this site the web

1071..HIV ပိုးရှိသူနဲ့ အိမ်ထောင်ဖက်နှင့် တူတူနေပြီး ဘယ်လိုခရီးဆက်မလဲ ( 7.9.10 )

 

How to Live With an HIV-Positive Person

HIV ပိုးရှိသူနဲ့ အိမ်ထောင်ဖက်နှင့် တူတူနေပြီး ဘယ်လိုခရီးဆက်မလဲ...
http://nwasianweekly.com/wp-content/uploads/2009/28_50/world_aids.jpg
HIV ပိုးရှိတဲ့ကလေးတွေကို စောင့်ရှေက်နေခြင်း

အိမ်ထောင်ဖက်နဲ့ မဖြစ်မနေလိင်ဆက်ဆံရမယ်ဆိုရင်တော့ ကွန်ဒုံးကို နှစ်ထပ်ခံကာသုံးရမည်......

စံနစ်တကျစွန့်ပစ်ရမည်.....

ပါးစပ်ဖြင့်လိင်မဆက်ဆံရ......

အားရပါးရ နုတိခမ်းခြင်းမစုပ်ရ.. ( ဖြစ်နိုင်ရင် မစုပ်ရ )

          အထက်ပါ ကာကွယ်မှုတွေဟာ သာပန်ကာကွယ်မှု သက်သက်ပါ...ထိရောက်မှုအပြည့်ရှိသည်ဟုမဆိုသာပါ...
ဇနီးမောင်နှိတို့ အာသာဖြေနိုင်ရန်သာဖြစ်ပါတယ်.....



          တကယ်တော့ HIV ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ဒီအချက်ကို The Body: The Complete HIV Resource သုတေသနက ပြောတာ ဖြစ်ပါတယ်။ ပုံမှန်-သာမန် ထိတွေ့မှုတွေ ကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး ပြောရလောက်အောင် စိုးရိမ်စရာ ကင်းပါတယ်။

           ဒါပေမဲ့ အရမ်းကာရောတော့ မဟုတ်ဘူး။ တကယ်မကူးအောင် Communication အချင်းချင်း ဆက်သွယ်မှု နဲ့ Education အသိပညာတွေက သော့ချက်တွေ ဖြစ်ပါတယ်။ သံမဏိစည်းကမ်း ၁ ကနေ ၅ အထိ ပြောပါမယ်။

၁။ အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ် ဆုံးဖြတ်ချက် မချပါနဲ့။
၂။ အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊ အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။
၃။ HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားပါ။ တိတိပပ ပြောပါ့မယ်၊ "သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ " ဤလေးမည်ကနေသာ ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်းကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။
၎။ စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း တခြားလူတွေက လိုက်နာကြပါ။
၅။ သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို "သူကရောဂါသည်" လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့သဘောနဲ့ မပြောပါနဲ့။



             HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၂၀-၄၅% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက (၁) ကိုယ်ဝန်ဆောင်နေတုံး၊ (၂) မွေးဖွါးဖြစ်စဉ် ဖြစ်နေတုံး နဲ့ (၃) နို့တိုက်နေတုံး၊ သုံးခုလုံးကနေ ဖြစ်နိုင်တယ်။ "နိုင်" ပြောတာပါ။ သက်သာအောင် လုပ်နည်း ရှိပါသေးတယ်။ ကိုယ်ဝန်ဆောင်နေတုံး အချင်းကနေ သန္ဓေသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်က ကျန်းမာရေး ကောင်းနေရင် အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့် (၁) မိခင်လောင်းက အစာအာဟာရ ကောင်းဘို့လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊) မ၀င်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂% ဘဲ ရှိလို့ ဆေးကုနေပါ။

             အမေရိကားမှာ Zidovudine (ZDV, AZT, Retrovir®) ဆေးကို စသုံးခဲ့တယ်။ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ZDV ဆေးကို ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ ပေးရတယ်။ မွေးပြီးတဲ့အထိပါ။ ဘာ အကာအကွယ်မှ လုပ်မထားရင် ကလေး ဖွါးနေတုံးမှာ မိခင်ကနေ ကလေးကူးဘို့ ၁၀-၂၀% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင် ကူးတယ်။ ဒါ့ကြောင့် ဆရာဝန်-ဆရာမကနေ ရေမြွှာအိတ်ကို စောပြီးဖေါက် မွေးမပေးရဘူး။ မွေးလမ်းချဲ့ မွေးတာလည်း ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက ကူးစရာလမ်း နည်းစေတယ်။ အရင်က ဆေးပေးမထားရသေးရင် မွေးတော့မဲ့ အချိန်မှာ ZDV နဲ့ 3TC or Nevirapine ဆေး ပေးရတယ်။

           မွေးပြီးတာနဲ့ ကလေးကိုလည်း ZDV ဆေး ၁ လခွဲအထိ ပေးရမယ်။ ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်ပါတယ်။ မအေကို ဆေးကုသမှုခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက် မရှည်ဘူးလဲ ဆိုပါတယ်။

          တအိမ်သားလုံး ပိုးရှိ-မရှိ စစ်ပါ။ ပိုးရှိနေသူရဲ့ နှာရည်၊ သွားရည်၊ ၀မ်း၊ ဆီး၊ တံတွေး၊ ချွေး၊ အန်ဖတ်တွေမှာ သွေးမပါရင် မကူးစေပါ။ တအိမ်လုံး လက်အိတ် သုံးပါ။ ပိုးရှိသူမှာ အနာအဆာ၊ ဒဏ်ရာရရင် အမြဲ ပလာစတာ-ပတ်တီးစည်းထားပါ။ လူတိုင်းက လက်ဆေးတဲ့ အကျင့် လုပ်ကြပါ။ ပိုးမရှိတဲ့သူ ဒဏ်ရာရရင် အထူးဂရုစိုက်ပါ။ ပိုးမရှိတဲ့သူ နေထိုင်မကောင်း ဖြစ်ရင် ရှိသူနဲ့ အနေဝေးပါစေ။ သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဒါး၊ လက်သည်းညှပ်၊ နားကပ်၊ စတာတွေ လုံးဝ လဲတာ၊ ငှားသုံးတာ၊ အတူသုံးတာ မလုပ်ရပါ။ သွေးထွက်နိုင်တဲ့ ဆော့ကစားတာမျိုး ရှောင်ပါ။ ကွန်ပြူတာ-ဂိမ်း ကစားလို့တော့ ရပါတယ်။ မိခင်နဲ့ ကလေး လက်ပွန်းတတီး နေယုံနဲ့တော့ ရောဂါမရပါ။ ကလေးချစ်လို့ မွှေးမွှေး များများ ပေးနိုင်ပါတယ်။

           ပိုးရှိထားသူတွေ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး အသိပေးသူတွေ မနည်းတော့ပါ။ ဒီလို အမျိုးအစား ရောဂါက ဆရာဝန်မှ မဟုတ်ပါ၊ အလွန်တော်တဲ့၊ အင်မတန် စိတ်ထားမြင့်တဲ့ "ဆိုရှယ်-၀ပ်ကား" တွေ ဖြစ်နိုင်ကြပါတယ်။

How to Live With an HIV-Positive Person

Live With an  HIV-Positive Person
Live With an HIV-Positive Person

Living with an HIV-positive person is no more risky than having an HIV-negative roommate, according to researchers at The Body: The Complete HIV Resource. There is almost no risk of transmitting the virus from one household member to another through casual contact. Communication and education are the keys to a positive living situation. The following tips can help you learn to live with an HIV-positive partner.

From Essentials: 
Difficulty: Easy

Instructions

  1. 1

    Communicate openly about the situation. Get all of your concerns and questions out into the open before signing the lease. Be honest and non-judgmental when discussing your roommate's status and your risk of infection.

  2. 2

    Don't be afraid to share. You will not get HIV by using the same bathroom, eating from the same fork, drinking from the same container or sharing the same foods. These myths are fueled by misinformation and fear. Your daily routine doesn't have to change based on your roommate's status.

  3. 3

    Know the facts about getting HIV. Transmission only occurs through the exchange of blood, semen, breast milk and vaginal fluid. Casual contact like hugging and sitting together on the couch are not ways you can get HIV. Don't be afraid to touch your roommate.

  4. 4

    Set ground rules. If you're uncomfortable with your roommate using one of your personal items, say so. Your roommate may also have his own ideas about boundaries and personal property. These apply to all roommate situations, but can be especially helpful when one party is HIV-positive.

  5. 5

    Respect your roommate's privacy. This means not discussing his HIV-positive status with your visitors. If it's already known that your roommate is positive, educate your friends and family about how HIV is transmitted and explain to them they they are not at risk by spending time in your home.

Tips & Warnings

  • Remember, your roommate is a person, not a disease.




Let's begin by saying that there's no way for a sexually active person to be 100 percent "sure" that s/he is safe from HIV. But, there are many ways to make one's risk low, or even negligible, even for an HIV-negative person in a relationship with someone who is HIV-positive.

Several studies have been done on relationships similar to yours, where one partner is HIV-positive and the other negative (a.k.a., mixed status or HIV-discordant couples). A study published in 1994 in The New England Journal of Medicine looked at 256 heterosexual mixed status couples. Of the 124 couples that consistently used condoms, none of the HIV-negative partners were infected. Among the 121 couples that did not consistently use condoms, 12 (about 10 percent) of the HIV-negative partners became infected. Additional studies found similar results.

Consistent and correct condom usage is the key to lowering the risk of HIV transmission in mixed status couples, whatever their sexuality. Condoms are highly effective in preventing the transmission of HIV, but sometimes fail. Those failures are most often due to incorrect usage or user error. To reduce condom failure:

  • Use water-based lubes, never oil-based ones such as petroleum jelly, cooking oil or shortening, or hand-lotion — they can weaken the latex.
  • Keep condoms away from heat or direct sunlight.
  • Check the expiration dates printed on the package. Condoms that are too old or expired, or have packaging that appears to be weathered or deflated, need to be thrown away.
  • Carefully open the condom with your fingers, trying not to tear it with your fingernails (or teeth).

The studies mentioned above dealt with condom usage for vaginal and anal intercourse, not oral sex. Read HIV transmission from receiving oral sex? in Alice's Sexual Health archive to help decide what kind of steps you and your partner can take to reduce your risk during oral sex.

Relationships pose challenges, and being in one with an HIV-positive partner poses unique issues beyond safer sex that you might not have had to think about in your previous relationships. It may be interesting to take a look at The Couples Project, an initiative from the Center for Clinical and Behavioral Studies at the New York State Psychiatric Institute, where you'll find articles, FAQs, and a question and answer forum for mixed status couples.
Ref: How to Live With an HIV-Positive Person | eHow.com http://www.ehow.com/how_5108822_live-hivpositive-person.html#ixzz0ypCWDvAf
       and Dr Tint Swe

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ