this site the web

1070..မိုးယံဇွန် နှင့် အင်တာဖြူး ( 7.9.10 )

 
http://t1.gstatic.com/images?q=tbn:3yI5T4SvPn5dvM:http://2.bp.blogspot.com/_tUFZnQnpSDA/TGjsjCr5doI/AAAAAAAAAqU/W3nREmMl5zk/s1600/39192_149522415061665_100000117230937_484560_1987637_n.jpg&t=1    ခုအနုပညာ အလုပ်တွေ လုပ်လာတဲ့အတွက် စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ နိုင်ငံခြား ဇာတ်လမ်းတွေ ကြည့်တယ်။ သီချင်း နားထောင်တယ်။ အရမ်းစိတ်ဖိစီးမှု ရှိလာ ရင်တော့ သူငယ်ချင်းတွေနဲ့ GYM ဆော့တယ်။ လူငယ်တွေက စိတ်ညစ်တယ် ဆိုပြီး လမ်းလွဲကြတာလို့ ပြောကြပေမယ့် ဒါက စိတ်ညစ်လို့ လွဲတာ မဟုတ်ဘူး။

ကိုယ့်စိတ်ကကို လုပ်ချင်စိတ် ရှိနေလို့ပါ။ မကောင်းမှန်းလည်း သိတယ်။ ဒါပေမယ့် စူးစမ်းချင်စိတ်နဲ့ စိတ်က အလိုလို လုပ်ချင်စိတ် ရှိလို့ လုပ်ဖြစ်တာပါ။ မကောင်းမှန်းသိပြီး ဆင်ခြင်ဖို့ပါပဲ။ အရာရာမှာ ဆိုးတာကြီး လုပ်နေလို့ အများအမြင်မှာ အမြင်ကတ်စရာကြီး ဖြစ်နေပေမယ့် ဒီလူတစ်ယောက် ကောင်းတာ လုပ်လို့ရှိရင်တော့ အများကလည်း ဩော်… မဆိုးပါဘူးလို့ ပြန်ပြီး အသိအမှတ်ပြုသင့်တယ်။

ကိုယ်က ဘယ်လောက်ထိပဲ လမ်းမှားတွေ ရောက်နေပါစေ အဲဒါကို သိပြီး ပြန်ပြင်နိုင်မယ် ဆိုရင် ကိုယ့်ဘဝအတွက် အကျိုးရှိမှာပါ။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အဓိက ကိုယ့်စိတ်က အဲဒီ့ပေါ်မှာ အာရုံလွှဲသွားနိုင်ရင် အကောင်းဆုံးပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လွှဲလို့ရပါတယ်။

သီချင်းနားထောင်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်း ကားတစ်စီးနဲ့ လျှောက်သွားရင်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ပဲ ဖြစ်ဖြစ် လွှဲလို့ရပါတယ်။ အဲဒါဆိုရင် စိတ်ပြေသွားမှာပဲလေ။ အဲဒီ့တော့ ကိုယ်စိတ်ဖိစီးမှု များနေတဲ့ စိတ်ကို လွှဲနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ခုလတ်တလောက သုခမိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်။

ဒါရိုက်တာ ဦးဒေါနနဲ့။ ကျွန်တော့်ဆီမှာကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှု အရှိဆုံးဆိုရင် မျက်ခုံးနဲ့ မျက်လုံးလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ရုပ်မြင်သံကြားမှာ Presenter လုပ်ရတာလည်း ပျော်သလို ဇာတ်ကားတွေ ရိုက်ရတာလည်း ပျော်ပါတယ်။ နှစ်ခုစလုံးက အနုပညာတွေပဲဆိုတော့လေ။

အကယ်၍ ကျွန်တော်သာ ခုချိန်မှာ ၁၀ တန်းကျောင်းသားဘဝကို ပြန်ရောက်ခဲ့ရင် ဖြတ်သန်းခဲ့တဲ့ (၁၀) တန်းကျောင်းသားအရွယ်နဲ့ မတူအောင် ဖြတ်သန်းချင်တယ်။ ကျွန်တော်က (၁၀) တန်းတုန်းက ဆိုးခဲ့တယ်။ ပြန်ပြီး ရောက်ခဲ့မယ်ဆိုရင် လိမ္မာအောင် နေပြီး စာကြိုးစားတဲ့ကျောင်းသား တစ်ယောက် ဖြစ်အောင်နေမယ်။

Ref: 8 Days

                                       
http://t0.gstatic.com/images?q=tbn:uYKg0o57x7lRkM:http://4.bp.blogspot.com/_tUFZnQnpSDA/TGjsd51O49I/AAAAAAAAAqA/mHnRAh-H5zI/s640/18968_107729219240985_100000117230937_203196_257058_n.jpg&t=1





Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ