this site the web

913..လိင်တူလက်ထပ်ခြင်းအပေါ် သက်တံအယ်ဒီတာ့ဘာဘော် ..7.8.10

 
၂၀၁၀ ခုနှစ်အတွင်း လိင်တူချင်း ချစ်သူတွေရဲ့ တရားဝင် လက်ထပ်ထိမ်းမြားခွင့်ကို ခွင့်ပြုလိုက်တဲ့ နိုင်ငံတွေ ပိုမိုတိုးပွားလာတာဟာ လိင်တူချစ်သူတွေအတွက် ကျေနပ်အားရ ဂုဏ်ယူစရာ ကောင်းလှပါတယ်။ ၂၀၁၀ ခုနှစ်တခုထဲမှာဘဲ ပေါ်တူဂီ၊ အိုက်စ်လန်နဲ့ လက်တင် အမေရိကတိုက်မှာ ပထမဦးဆုံး နိုင်ငံအဖြစ် အာဂျင်တီးနား နိုင်ငံတို့မှာ လိင်တူချစ်သူတွေရဲ့ တရားဝင် လက်ထပ်ထိမ်းမြားမှုကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီ အောင်မြင်မှုတွေကြောင့် တခြားနိုင်ငံတွေမှာလဲ လိင်တူချင်း တရားဝင် လက်မှတ်ဖို့ စတင်ဆွေးနွေး လာနေတယ်ဆိုတဲ့ သတင်းတွေကို ကြားသိနေရပါပြီ။

လိင်တူချင်း ချစ်သူတွေအပေါ် တရားဝင် လက်ထပ်ထိမ်းမြားခွင့် ပြုရေးနဲ့ ပတ်သက်ပြီး ခွင့်ပြုသင့် မပြုသင့် ဆိုတဲ့အချက်ကို နိုင်ငံများမှာ အခြေအတင် ငြင်းခုန်နေခဲ့တာ ကာလ အတော်တောင် ကြာမြင့်ခဲ့ပါပြီ။ ကန့်ကွက်သူတွေက လက်ထပ်ထိမ်းမြားမှု ဆိုတာဟာ လိင်ကွဲချင်းချစ်သူ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးအကြားမှာသာ ဖြစ်သင့်တဲ့ အရာလို့ဆိုပြီး ဘာသာရေး၊ လူမှုရေး ရှုထောင့်တွေကို ကိုင်စွဲလို့ ဆန့်ကျင်ခဲ့ကြပါတယ်။ လိင်တူချင်း ချစ်ခြင်းနဲ့  လက်ထပ်ခြင်းဟာ သဘာဝကို ဆန့်ကျင်တဲ့ အပြုအမူ ဖြစ်တာကြောင့်မို့လို့ လက်မခံသင့်ဘူးလို့ ကြွေးကြော်ပြီး ဆန့်ကျင်ကြပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာတော့ လိင်တူအချင်းချင်း လက်ထပ်ထိမ်းမြားမှုကို လက်ခံအတည်ပြုလာတဲ့ နိုင်ငံတွေ တိုးပွားလာတာဟာ ဒီလို ဆွေးမြေ့နေတဲ့ အယူအဆတွေကို ချေဖျက်နိုင်လာခြင်းရဲ့ သင်္ကေတဘဲ ဖြစ်ပါတယ်။

နိုင်ငံတကာက လေးစားတန်ဖိုးထား နေရတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် (၁၆) မှာဆိုရင် လက်ထပ်ထိမ်းမြားမှုကို လူ့အခွင့်အရေး တရပ်အနေနဲ့ ဖော်ပြထားတာကို တွေ့ရှိမှာပါ။ အရွယ်ရောက်ပြီးတဲ့ ကျား၊မ တိုင်းဟာ မိမိဆန္ဒအတိုင်း လက်ထပ်ထိမ်းမြားခွင့် ရှိသည်လို့  ဆိုထားပါတယ်။ လူတွေထဲက လူသား တွေဘဲဖြစ်တဲ့ လိင်တူချစ်သူတွေအနေနဲ့ လူသားတိုင်း ခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး တရပ်ကို ခံစားခွင့် ရှိတာဟာ ကျိုးကြောင်းသင့်လျှော်တဲ့ အချက်ဘဲ ဖြစ်ပါတယ်။

လူ့အခွင်အရေး ရှုထောင့်က မဟုတ်ဘဲ လူမှုရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လဲ လူသားနှစ်ယောက်ရဲ့ မိသားစုဘ၀ကို အသိအမှတ် ပြုပေးခြင်းဟာ ထိုလူသား နှစ်ယောက်ကို အလေးထား တန်ဖိုးထားပေးခြင်း ဖြစ်တာမို့လို့ မင်္ဂလာတပါးပါဘဲ။ လူသားအချင်းချင်း ချစ်ခင်မြတ်နိုးလို့ စိတ်တူကိုယ်တူ ပေါင်းဖက်ခြင်းဟာ မတူညီတဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်ပြီး ပျော်ရွှင်မှုတွေ ဘ၀ရဲ့ အခက်အခဲတွေကို အတူတကွ လက်တွဲကျော်ဖြတ်မယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ပြီး ပတ်ဝန်းကျင်ကို အသိပေးတဲ့ အပြုအမူလဲ ဖြစ်ပါတယ်။ ဒါဟာ လေးစား တန်ဖိုးထားသင့်တဲ့ အရာဖြစ်တဲ့အတွက် အသိအမှတ် ပြုပေးတာဟာ ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်းတိုင်းက လုပ်သင့်တဲ့ လုပ်ရပ်တခုဘဲ ဖြစ်ပါတယ်။

နောက်ထပ် အပိုင်းကနေ ပြောရမယ်ဆိုရင် လက်ထပ်ထိမ်းမြားမှုဟာ လူသားတယောက်ရဲ့ ရွေးချယ်ခွင့်လဲ ဖြစ်ပါတယ်။ ကိုယ် ချစ်ခင်မြတ်နိုးရသူကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး  ဘ၀ရဲ့ လက်တွဲဖော်အဖြစ် သတ်မှတ်မှုမှာ အခြားဘယ်သူကမှ ၀င်ရောက်စွတ်ဖက်တာ မပြုသင့်ပါဘူး။ အရွယ်ရောက်ပြီးသူတိုင်း ကိုယ့် သဘောဆန္ဒအတိုင်း အိမ်ထောင်တခုကို ထူထောင်ခွင့်ဆိုတာ အဲဒီသူတယောက်ရဲ့ ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။ ဆန္ဒမပါတဲ့ အိမ်ထောင်ရေးကို အတင်းအကြပ် စီစဉ်တာမျိုးအပေါ် လက်မခံတော့တဲ့ အခုလို အချိန်အခါ မျိုးမှာ လူသားနှစ်ယောက် ဆန္ဒအတိုင်း လက်ထပ်ထိမ်းမြားတာကို အသိအမှတ်ပြုဖို့ သင့်နေပါပြီ။

အခုလို လိင်တူချင်း လက်ထပ်မှုတွေကို လက်ခံလာတဲ့ နိုင်ငံတွေ တိုးပွားလာတာ ကျေနပ်အားရစရာ ဖြစ်ပေမယ့် လက်မခံတဲ့ နိုင်ငံအစိုးရတွေ၊ လက်မခံနိုင်တဲ့ လူမှု အသိုင်းအ၀ိုင်းတွေ ရှိနေဆဲဆိုတာကိုလဲ သတိပြုရပါလိမ့်မယ်။ သမိုင်းကြောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အသားအရောင်အပေါ် အခြေခံ ခွဲခြားမှု ဆန့်ကျင်ရေး တိုက်ပွဲတွေ ဆိုရင်လဲ လွယ်လွယ်ကူကူနဲ့ အောင်ပွဲဆင်နိုင်တာ မဟုတ်ခဲ့ပါဘူး။  ပေးဆပ် စတေးမှုတွေ များစွာရင်းနှီးပြီးမှ အောင်ပွဲဆင်ခဲ့နိုင်တာ ဖြစ်ပါတယ်။ အခုလို အသိအမှတ် ပြုလာမှုတွေကို အခြေခံပြီး လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံတဲ့ မုန်းတီးမှုတွေ အသိအမှတ် မပြုမှုတွေ ပပျောက်လာဖို့နဲ့ တရားဝင် လက်ထပ်ထိမ်းမြားခွင့် အပါအ၀င် လိင်တူချင်း ချစ်သူတွေအပေါ် လူသားချင်း လေးစားမှုတွေ ပေါ်ပေါက်လာဖို့အတွက် ဆက်လက်ကြိုးပမ်းသွားဖို့ လူသားအားလုံးကို တိုက်တွန်းလိုပါတယ်။

သက်တံ့အယ်ဒီတာအဖွဲ့

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ