this site the web

1073..ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည် ( 7.9.10 )

 
            ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ ကျော် ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါရှိသည့် အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ တွင် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း၊ ရွေးကောက်ပွဲ စတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ များမဲပေးနိုင်ကြောင်း ဖော်ပြထားသည်။
               လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ များ၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတို့တွင် ပါရှိသည့် အခန်း(၁၀) ဆန္ဒမဲပေးခြင်းတွင် 'မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး၊ သတ် မှတ်ထားသော မဲပေးချိန်အတွင်း မဲဆန္ဒရှင်များအားလုံး မဲပေးနိုင်ရေး နှင့် လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကို ရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရ မည့်ဦးရေနှင့် မဲရုံအရေအတွက်ကို လိုအပ်သလို သတ်မှတ်ပေးနိုင်သည်။'ဟု ဖော်ပြထားသည်။ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ကြေညာ ရမည်......
ref: ၂၀၁၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ