this site the web

1072..အထူးယာဉ် တွေသာစီးရတော့မည် ( 7.9.10 )

 
http://t0.gstatic.com/images?q=tbn:6yDQjOw2i8hdUM:https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmdk1B1lSgy647g2EGjAxn_SLSrELK9BzgsDh6dyBJWgD-SsC_T2cSlzR5sR5jVmJ08KsUMS-XhzhUiy65lShIwt-5W1a_E6ewucT9ezfjaN9DXv7X23_UDrVYpyHShQBG4bG35CI1w0/s1600/b3101.jpg&t=1http://x70.xanga.com/2e2f7b1635535259289601/b206334899.jpg



                   အထူးဟုဆိုသော အထူးယာဉ်လိုင်းများ ရန်ကုန်မြို့တွင် တိုးတက် များပြားလာရာ လက်ရှိ ရန်ကုန်မြို့တော်တွင်  အထူးယာဉ်လိုင်းပေါင်း ၃၅ လိုင်းကျော် ပြေးဆွဲနေကြပြီ ဖြစ်သည်။ မ.ထ.သ ယာဉ်လိုင်းမှ ရရှိခဲ့သည့် စီးတီးဘတ်စ် ၃၇၇ စီးကို ၂၀၀၈ ခုနှစ်မှ စတင်၍ အထူးယာဉ်လိုင်းအဖြစ် စတင်ပြေးဆွဲ ခဲ့ရာလက်ရှိ အချိန်တွင် အထူးလိုင်း ၁၀ လိုင်း ပြေးဆွဲနေပြီ ဖြစ်သည်။  ပြည်ပမှမှာယူ တင်သွင်းခဲ့သော စီးတီးဘတ်စ် ကြီးများကို တစ်ဦးတစ်ယောက်ချင်း အပြင်ကုမ္ပဏီနှင့် စီးပွားရေး အဖွဲ့အစည်းကြီးများက စီးတီးဘတ်စ် အများစုကို  ယာဉ်ပိုင်ရှင်အများစုက အထူးယာဉ်လိုင်း အဖြစ်ဖြင့်သာ ပြေးဆွဲလိုကြပြီး အထူးအဖြစ် ပြေးဆွဲခွင့်ရရှိမှသာ ယာဉ်အသစ် ၀ယ်ယူလိုကြသည် ဟုသိရသည်။

             ယခင်က၀ယ်ယူခဲ့သော စီးတီးဘတ်စ်များမှာ ဂျပန်၊ ကိုရီးယားနိုင်ငံတို့တွင် အသုံးပြုပြီးသား(used) ယာဉ်များဖြစ်ပြီး တစ်စီးလျှင် ငွေကျပ်သိန်း ၂၀၀ ခန့် ရှိသည်ဟုသိရသည်။ ထိုယာဉ်များ ကို မြို့ပြယာဉ်လိုင်းများတွင် အခန့်သင့် ၀င်ရောက် ပြေးဆွဲနိုင်ခြင်း မရှိသေးဘဲ မြန်မာနိုင်ငံ၏ယာဉ်လမ်း ကြောင်းစနစ်နှင့် အဆင်ပြေစေရန်  အတက်အဆင်း တံခါးပေါက်အသစ် ပြန်ဖောက်ကြရသည်။ လူများများဆံ့ ရန်အလို့ငှာ ထိုင်ခုံအသစ်  ပြန်တပ်ကြသည်။ ထို့ပြင် စီအင်န်ဂျီ ပြောင်းရသည့်အတွက် စုစုပေါင်း ကုန်ကျစရိတ်သည် ငွေကျပ် သိန်း ၂၈၀၊ သိန်း ၃၀၀ ၀န်းကျင်ခန့်မျှ ကုန်ကျမှုရှိနေသည်။ ထို့ကြောင့်လည်း ယာဉ်ပိုင်ရှင်တို့မှာ အထူးလိုင်းသာ ပြေးဆွဲလိုကြခြင်း ဖြစ်သည်ဟု သိရသည်။

              ယခု နောက်ဆုံးတွင် မြန်မာနိုင်ငံ ယာဉ်ကြောစနစ်နှင့် ကိုက်ညီပြီး စီအင်န်ဂျီဖောက်ပြီးသား ကိုရီးယားနိုင်ငံတွင် အသုံးပြုရခြင်း မရှိသေးသည့် ယာဉ်အသစ်များကို စတင် တင်သွင်းလာခဲ့ပြန်သည်။ ယင်းယာဉ်တစ်စီး၏ တန်ဖိုးမှာ ကျပ် ၃၈၅ သိန်း ဖြစ်သည့်အတွက် ယခင်အသုံးပြုပြီးသား (used) ယာဉ်များ၏ဈေးနှုန်း နှင့် ကွာခြားမှုရှိနေသောကြောင့် ၀ယ်ယူလိုသူတို့မှာ စဉ်းစားနေကြသည်။ လက်ရှိတွင် အဆိုပါယာဉ်အသစ် ၁၇ စီးဝယ်ယူရန် စာရင်းပေးသွင်းမှု ရှိသည်ဟုသိရပြီး ယင်းယာဉ်များမှာလည်း အထူးယာဉ်လိုင်းများသာ ဖြစ်လာဖွယ် ရှိသည်ဟု သိရသည်။

         ထို့ကြောင့် ရန်ကုန်မြို့ပြ ယာဉ်လိုင်းများတွင် ကျပ် ၂၀၀ တန် အထူးယာဉ်များသာ ပိုမိုများပြားလာတော့ မည်လောဟု ထင်မြင်ယူဆနေကြပြီး သာမန် ယာဉ်လိုင်းများ နည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။ ခရီးစဉ် ကွာခြားမှုအလိုက် သာမန် ကျပ် ၅၀၊ ကျပ် ၁၀၀ တန်ယာဉ်များတွင်လည်း ယင်းကဲ့သို့ ယာဉ်အသစ်များ အစားထိုး ပြေးဆွဲလာကြမည့်အရေး မျှော်လင့်နေကြကြောင်း .....

Ref;၂၀၁၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ