this site the web

ဆိုင်ဘာကဖေါ်တွေမှာအသုံများတဲ့ ISA Server 2006 အစိတ်အပိုင်းများ ဖွဲ့စည်းပုံ..3.8.10

 



ISA Server ဆိုတာကတော့ ယနေ့ခေတ်စားနေတဲ့ ဆိုင်ဘာကဖေးတွေမှာ အသုံးများတဲ့ proxy server တစ်မျိုးပါ။

ကျွန်တော်အရင် ဆွေးနွေးခဲ့တဲ့ squid proxy နဲ့ စာရင် ဒီ ISA Server က ပိုမိုလွယ်ကူလှပါတယ်။ ကျွန်တော်တို့ အများစုက

Window နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ ဒီ ISA Server ကို လေ့လာလုပ်ကိုင်ရတာ ပိုမိုအဆင်ပြေလှပါတယ်။

ကျွန်တော်ဆွေးနွေးမှာက ISA Server 2006 ကို ဆွေးနွေးမှာဖြစ်ပြီး ၊ သူ့ကို အင်စတောဖို့အတွက် ပုံမှန်ဝင်းဒိုးမှာ မရပဲ

Window Server 2003 မှာသာ အင်စတော အသုံးပြုနိုင်ပါတယ်။ Window Server 2003 မှာတင် edition အမျိုးမျိုးရှိပါတယ် ။

အောက်ပါ edition တွေမှာ ISA Server တင်လို့ ရပါတယ်။

. Windows Server 2003 Standard Edition (32 bit) with SP1
. Windows Server 2003 Enterprise Edition (32 bit) with SP1
. Windows Server 2003 R2 Standard Edition (32 bit)
. Windows Server 2003 R2 Enterprise Edition (32 bit)

Window Server ကိုတင်ရမယ်ဆိုလို့ တွန်မဆုတ်သွားပါနဲ့ ။ ISA Server ကို တင်ဖို့အတွက် သူ့ပေါ်မှာပဲ ရတဲ့အတွက်သာ တင်ရတာပါ။

ကျွန်တော်တို့ Window Server 2003 ကို တစ်ခါမှ မထိတွေ့ဖူးရင်တောင် အသုံးပြုနိုင်ပါတယ်။ သုံးမှာက ISA Server ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။

ကျွန်တော်တို့ ISA Server 2006 ကို mouse ကလေး နှိပ်တတ်ယုံနဲ့ configure လုပ်တတ်ပါတယ်။ အဲ့လောက်လွယ်ပါတယ် :P ။

ဒီနေရာမှာ ကျွန်တော် Window Server 2003 နဲ့ ISA Server 2006 အင်စတောနည်းကို မပြောတော့ပါဘူး ။

ဆွေးနွေးချက်မစခင် ISA Server နဲ့ ပက်သက်ပြီး ပုံနဲ့တကွ ရှင်းပြထားတဲ့ ဆိုက်တွေကို ညွှန်းပါရစေ ..

http://www.linglom.com/category/security/isa/

http://www.isaserver.org/

ဒီဆိုက်တွေမှာ ပုံနဲ့တကွ ရှင်းပြထားတာဖြစ်ပြီး နားလည်ရလွယ်ကူလှပါတယ်။ နိဒါန်းပျိုးနေတာ နည်းနည်းများသွားတယ် ..:D

ကျွန်တော်တို့ ISA Server 2006 Configure ကို ဆက်သွားရအောင် ..

Deploying ISA Server 2006 as a Content Caching Server

ကျွန်တော်အရင်ဆုံး အသုံးများလှတဲ့ ISA Server ကို cache server အဖြစ် အသုံးပြုနည်းကို တင်ပြသွားမှာဖြစ်ပါတယ်။

ISA Server မတိုင်ခင် သူ့အစက Microsoft Proxy Server ကနေ လာပါတယ်။ ဒီနေရာလေးမှာ ကျွန်တော်ရှင်းပြပြီးသားပါ။

Microsoft Proxy Server ကနေ အခု ISA  ဆိုတဲ့ acceleration ဆိုတဲ့ စာသားလေးက ဒီ  cache server အဖြစ် အသုံးပြုနိုင်တာကို ရည်ရွယ်ပြီး

ISA(Internet Securiy and Acceleration) ဆာဗာဆိုပြီး ပေးခဲ့တာပါ။ ဒီတော့ သူက ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ကြည့်ရအောင် ..

ကျွန်တော်တို့ client-1 ကနေ web site တွေ ဖွင့်တဲ့အခါ အဲဒါတွေကို cache folder မှာ သိမ်းထားပေးပြီး ၊ client-2 က အဲဒီ website ကိုပဲ ပြန်ဖွင့်တဲ့အခါ

ISA server က အရင်ဆုံး cache folder မှာ သိမ်းထားတဲ့ ဖိုင်တွေ ရှိမရှိ အရင်စုံစမ်းပါတယ်။ ရှိရင် မိမိစက်ထဲမှာရှိတဲ့ cache folder ထဲက ဖိုင်ကိုပဲ ထုတ်ပေးလိုက်ပါတယ်။

ဒီအတွက် web site ဖွင့်ရတာ မြန်လဲမြန်သွားပြီး ၊ bandwidth ကို လျော့ချပေးနိုင်ပါတယ်။

ဒီတော့ ISA server ကို cache server အဖြစ် လုပ်ဆောင်နိုင်ဖို့အတွက် အရင်ဆုံး cache နေရာကို ဖန်တီးပါမယ်။

အခုလိုပဲ Cache --> Cache Drivers ကနေ Define Cache Drives ကို နှိပ်လိုက်ပါတယ်။

မိမိသတ်မှတ်ချင်တဲ့ hardisk partition နဲ့ size ကို ထည့်ပေးလိုက်ပါ ။ ကျွန်တော်ကတော့ C partition တစ်ပိုင်းတည်းပဲ ရှိတဲ့အတွက် C အောက်မှာပဲ 1000MB နဲ့ တည်ဆောက်လိုက်ပါတယ်။

အဲဒါပြီးရင်တော့ Cache Rule ကို သတ်မှတ်ပေးရပါမယ်။ သူရဲ့ အဓိက လုပ်ဆောင်ချက်မှာ Cache အတွင်းမှာသိမ်းဆည်းမည့် Content များအား စစ်ဆေးပေးခြင်းနှင့်

ပြန်လည်သုံးစွဲမည့်အချိန်ပမာဏ တို့ကို ထိန်းချုပ်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

Cache --> Cache Rule ကနေ Create a Cache Rule ကို နှိပ်လိုက်ပါတယ်။

Cache Rule Winzard ပေါ်လာပါမယ် ။ နာမည်တောင်းရင် မိမိစိတ်ကြိုက်နာမည်ထည့်ပေးလိုက်ပါ ။ Next ။

သူက ဘယ် destination ကို cache လုပ်မှာလဲဆိုတာကို မိမိက external ကို ရွေးပေးလိုက်ပါတယ်။

ပြီးရင် Add လိုက်ပါ။ Next ။

=> Only if a Valid Version of the Object Exists in the Cache. If No Valid Version Exists, Route the Request to the Server

In this scenario, which is the default option, a requesting client has a cached object returned only if the object exists in the cache and has not expired.

If there is not a current version, the ISA server routes the request to the web server on the Internet.

=> If Any Version of the Object Exists in the Cache. If None Exists, Route the Request to the Server

For this option, the ISA server returns an object in the cache, even if it has expired. If it does not exist in the cache, it routes the request to

the web server on the Internet. This option can run the risk of supplying stale data to requesting clients.

=>If Any Version of the Object Exists in the Cache. If None Exists, Drop the Request (Never Route the Request to the Server)

With this option, clients get web data only from objects that exist in the cache. If an object isn't in the cache, the

request fails. This is a highly restrictive option, but is useful in scenarios where only specific content is meant to be made available

to web-browsing clients, and that content is made available with Content download jobs.

 

မိမိစိတ်ကြိုက် နှစ်သက်ရာ option ထားလိုက်ပါ။ Next ။

 

Next ။

 

အားလုံးပြီးရင်တော့ ပုံပါအတိုင်း Apply ပေးဖို့ မမေ့နဲ့နော် ..

ကျွန်တော်တစ်ခုချင်းစီရဲ့ menu အသေးစိတ် ရေးသားဖော်ပြချင်ပေမဲ့ တစ်ခုချင်း ရှင်းနေရင် ပြီးတော့မှာ မဟုတ်တော့တဲ့အတွက် အရေးကြီးမယ်ထင်တာတွေပဲ

ရေးသားဖော်ပြပေးလိုက်တာပါ ။ ကျန်တာ ပုံတွေကို ကိုးကားပြီးလုပ်လိုက်ပါ ။ နောက်မှ ကျွန်တော်ဖတ်တဲ့စာအုပ်တွေကို တင်ပေးပါ့မယ်။

cache နေရာတွေ သတ်မှတ်ပြီးဆိုတော့ ကျွန်တော်တို့ အင်တာနက်တွေကို ဘယ်သူတွေကို ပေးမလဲဆိုတာ ဆက်လုပ်ရအောင် ။


မိမိဆာဗာကနေ အင်တာနက်ပြန်ပေးဖို့အတွက် internal nework သတ်မှတ်ပြီး ၊

squid မှာလိုပဲ သတ်မှတ်ထားတဲ့ internal network ကို ခွင့်ပြုဖို့အတွက် firewall policy နဲ့ allow လုပ်ပါမယ်။ ဒီတော့ အရင်ဆုံး ကျွန်တော် Network Topology

တစ်ခု လုပ်လိုက်ပါမယ်။ ISA မှာ Network Topology အတွက် အသင့်သုံး Network Template တွေ ရှိပါတယ် ။ မိမိနဲ့ ကိုက်ညီရာတစ်ခုကို ယူသုံးယုံပါပဲ ။

ကျွန်တော်ကတော့ small network ဆိုက်ဘာကဖေးတွေ အတွက်လောက်ပဲ ရှင်းပြမယ်ဆိုတော့ Edge Firewall ကိုရွေးပြီး ရှင်းလိုက်ပါမယ်။

 

 

Network --> Templates ကနေ Edge Firewall ကို ကျွန်တော်ရွေးလိုက်ပါတယ် ။ သူက Network Card 2 ကဒ် ရှိရပါမယ် ။

တစ်ခုက အင်တာနက် အ၀င်ဖြစ်ပြီး ၊ နောက်တစ်ခုကနေ ကျွန်တော်က internal network အတွက် အင်တာနက် ပြန်ပေးမှာပါ။

Next ပါ။

Next

Add Adapter ကနေ ကျွန်တော်က internal network အတွက် အင်တာနက်ပြန်ပေးမှာဖြစ်တဲ့အတွက် Local Area Connection 2 ကို ရွေးလိုက်ပါတယ် ။

Local Area Connection 2 ဆိုတာ internal network အတွက် သတ်မှတ်ထားတဲ့ NIC ပါ ။ အဲဒီ NIC ရဲ့ IP Range ကို ကျွန်တော်က 192.168.0.1 နဲ့ သတ်မှတ်ထားတာပါ။

မိမိစိတ်ကြိုက်သတ်မှတ်နိုင်တယ်နော် ။ Next ပါ။

အကြမ်းဖျင်း Allow unrestriced access ဆိုပြီး အကုန်ခွင့်ပြုထားလိုက်ပါမယ် ။နောက်မှ အဲဒါတွေကို အသေးစိတ် ထပ်ဆွေးနွေးပါ့မယ် ။

အခုဆိုရင် Network နေရာချထားမှုတွေ ပြီးပါပြီး ။ အင်တာနက်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီး ။ ဒါပေမဲ့ အင်တာနက်ပေးဖို့ ခွင့်ပြုချက်ကို

Firewall Policy ကနေ ခွင့်ပြုချက် ယူရပါဦးမယ် ။ squid proxy မှာလို တစ်ခုခုကြော်ငြာပြီးရင် allow/deny လုပ်ပေးရသလိုပေါ့ ။

အခု Firewall Policy --> Tasks ကနေ Create Access Rule လုပ်လိုက်ပါ။

မိမိနှစ်သက်ရာနာမည်နဲ့ တစ်ခုခုပေးလိုက်ပါ ။ ပြီးရင် allow and deny လာပါမယ် ။ ခွင့်ပြုချင်တာဆိုတော့ Allow ပေါ့ ။

Selected protocols ကနေ Add ကို နှိပ်ပြီး မိမိခွင့်ပြုချင်တဲ့ protocol တွေကို ရွေးပေးပါ ။ ဒီနေရာမှာ web cache ကို အဓိက ထားချင်တာဖြစ်တဲ့အတွက်

HTTP and HTTPS ၂ ခုကိုပဲ ရွေးလိုက်ပါတယ် ။ အကုန်ခွင့်ပြုချင်ရင်တော့  အကုန်ရွေးပေါ့ ။ Next

Access Rule Source ကို မိမိအင်တာနက်ပေးချင်တဲ့ source ကို ပေးရမှာဖြစ်ပါတယ် ။ မိမိ ဆာဗာထိုင်တဲ့စက်မှာပါ အင်တာနက် ရချင်ရင် အခုလိုပဲ Localhost ပါ Add ပေးရပါတယ်။

မ Add ထားရင် ဆာဗာစက်မှာပါ အင်တာနက်သုံးလို့ မရပါဘူး ။ Next ပါ ။

Access Rule Destination မှာတော့ External ကို ရွေးပေးရပါမယ်။ External(internet) က resource တွေကို internal network အတွက် ပြန်လည်ပေးမှာဖြစ်ပါတယ် ။

User အားလုံးကို ခွင့်ပြုချင်တာ ဖြစ်တဲ့အတွက် Next ပေးနိုင်ပါတယ်။

ပြီးပါပြီးခင်ဗျာ ။ ဒါဆိုရင် အကြမ်းဖျင်းအားဖြင့် ISA Server ထိုင်ပြီး internal network အတွက် အင်တာနက် ပြန်လည်ပေးနိုင်ပြီးဖြစ်ပါတယ်။

client စက်ကနေ အင်တာနက်ရမရ စမ်းသပ်ဖို့အတွက် web browser ထဲမှာ server ip address and port ထည့်ပေးရမှာဖြစ်ပါတယ်။

port ကတော့ 8080 ဆိုပြီး default ရှိပါတယ်။ server ip ကတော့ မိမိဆာဗာသတ်မှတ်ထားတဲ့အတိုင်းပေါ့ဗျာ ။ ကျွန်တော်ဆိုရင် 192.168.0.1 ပါ။

ဒါကတော့ client ဘက်ကနေ ချိတ်ဆက်ဖို့အတွက် သုံးလိုက်တာပါ ။ အဲလို client စက်နေ အင်တာနက်ရယူဖို့အတွက် client ဘက်က လုပ်နိုင်တာ ၃ နည်းရှိပါတယ်။



Ref: ရာမညဖိုးလပြည့်

      ကျေးဇူးတင်လျှက်


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ