this site the web

952..CD ပေါ်က data တွေဖျက်ခြင်း 14.8.10

 

         CD ခွေ တွေမှာ သုံးတဲ့ File System ဟာ CDFS ဖြစ်ပါတယ်။ အခုတော့အဲဒီ CDFS အစား UDF ကို အသုံးများလာပါပြီ။ CDFS နဲ့ UDF ဘာကွာသလဲဆိုတော့
CDFS ဟာ ခွေကူးချိန်ဆိုတာ သက်သက်ပေးရပါတယ်။ ကူးမဲ့ဖိုင်တွေ ရွေးရမယ်။ပြီးတော့ အကုန်လုံးကို တပြိုင်နက် ကူးရပါတယ်။

       UDF ကတော့  ခွေလွတ်ပေါ်မှာ ဖိုင်တွေကို တစ်ဖိုင်ချင်းစီ ထည့်လို့ရမယ်။ ထည့်ထည့်ချင်း Burn မယ်။ ပြီးရင် ထပ်ထည့်ကြည့်။ ထပ် Burn ပေးပါလိမ့်မယ်။ အဆုံးသတ်ကျမှ
Session ကို ပိတ်ပေးရပါတယ်။

 Windows 7 ပေါ်မှာ UDF ကို အသုံးပြုပြီး ခွေကူးနည်း....

၁။ ပထမဆုံး Drive ထဲကို CD/DVD ခွေလွတ်တစ်ချပ် ထည့်လိုက်ပါ။
၂။ ပြီးရင် ခွေထဲကို ထည့်မယ့် ဖိုင်တွေထဲက ဖိုင်တစ်ဖိုင်ကို ကော်ပီကူးပါ။ Computer ထဲက ကိုယ့် Drive ကို ဖွင့်ပြီး Paste လုပ်ပါ။
၃။ အဲဒီအခါ အောက်မှာပြထားသလို Box တစ်ခုပေါ်လာပါလိမ့်မယ်။ Use a USB Flash Drive ကို ရွေးပြီး OK နှိပ်လိုက်ပါ။
၎။ အဲဒီအခါမှာ Windows 7 ဟာ ခွေလွတ်ကို UDF File System အနေနဲ့ Format ချပါလိမ့်မယ်။
၅။ Format ရိုက်ပြီးသွားရင် အစောက ကော်ပီကူးခဲ့ဖိုင်ကို Paste လုပ်လိုက်ပါ။ Windows 7 က အဲဒီဖိုင်ကို ခွေလွတ်ထဲ ချက်ချင်းထည့်ပေးပါလိမ့်မယ်။
၆။ နောက်ထပ် ဖိုင်တွေကိုလည်း Copy/Paste နည်းသုံးပြီး ခွေလွတ်ထဲကို ထည့်ကြည့်ပါ။
၇။ပြီးသွားရင် Drive က Eject ခလုတ်ကို နှိပ်ပြီး ခွေကို ထုတ်လိုက်ပါ။ ခွေက ချက်ချင်းထွက်လာဦးမှာ မဟုတ်ပါဘူး။ Windows 7 က ခွေကို Session ပိတ်ပါလိမ့်မယ်။ အဲဒါလေးကို ခဏစောင့်လိုက်ပါ။
၈။  ပြီးသွားပါပြီ။

ဖျက်နည်း
၁။အဲဒီခွေကိုပဲ Drive ထဲ ပြန်ထည့်ပါ။ ခွေထဲက ကြိုက်တဲ့ဖိုင်ကို ရွေးပြီးဖျက်လိုက်ပါ။ ပျက်သွားပါလိမ့်မယ်။ ကဲ RW ခွေ တွေ သုံးစရာမလိုတော့ဘူး...

Credit to Ko Ko


*******cd ပေါ်က data တွေကိုဖျက်လိုက်ရင် အဲဒီ data နေရာမှာလွတ်သွားတဲ့ memory ကိုပြန်သုံးလို့ မရပါဘူးဗျာ...   ပြန်ဖျက်ပြီးရင် ပျက်တာတော့ပျက်သွားပေမယ့် သုံးထားတဲ့နေရာက Free မဖြစ်လာပါဘူး... 


XP မှာ......

      XP မှာတော့ .... Multi session ကို အမှန်ခြစ်လေးလုပ်ပေးမှ  cd ပေါ်မှာ data ရှိတဲ့ session အလုပ်မလုပ်အောင် ပိတ်လိုက်တာ ပြီးတော့မှ free ဖြစ်တဲ့ session မှာ ကူးတာပါ...

Credit to Myanmaritmen


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ