this site the web

1051..တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် သူများအတွက် ကြေညာချက်ထုတ်ပြန် ( 3.9.10 )

 
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်အဖွဲ့က စက်တင်ဘာလ ၁ရက်နေ့ ရက်စွဲဖြင့် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စပ်လျဉ်း၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန် ကြေညာချက်ထုတ်ပြန်သည်။ အဆိုပါကြေညာချက်တွင် တက္ကသိုလ်စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံးတွင် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၆ရက်မှ စတင်၍ သတ်မှတ်ထားသောနှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲအမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)နှင့် (၈) များဖြင့် ဖြေဆိုမည့် သူများအတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)နှင့် (၄)များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း၊ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၆ရက်မှ အောက်တိုဘာလ ၁၅ရက်အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့ရုံးသို့ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၂၉ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူများတင်သွင်းသည့် စာမေးပွဲဝင်ခွင်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှုရှိ၊ မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုကြောင်း၊ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်အဖွဲ့ (ဇွဲကပင်ဆောင်) တွင် လာရောက်ဝယ်ယူနိုင်ကြောင်း .......

Ref:၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ထုတ် ကြေးမုံ သတင်းစာ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ