this site the web

1056..မိတ်ကပ် အောင်အောင် ( တောင်ကြီး ) ကွယ်လွန်ရှာ ( 3.9.10 )

 

Hosted by FreeImageHosting.net Free Image Hosting Service

            အလှအပကို မြတ်နိုးသူတိုင်း အတွက် ဒီကနေ့ ခေတ်မှာ ဆံပင် မိတ်ကပ် ပညာရှင် တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးကြီး ပါတယ်။
အနုပညာရှင်အသိုင်းအ၀န်းကြားမှာ ကာလရှည်ကြာရပ်တည်ခဲ့တဲ့သူ၊ အနုပညာရှင်များ အလှကို တက်စွမ်းထားတဲ့ ဖန်တီးမှုအမြင်နဲ့ ပေါင်းစပ်ပံ့ပိုးပေးခဲ့သူကတော့ သူချစ်သောအနုပညာ၊ သူမြတ်နိုးသော အလုပ်၊ သူမြေတောင်မြှောက်ခဲ့တဲ့ အလှဖန်တီးရှင်များအားလုံးကို ကျောခိုင်းလို့သွားခဲ့ပါပြီ။

           အသက် (၄၇) ရှိအောင်အောင်ဟာ  (၂၉) ရက်နေ့က Trader Hotel မှာ ကျင်းပခဲ့တဲ့ Show ပွဲဟာ သူ့ရဲ့နှုတ်ဆက်ခြင်း ပါပဲ.....

         (၂.၉.၂၀၁၀) ကြာသာပတေးနေ့မှာ အာရှတော်ဝင်အထူးကုဆေးခန်းမှာ ဆုံးရှာပြီဆိုတဲ့ သတင်းဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ကြရပါတယ်။ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ရေဝေးသုဿန်အအေးခန်းသို့ (၄.၉.၂၀၁၀) စနေနေ့ (ညနေ (၄) နာရီ) မှာ ပို့ဆောင်သဂြိုလ်ခဲ့ကြပါတယ်။


        လူတစ်ယောက်ရဲ့ အလှကို ပန်းချီ ဆွဲသလို စိတ်ကူး လက်တွေ့ ပုံဖော်နိုင်တဲ့ မိတ်ကပ် ပညာရှင် အောင်အောင် (တောင်ကြီး)မှ (၁၉၉၈) ခုနှစ်လောက် ကတည်းက သင်တန်း ပေးဖြစ်တာ ဆိုတော့  (၁ဝဝဝ)ကျော်အထိလောက် ရှိသွားပြီ။ သင်တန်းက ဘယ်နှစ်လလဲ။ သင်တန်းက တစ်လ သင်တန်းလည်း ရှိသလို နှစ်လ သင်တန်းလည်း ရှိခဲ့တယ်။

        သင်တန်းကြေး ကရော။ သင်တန်းကြေးက သတ်မှတ်ထားတဲ့ ဈေးထက်ကို လျှော့ပေးနေပါတယ်။ သင်တန်းကြေးတွေ လျှော့ပြီး သင်ကြား ပေးနေခဲ့ပါတယ်။ နယ်က လူတွေ အတွက်ရော ဘော်ဒါဆောင် စီစဉ်ပေးလား။ နယ်က လူတွေ လာတက်တာ များတော့ ဘော်ဒါဆောင် စီစဉ် ပေးဖြစ်ခဲ့ပါတယ်။

        မိတ်ကပ် အောင်အောင် (တောင်ကြီး) မွေးထုတ် ပေးခဲ့တဲ့ မိတ်ကပ် ပညာရှင်တွေ ဘယ်နှယောက်လောက် ရှိလဲ။ ဘယ်သူတွေလဲ။ မွေးထုတ် ပေးခဲ့တာ ကတော့ အများကြီးပဲ။ ညီညီမောင် (စမ်းချောင်း)တို့၊ ပေါက်ပေါက် (စမ်းချောင်း)တို့ ဆိုရင်လည်း သူကပဲ မွေးထုတ် ပေးခဲ့တာတွေပဲ။ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင် ဖြစ်ဖို့ ဆိုတာ သင်ပေးတဲ့ ဆရာပေါ် မူတည်လား (ဒါမှမဟုတ်) ကိုယ်ပိုင် အရည်အချင်းနဲ့ ဗီဇတွေရှိဖို့ လိုမလားစသည့် အတွေးများစွာဖြင့်.........

        အခုတော့ အခုတော့ဖြင့်.......................



Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ