this site the web

1066..ခြင်းဖုန်းများကို GSMနှင့် CDMA ဖုန်းများဖြင့် လဲလှယ်ပေးမည် ( 7.9.10 )

 
http://www.sz-wholesale.com/uploadFiles/upimg9%5CCDMA-Wireless-Phone_53789.jpg

      ခြင်းဖုန်းဟု လူသိများသော ၇၂ နံပါတ်ဖြင့်စတင်သော စီဒီအမ်အေဖုန်းများကို ဂျီအက်စ်အမ်နှင့် စီဒီအမ်အေမိုဘိုင်းဖုန်းများဖြင့် အစားထိုးလဲလှယ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါဖုန်းများကို ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများဖြင့် လဲလှယ်ပေးရာတွင် ငွေကြေးတစ်စုံတစ်ရာ ထပ်မံကောက်ခံမည် မဟုတ်သော်လည်း ဂျီအက်စ်အမ်ဖုန်းနှင့် ကမ်းရိုးတန်းဖုန်းဟု လူသိများသည့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်ဖုန်းများဖြင့် လဲလှယ်ပါကမူ ကျပ်ငါးသိန်း ထပ်မံပေးသွင်းရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။ "လဲလှယ်လိုသူတွေအနေနဲ့ အင်ဂျင်နီယာချုပ် (မိုဘိုင်းဆက်သွယ်ရေး) ကို လိပ်မူလျှောက်ထားနိုင်ပါတယ်။ လျှောက်ထားမှုကိုတော့ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနဲ့ ပန်းဆိုးတန်းမြန်မာ့ဆက်သွယ်ရေးရုံးမှာ လက်ခံပေးပါမယ်" ဟု ၎င်းကဆိုသည်။

      လဲလှယ်သုံးစွဲလိုသူများအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထားများ တင်ပြရန်လိုအပ်ပြီး အမည်ပြောင်းလဲလိုပါက ပြောင်းလဲလိုသည့်လူ၏ မှတ်ပုံတင်မူရင်းကိုပါ ပူးတွဲတင်ပြရန်လိုအပ်ကြောင်း သိရသည်။    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လဲလှယ်သုံးစွဲခွင့်ပြုပြီးပါက သတ်မှတ်ထားသည့်နေရာများတွင် ဖုန်းကတ်များကို ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ အဆိုပါဖုန်းများကို ဂျီအက်စ်အမ်နှင့် စီဒီအမ်အေမိုဘိုင်းဖုန်းများဖြင့် လဲလှယ်ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဖုန်းအသုံးပြုသူတစ်ဦးက "အခုခြင်းဖုန်းတွေက ဘီလ်ဈေးသက်သာတယ်။ မြို့တွင်း တစ်မိနစ် ၁၅ ကျပ်နဲ့ နယ်ဝေးတစ်မိနစ် ၂၅ ကျပ် ပေးဆောင်ရတယ်။ ဒါပေမယ့် ၅ သိန်းတန်တွေလို ဟန်းဆက်တွေနဲ့တွဲဖက်ပြီး မိုဘိုင်းဖန်ရှင်တွေကိုတော့ မသုံးနိုင်ဘူး" ဟုပြောသည်။ ၇၂ နံပါတ်နှင့်စသော စီဒီအမ်အေဖုန်းများမှာ အထိုင်စက်ဖြင့်သုံးစွဲရသည့် ကြိုးမဲ့ဖုန်းလိုင်းများဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ၁၆ သိန်းဝန်းကျင်ရှိသည်။
Ref; Internet jiournal

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ