလည်း ရုပ်ရှင်ထဲကပဲ ကားဆက်တာတို့၊ ရုပ်ရှင်ထဲက သားသမီးတွေ၊ သရုပ်ဆောင်တွေ၊ ဂီတထဲကလူတွေ ရှိတယ်။ သူတို့ တွေလည်း ပါကြမှာပါ''။
ပို့ပို့

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ