this site the web

1005..Vocational Education Fair 2010 တွင် Gallant မှ အထူးအစီအစဉ် ( 25.8.10 )

 
www.monetine999.com

အသက်မွေးဝမ်းကျောင်းဘာသာရပ် (၂ဝဝ) ကျော်အား City & Guilds အင်္ဂလန်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးပြီး ပြည်တွင်း၌သာ တက်ရောက်နိုင်ပါသည်။ အင်္ဂလန်နိုင်ငံမှ ပေးပို့သော မေးခွန်းအတိုင်းစာမေးပွဲဖြေဆိုအောင်မြင်ပြီးမှသာလျှင် အင်္ဂလန်နိုင်ငံအသိအမှတ်ပြု ဒီပလိုမာရရှိနိုင်သည့် City & Guilds အသက်မွေးဝမ်းကျောင်းဘာသာရပ်များဖြစ်ပါသည်။ City & Guilds (UK) Institute မှကြီးမှူးကျင်းပသည့် Vocational Education 2010 ကို မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်အဖြစ်ထပ်မံကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ (၁၁) ရက် 2008 ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ထိုအခမ်းအနား၌ ရန်ကုန်မြို့ရှိ City & Guilds Approved Centre ရယူထားသော အင်ဂျင်နီယာသင်တန်းကျောင်း (၆) ကျောင်း၊ ဟိုတယ်သင်တန်း(၂) ကျောင်း၊ IT သင်တန်းကျောင်း (၁) ကျောင်းနှင့် သူနာပြုသင်တန်း (၁) ကျောင်းစုစုပေါင်းကျောင်းပေါင်း (၁၀)ကျောင်းပါဝင်ပြသကြမည်ဖြစ်ပါသည်။

ထိုပြပွဲ၌ GALLANT သင်တန်းကျောင်းမှ City & Guilds (UK) အင်ဂျင်နီယာဒီပလိုမာသင်တန်းကျောင်းအနေဖြင့် ပါဝင်ပြသပြီး ၊ အထူးအစီအစဉ်အဖြစ် City & Guilds အင်ဂျင်နီယာ ဒီပလိုမာသင်တန်းဆု(၂ဝ)ဆု၊ လက်တွေ့ကျွမ်းကျင်သင်တန်း (၂ဝ)ဆု၊ စာရင်းကိုင်သင်တန်း (၅)ဆု၊ ကွန်ပျူတာသင်တန်း (၅)ဆု၊ ကွန်ပျူတာသင်တန်း (၅)ဆု၊ စုစုပေါင်းဆုမဲ (၅ဝ) တို့ကို သင်တန်းကြေး (၆ဝ) ရာခိုင်နှုန်းမှ (၂ဝ) ရာခိုင်နှုန်းအထိကင်းလွှတ်ခွင့် အစီအစဉ်ကို ကွန်ပျူတာဖြင့် မဲနှိုက်ရွေးချယ်စနစ်ဖြင့် ရွေးချယ်ခြင်းအပြင် City & Guilds အင်ဂျင်နီယာကျောင်းဆင်းများအားအလုပ်ရရှိရန် သီးသန့်ပြင်ဆင်ပေးသည့် (C&G.JOFEN) သို့ ဝင်ရောက်လိုသည့် C&G အင်ဂျင်နီယာကျောင်းသားများကို Registration fees အခမဲ့ဖြင့် member ဝင်ရောက်နိုင်ရန်စီစဉ်ထားပါသည်။ ထိုအခမ်းအနားကို စက်တင်ဘာ (၄) ရက် (စနေနေ့) The Strand Hotel ၌နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိခမ်းနားစွာ ကျင်းပမည်ဖြစ်ပါသည်။ City & Guilds Institute မှကျင်းပသည့် Vocational Education Fair 2010 ကိုတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ အသက်မွေးဝမ်းကျောင်းဘာသာရပ်များဖြင့်ပြည်ပတွင် ကျောင်းဆက်လက်တက်ရောက်လိုသူများ/ အလုပ်ရရှိရန်ရည်ရွယ်သူများနှင့် ကျောင်းသားမိဘများမည်သူမဆိုဝင်ကြေးမရှိ တက်ရောက်နိုင်ကြောင်း သိရှိပါသည်။


ကျင်းပမည့်ရက် - 4.9.2010 (Sat)
ကျင်းပမည့်အချိန် - 9:00 am to 5:00 pm
ကျင်းပမည့်နေရာ - Strand Hotel


Source : Ko Lin (Myanmar Training)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ