this site the web

987..အကသင်တန်း ဖွင့်ထားသည့် ခေမီကို ( 21.8.10 )

 
click to zoom


          ခေမီကိုသည် အနောက်တိုင်း အက၊ အာရဗစ်အက၊ ရက်တီနို အကများကို ၂၀၀၁ ခုနှစ်ခန့်တွင် စတင် သင်ယူခဲ့သူ ဖြစ်သည်။ "ခေမီကိုနှင့် သူငယ်ချင်းများ" ဆိုသည့် အကအဖွဲ့ကို ၂၀၀၃ ခန့်က ထူထောင်ကာ ရှိုးပွဲများ၊ စင်တင်ပွဲများတွင် ကပြခဲ့သည်။ ၂၀၀၅ ခုနှစ်ခန့်တွင် စတင် လူသိများလာခဲ့သည်။

        ယခုလက်ရှိတွင် အကပညာ လေ့လာ လိုသူများ အတွက် အက သင်တန်း ဖွင့်လှစ်ထားသည်။ မကြာသေးမီက အဆိုတော် Lဆိုင်းဇီ၏ စင်တင်ပွဲကို ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် ကျင်းပခဲ့ရာ ခေမီကိုနှင့်အဖွဲ့က ၂၀၁၀ ကမ္ဘာ့ဖလား သီချင်း "ဝါကာ ဝါကာ" နှင့် တင်ဆက်ကပြခဲ့သည်။

        ခေမီကိုနှင့်အဖွဲ့ ကထားသည့် ဗီဒီယိုဖိုင်ကို အင်တာနက် youtube ဝက်ဘ်ဆိုက်တွင် တွေ့ရပြီး ခေမီကို၏ ဝတ်စားဆင်ယင်မှုနှင့် အကကို ဝေဖန်မှုများ ရှိနေသောကြောင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေးမြန်းထားပါသည်။

မေး။ ။ ခေမီကို ကို လူသိများသွားတဲ့၊ မှတ်မှတ်ရရ ဖြစ်သွားတဲ့ ပွဲမျိုး ရှိလား။
ဖြေ။ ။ People မဂ္ဂဇင်းက ဒုတိယအကြိမ် miss ရွေးပွဲပေါ့။ အဲဒီမှာ ရှာကီယာတို့ သီချင်းတွေနဲ့ ဗိုက်လှုပ်တဲ့ အကမျိုး တွေကို performance အနေနဲ့ ခေမီကိုအဖွဲ့ကနေပြီး လေးယောက် တင်ဆက်တဲ့ ပွဲမှာ လူပိုသိသွားတယ်။ ဒုတိယ အကြိမ်မြောက် miss ရွေးပွဲ people မှာပါ.

http://api.ning.com/files/prJ7-lirmVN*OGd5KZYRJ6VyxCBza8DjWiKe-3LG1szMvYrnpTsGIH09hWgHyv18Zma4Koqyn-4vj-*Msn1199l-3uOu21vj/861695008.jpeg
          ခေမီကို နဲ့ waka waka


မေး။ ။ အဲဒီမှာ ရှာကီယာ ပုံစံနဲ့ ကတာကို လူသိများသွားတာလား။
ဖြေ။ ။ ဟုတ်တယ်။ ရှာကီယာ ပုံစံ နဲ့ရယ်လို့တော့ မဟုတ်ဘူး။ အဲဒီပေါ်မှာ အခြေခံထားတဲ့ ဗယ်လီ ဒန့်စ်ပေါ့ အဲဒီပုံစံနဲ့ ခေမီကိုတို့ ကဖြစ်တာပေါ့။

မေး။ ။ မြန်မာအက စသင်ဖြစ်ရာကနေ အနောက်တိုင်း အကဘက်ကူးသွားတဲ့ အကြောင်း ပြောပြပါဦး။
ဖြေ။ ။ ယဉ်ကျေးမှုတက္ကသိုလ်က ဆရာမ ဒေါ်နီဝင်းနဲ့ မြန်မာအက စသင်တယ်။ ပုဂံအကတို့ ပျူအကတို့ သင်ရတယ်။ မြန်မာအကကိုတော့ ပထမဦးဆုံး စကတယ်။ အဲဒီနောက်ပိုင်းမှာမှ ဒစ္စကို၊ အနောက်တိုင်း အကတွေ လေ့လာဖြစ်တာပါ။ အနောက်တိုင်း အကကိုတော့ ဆရာက နည်းနည်းပါးပါး အခြေခံတွေ ပြတယ်။ ပြီးတော့မှ ကိုယ်က အမြင်နဲ့ တတ်တာ တွေက များတယ်။

အဲဒီတော့ ကိုယ်တတ်ထားတဲ့ ပညာတွေကို ဘယ်လို ဖော်ထုတ်မလဲ၊ ဘယ်လို တင်ဆက် မလဲဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဦးနှောက်၊ ဉာဏ်စွမ်း ဖြစ်သွားပြီလေ။ အဲဒီ အပေါ်မှာ ခေမီကို အခြေခံပြီး တီထွင်ပါတယ်။

http://www.perfectmagazineonline.com/journal/perfect_news/images/upload/volume30/aug7.jpg


မေး။ ။ ခေမီကိုတို့ အခုကတဲ့ ပုံစံက တော်တော်လေးလည်း ပင်ပန်းမယ် ထင်တယ်။ အဲဒီတော့ အမောလုံဖို့ အတွက် ဘယ်လိုလုပ်လဲ။
ဖြေ။ ။ ပင်ပန်းတယ် ရယ်လို့တော့ မဟုတ်ဘူး။ ခေမီကိုကတော့ ဂီတ အပေါ်မှာ စိတ်သွင်းပြီး Mood ဝင်နေတယ်။ ကျွန်မကို ကြည့်တဲ့ လူတွေကလည်း ပြောကြတယ်။ တချို့ဆိုရင် တော်တော်ကြီးကို လှုပ်ရှားရတယ်၊ အရမ်းပင်ပန်းမှာပဲလို့ ပြောကြတယ်လေ။ ခေမီကို ကတော့ စင်ပေါ်မှာ ရောက်ပြီဆိုရင် သီချင်းနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လူတယောက် အဖြစ်ပေါ့၊

အဲဒီလိုမျိုး သီချင်းပေါ်မှာ စီးမျောသွားတယ်။ အဲဒီလို ပုံစံမျိုး ကဖြစ်တယ်။ တကူးတက တော့မဟုတ်ဘူး။ ဒါပေမယ့် ကျန်းမာရေး အတွက်လည်း အရမ်းထိရောက်မှု ရှိတယ်။ အမောခံနိုင်တယ်၊ သက်လုံအား ကောင်းစေတယ်ပေါ့နော်။

မေး။ ။ ခေမီကိုရဲ့ အဝတ်အစား ဒီဇိုင်းတွေကျတော့ ဘယ်သူလုပ်ပေးလဲ။
ဖြေ။ ။ အဝတ်အစား ဒီဇိုင်းကတော့ ခေမီကိုနဲ့ လိုက်ဖက်တာကို ခေမီကိုရဲ့ စိတ်ကူးထဲမှာ ထွင်ပြီးတော့မှ ဒီဇိုင်နာကို ချုပ်ခိုင်းတာပေါ့နော်။

မေး။ ။ ခေမီကို ဆိုတာကို အိန္ဒိယအကနဲ့ လူသိများလာတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်လား။
ဖြေ။ ။ အိန္ဒိယ အက အစစ်ကြီးတော့ ခေမီကို မကပါဘူး။ ရက်တီနို၊ အာရဗစ် … အဲဒီလို ပုံစံမျိုးကို ခေမီကို ကတာ။ လူသိ များတယ် ဆိုတာက ခေမီကိုတို့က ပွဲတိုင်းလိုလိုမှာ လက်ခံတာက အစ ဒီလိုမျိုး အကမျိုး ဖြစ်နေတာကိုး။ လူငယ်အကတွေ ခေမီကိုတို့ ကရတာပဲ။ ဒါပေမယ့် တခါတလေမှ ကဖြစ်တယ်။

ဒီလိုမျိုး ပွဲတပွဲမှာဆိုရင် လေးပုဒ် ကလိုက်ရတယ်ဆိုရင်၊ လေးပုဒ်ထဲမှာမှ အများဆုံး သုံးပုဒ်က လက်ခံနိုင်တဲ့ အပိုင်းက ရက်တီနိုပဲလေ။ ကျန်တဲ့ hip-hop တွေဘာတွေ လာကပြရင် လူကြီးတွေက မကြိုက်ဘူး။ တချို့လူကြီးတွေ ကြတော့ Classic မှ ကြိုက်တယ်လေ။ ဒီလိုမျိုး လူငယ်အကတွေ ကပြရင် လူကြီးတွေက ကြည့်ရတာ အရမ်း underground ဆန်လွန်းတယ်လို့ သူတို့ စိတ်ထဲမှာ ထင်တာ။

တကယ်တော့ ခေမီကိုတို့က လူငယ်တွေဆိုတော့ underground လိုမျိုး ပုံစံကို ပိုကြိုက် တာပေါ့။ တခါတလေကျရင်တော့ သုံးပုဒ်ကိုတော့ ရက်တီနိုပုံစံ ကပြီး တပုဒ်ကိုတော့ ဒီလိုမျိုး hip-hop စတိုင်လ်နဲ့ပဲ ကတာပေါ့နော်။ မျိုးစုံ ကဖြစ်ပါတယ်။

http://myanmarmp3album.com/wp-content/uploads/2010/07/Image-1.jpg


မေး။ ။ ရှာကီယာရဲ့ ဝါကာဝါကာ သီချင်းနဲ့ ခေမီကို ကထားတယ်နော်။ အဲဒီ အက အင်တာနက်ပေါ်မှာ ရောက်နေတယ်၊ အဲဒါကိုလည်း အရမ်းကို ဝေဖန် နေကြတယ်၊ အဲဒါကိုရော ညီမသိလား။
ဖြေ။ ။ သိပါတယ်။ ခေမီကို ကတော့ ဒီ music ပေါ်မှာ မူတည်ပြီးတော့ သူ့ရဲ့ သံစဉ် တေးသွား အလိုက်ပေါ်မူတည်ပြီး Mood ဝင်သလို ကတာပဲလေ။ ကိုယ်ပိုင်ဟန် အနေနဲ့ ထွင်ပြီးကတာပါ။ ရှာကီယာ ကသလို ခေမီကို ကတာ မဟုတ်ဘူး။ ဒါပေမယ့် ရှာကီယာ သီချင်းကို ကျွန်မနှစ်သက်တယ်၊ သူ့ကို လေးစားတယ်၊ သူ့ကိုကြိုက်တယ်။ သူက သလိုတော့ ခေမီကို ကလို့မဖြစ်ဘူးပေါ့။ သူကလှတယ်လေ။

ဒါကြောင့် ကျွန်မကလည်း ကျွန်မရဲ့ ကိုယ်ပိုင် စတိုင်လ် အတိုင်းပဲ ကတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ အမျိုးသမီး တယောက်အနေနဲ့ နည်းနည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ အကကိုပဲ ကရမှာကိုး။ ပြီးတော့ အာဖရိက ဆန်ဆန်လေးနဲ့ ဒီဇိုင်းကို ဖက်ရှင် အေရိုးမားကနေ ပြီးတော့ ဆင်ပေးတာပေါ့နော်။ ဆင်ပေးတဲ့ ပုံစံနဲ့ ကျွန်မတို့က ကိုယ်တိုင် ထွင်ကတဲ့ အကနဲ့ ကတာပါ။

မေး။ ။ ဒီလို ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်ပြီး ကတာကလည်း ကိုယ့်ဘာသာကိုယ် ကတာ မဟုတ်ဘဲ ရှာကီယာ သီချင်းကြီးနဲ့၊ ခိုးချပြီး ကထားတယ် ဆိုတာမျိုး တော်တော်ကြီး ဝေဖန်ထားတဲ့အပေါ်မှာကော ခေမီကို တခုခု ပြောပါဦး။
ဖြေ။ ။ ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ခေမီကိုကို တချို့ကတော့ လက်ခံတယ်၊ တချို့ ကျတော့ လက်မခံဘူး။ ဒါကတော့ အဆိုးနဲ့ အကောင်းဆိုတာ အမြဲဒွန်တွဲနေတာပဲ။ တချို့ကတော့ ကျွန်မတို့ရဲ့ အဝတ်အစား အပေါ်မူတည်တယ်။ အဝတ်အစားကတော့ ခေမီကို တို့က အမြဲတမ်း ကိုယ့်ဘာသာ တီထွင်သလို ဖြစ်နေတယ်။ ဒါပေမယ့် သူများ ကပြီးတာကိုတော့ မကပါဘူး။

အခု ထွက်နေတဲ့ ရှာကီယာရဲ့ VCD ကို တွဲပြီး ကြည့်လို့ရပါတယ်။ အကတွေက တပုံစံတည်း မဟုတ်ဘူးလေ။ အာရဗစ် ပုံစံကတော့ ဒီလိုမျိုး ပုံစံပဲ သွားရမှာပဲ။ ပုံစံ ကူးတာတော့ ခေမီကို မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခေမီကို ဒီသီချင်းကို စနားထောင်ပြီး စပြီး အက ထွင်ကတည်းကိုက ရှာကီယာ ကတာ လုံးဝ မမြင်ဖူးဘူး။ ဒါ လုံးဝ အမှန်အတိုင်း ပြောတာပါ။

လုံးဝ မမြင်ဘူးဘဲနဲ့ ခေမီကိုတို့ အဖွဲ့ အပျော်သဘောနဲ့၊ အရမ်းကို အားပေးတဲ့ အနေနဲ့၊ ဒီကမ္ဘာ့ဖလား ပွဲကြီးကို အားပေးတဲ့ အနေနဲ့ ခေမီကိုကလည်း ကမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကကြတာပါ။ ကပြီးတော့လည်း မဆိုင်းဇီ ပွဲလေးမှာ ဒါ ကိုယ့်အစ်မ တယောက်ကို ဒီပွဲလေးမှာ စုပြီးတော့ ပျော်စေချင်တဲ့ စိတ်သဘောနဲ့ ခေမီကိုတို့က ကပေးတာလေ။

ပုံတူကူးချတယ်လို့ ပြောရင်တော့ နည်းနည်းလေး မှားမယ်လို့ ခေမီကို ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယှဉ်ကြည့်လို့ ရတယ်လေ။

မေး။ ။ အဲဒီတော့ ဝတ်စား ဆင်ရင်မှုနဲ့ ပတ်သက်ပြီးတော့ရော၊ ဒါကို မြန်မာ့ ယဉ်ကျေးမှုနဲ့ မညီဘူး၊ ဗိုက်ကို ဖော်ထားတယ်၊ ရင်တွေ၊ တင်တွေလှုပ်ပြီး ကတယ်ဆိုတာမျိုး ဝေဖန်ကြတာတွေကို ညီမအနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ဒါကတော့ ခေမီကို့ အတွက်ကတော့ မဆန်းတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခေမီကို အစကတည်းက ဒီရှာကီယာ သီချင်းတွေနဲ့ပဲ ဗိုက်ဖော်ပြီး ကလာတာကိုး။ ခေမီကို အတွက်ကတော့ ဒီဟာက အဆန်းကြီး မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ်၊ ဗိုက် ဘယ်လောက်ပဲ ပေါ်ပေါ် ဘယ်လိုပဲ ခေမီကို လုပ်လုပ် ခေမီကို ကတော့ မြန်မာအမျိုးသမီး တယောက်ပါပဲ။ မြန်မာအမျိုးသမီး စိတ်ဓာတ်အပြည့်ရှိပါတယ်။

http://i.ytimg.com/vi/1kA-1SW2bF8/0.jpg


မေး။ ။ အဲဒီတော့ မြန်မာအမျိုးသမီး တယောက်ရဲ့ စိတ်ဓာတ်နဲ့ ဒီဝတ်စား ဆင်ယင်မှုနဲ့ မဆိုင်ဘူးလို့ ပြောချင်တာလား။ အဲဒီလိုပဲ ညီမက ခံယူထားတာလား။
ဖြေ။ ။ ဟုတ်ကဲ့ ခေမီကိုကတော့ အဲဒီလိုပဲ ထင်တယ်။ အဓိကကတော့ အနုပညာပေါ့နော်။ အနုပညာ ကောင်းဖို့ပဲ လိုတယ် ထင်တယ်။

မေး။ ။ ခေမီကိုက ဒီအကနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ဆက်လုပ်သွားဖို့ အစီအစဉ် ရှိလဲ။ ဘာတွေ ဆက်လေ့လာဖို့ အစီအစဉ် ရှိလဲ။ ညီမနောက်ထပ် ဘာတွေ လုပ်ချင်သေးလဲ။
ဖြေ။ ။ အဲဒါကတော့ ခေမီကို စိတ်ကူးပေါ်ရင် ပေါ်သလိုတော့ လုပ်ဖြစ်ပါတယ်။ တခြားတော့ ဘာစိတ်မှ မရှိဘူးပေါ့နော်။ ကမယ်၊ music ကောင်းရင်၊ ခေမီကိုတို့ အဖွဲ့နဲ့ လိုက်ဖက်ရင် ခေမီကို တို့ကတော့ ကတယ်။ သေချာတာကတော့ အသစ်အနေနဲ့ အမြဲတမ်း ထွင်ဖြစ်ပါတယ်။

ပေါ်တာ၊ မပေါ်တာတွေကတော့ ခေမီကို မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဓိက ခေမီကို ပြောချင်တာက တချို့ အရင်တုန်းက ၂၀၀၂ – ၂၀၀၃ လောက် တုန်းက ကခဲ့ကြသလို စကတ် တိုတိုလေးတွေဝတ်၊ ဘောင်းဘီ အကျပ် တိုတိုလေးတွေ ဝတ်ပြီးတော့ sexy အက ကတာလည်း မဟုတ်ဘူး။ ခေမီကို တို့က တကယ့် အကကို၊ အနုပညာကို ကပြတာပါ။

မေး။ ။ ခေမီကိုတို့ အကတွေက sexy အကနဲ့ မတူဘူး၊ ကွဲတယ်လို့ ပြောချင်တာလား။
ဖြေ။ ။ အရမ်းကို ကွဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီး ဝတ်ပြီး ဗိုက်ကြီး ပေါ်ပြီး sexy ကတာလည်း မဟုတ်ဘူးလေ။ မယဉ်ကျေးတဲ့ အကတွေ ကတာလည်း မဟုတ်ဘူး။ ခေမီကိုတို့က တကယ်ကို လိုင်း ရှိတဲ့ ဟာတွေကို ကတာပေါ့နော်။ အဲဒီတော့ သူ့ရဲ့ အဝတ်အစား ပုံစံတွေကတော့ ဒီလိုပဲ လာတယ်လေ။ သူ့ရဲ့ လိုင်းပေါ့နော်။ ဒါပါပဲ။

မေး။ ။ အခု အင်တာနက်ပေါ်မှာ ဝေဖန်တာ ပြည်တွင်းမှာရော အဲဒီလို တည့်တည့် ဝေဖန်တာမျိုး ခံရတာ ရှိလား။
ဖြေ။ ။ ရှိတာပေါ့၊ အများကြီး။ တချို့ကလည်း ကောင်းတယ်ပေါ့၊ တချို့ကလည်း မကောင်းဘူးပေါ့။ ဒါကတော့ လိုတဲ့ လူ၊ မလိုတဲ့ လူပေါ်မှာ မူတည်တယ် ပေါ့နော်။

မေး။ ။ အဲဒီတော့ ယဉ်ကျေးမှု ပေတံဆိုတာနဲ့ နေရာတကာ လိုက်တိုင်း သင့်တယ်လို့ ညီမထင်လား။ တချို့ အနုပညာတွေမှာ လွှတ်ပေးသင့်တယ်လို့ ထင်လား။ ညီမ ဘယ်လို သဘောရလဲ။
ဖြေ။ ။ ခေမီကို ထင်တာကတော့ ကိုယ်တကယ် လုပ်နိုင်တယ်ဆိုရင် ဘယ်လောက်ပဲ ပေါ်ပေါ် လုပ်ပါ။ တကယ် အနုပညာ စစ်ရင်တော့ ဘယ်လောက်ပေါ်ပေါ် လုပ်၊ လှတယ်။ ခေမီကို ဆိုလိုတာကလေ အဲဒီလို ယဉ်ကျေးမှု ပေတံနဲ့ တိုင်းတယ်၊ မတိုင်းဘူး ဆိုတာထက် ကိုယ့်အပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ ကိုယ့် ဂုဏ်သိက္ခာ၊ ကိုယ်ယုံကြည်ချက် ခိုင်တယ် ဆိုရင်တော့ မြန်မာ အမျိုးသမီး တယောက် အနေနဲ့ ဘာမှ မဖြစ်လောက်ပါဘူး။ ခေမီကိုတို့ ကတော့ သေချာတာက ဒီအက တကယ်ရှိလို့ ခေမီကိုတို့ လုပ်တာပါ။

မေး။ ။ ခေမီကို အနေနဲ့ ဖက်ရှင် ဒီဇိုင်း အမျိုးမျိုးကို ထွင်ပြီးတော့ ဝတ်နေရတဲ့ သူလည်း ဖြစ်တယ်၊ နောက်တခုက ခုနက ညီမပြောသွားတာ၊ ပုဂံ အကတွေလည်း ကတယ်ဆိုတော့ ပုဂံခေတ်က အမျိုးသမီးတွေရဲ့ ဝတ်စား ဆင်ယင်မှု တွေကိုရော ညီမ လေ့လာဖူးလား။
ဖြေ။ ။ လေ့လာဖူးပါတယ်။ အခုဆိုရင် မြန်မာအမျိုးသမီးရေးရာ အဖွဲ့အတွက် ခေမီကိုတို့ မြန်မာ့ အသံတို့၊ မြဝတီတို့မှာ လွှင့်တော့မှာပါ။ အဲဒီ ပုဂံအကကို ခေမီတို့ ညီအစ်မ နှစ်ယောက် ကပေးထားတာပါ။ ဆရာမတွေကလည်း အကုန်လုံး သင်ပေးတယ်။ သူတို့တွေကတော့ လုံးဝကို မြန်မာရှေးရိုး ဆန်ဆန်၊ ရှေးခေတ်ပုံစံ အတိုင်း အဲဒီလို ဝတ်ကြတာပေါ့နော်။

မေး။ ။ အဲဒီခေတ်မှာကော အမျိုးသမီးတွေရဲ့ အဝတ်အစားတွေက ဗိုက်တွေ ဘာတွေ မပေါ်ဘူးလား။
ဖြေ။ ။ အဲဒီ ခေတ်တုန်းကတော့ မပေါ်ပါဘူး။ နည်းနည်းပါးပါး ပေါ်တယ်ဆိုတာကလည်း ချက် နေရာလောက်ပေါ့။ တကယ်တော့ ပုဂံခေတ် အရမ်းစစ်သွားလို့ရှိရင် လုံးဝ မပေါ်ပါဘူး။ ဒါပေမယ့် ရက်တီနိုဘက်ကို ဝင်သွားလို့ရှိရင်တော့၊ ရောမ ခေတ်ကို ရောက်သွားပြီ။ ရောမခေတ်ဘက်ကို ရောက်သွားပြီ ဆိုလို့ရှိရင် ဒီဟာက အနောက်တိုင်း ဘက်ကို ရောက်လာပြီ။ အနောက် တိုင်းဘက်မှာ အဲဒီ ရက်တီနိုနဲ့ ပတ်သက်ပြီး ပေါ်တာ၊ မပေါ်တာထက် သူတို့ ရိုးရာ ဝတ်စုံတွေ အများကြီး ရှိတယ်။ ခေမီကိုတို့ လိုက်မမီ တာတွေလည်း အများကြီး ရှိပါတယ်။

မေး။ ။ ခေမီကိုအနေနဲ့ တခြား နိုင်ငံတွေမှာ အကနဲ့ ပတ်သက်တဲ့ ကျောင်း သွားတက်ချင်တဲ့ ဆန္ဒ မရှိဘူးလား။ ထပ်ပြီးတော့ အကပညာနဲ့ ပတ်သက် ပြီးတော့ လေ့လာဖို့ပေါ့။
ဖြေ။ ။ ဟုတ်ကဲ့ ထပ်ပြီးတော့ လေ့လာဖို့ မရှိဘူးလား ဆိုတော့ ရှိတာပေါ့၊ အရမ်း ရှိတယ်။ ဟိုကလည်း သူတို့ အဖွဲ့ဝင်အနေနဲ့ ကဖို့ ခေါ်ပါတယ်။ ဒါပေမယ့် ခေမီကို တို့ကတော့ မြန်မာပြည်မှ မြန်မာပြည်ပဲ။ ဘယ်မှ မသွားဘူး။

မေး။ ။ ဒါဆိုရင် နိုင်ငံခြားက ခေါ်တယ်ပေါ့ ဟုတ်လား။
ဖြေ။ ။ ဟုတ်တယ် ခေါ်တယ်။ နိုင်ငံတစ်နိုင်ငံက သူတို့အက အဖွဲ့မှာ ဝင်ကပေးဖို့၊ သူတို့နဲ့ ပူးပေါင်းပေးဖို့။ ဒါပေမယ့် ခေမီကိုကတော့ အေးအေးဆေးဆေးပဲ ဒီမှာနေမယ်လေ၊ နော်။ အခုအချိန်က အစစအရာရာ ခေတ်မီနေပြီလေ။ ခေမီကိုတို့ လုပ်နိုင်သလောက်တော့ လုပ်သွားမှာပါ။ မလုပ်နိုင်ရင် မလုပ်ဘူးပေါ့။ အေးအေးဆေးဆေးပဲ။ ခေမီကိုတို့ကို ဟိုဘက်ကလည်း ခေါ်တယ်ဆိုတဲ့နေရာမှာ တခါတလေကျရင် အဆင်ပြေတာရှိပါတယ်၊ ဒါပေမယ့် ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံမှာ နွေးထွေးမှုခြင်း မတူဘူးလေ။ အဲဒါကြောင့် ကိုယ့်နိုင်ငံမှာ ကိုယ့်ဟာကိုယ် ပျော်သလို ကတာပဲ ကောင်းပါတယ်။

မေး။ ။ ခေမီကို ဆိုတဲ့ နာမည်က ဘာလူမျိုးရဲ့ နာမည်လဲ။
ဖြေ။ ။ ဂျပန်နာမည်လေးကို ကြိုက်လို့ သုံးထားတာ။ ကိုယ်နဲ့လည်း လိုက်လို့ပေါ့နော်။ ခေမီကို ဆိုတာ ပြုံးအလှ ပိုင်ရှင်လို့လည်း ပြောလို့ရတယ်၊ အတောက်ပဆုံးကြယ် လို့လည်း ပြောလို့ရတယ်။

မေး။ ။ ခေမီကို့ကို ဝေဖန်တဲ့သူတွေကိုကော၊ လက်ခံတဲ့ ပရိတ်သတ်ကိုကော ဘာပြောချင်လဲ။
ဖြေ။ ။ ကောင်းတယ်ဆိုရင်လည်း ကောင်းတယ်ပေါ့၊ မကောင်းဘူး ဆိုရင်လည်း မကောင်းဘူးပေါ့။ ပြောတာ လက်ခံပါတယ်။ ဝေဖန်တာ၊ မဝေဖန်တာထက် သေချာ လေ့လာကြည့်ရင် သိသာပါတယ်။ ခေမီကိုက ခေမီကို့ကို ကောင်းတယ်လို့ပဲ ပြောရမယ်လို့ မဆိုလိုပါဘူး။ ဒါက လူ့ရဲ့ စိတ်အလိုအလျှောက် ဖြစ်လာတာပဲလေ။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဒါပေမယ့် ခေမီကိုတို့ကတော့ တတ်နိုင်သလောက် ကိုယ့် အနုပညာကို ကိုယ် ဖော်ထုတ်နေမှာပါ။ ။

Ref: Internet


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ