this site the web

910.. ဒရမ်မာ ဖိုးသက်၏ ဒရမ်တီးခတ်နည်း စာအုပ်ထွက်ရှိ...7.8.10

 




       ဒရမ်မာဖိုးသက်၏ ဒရမ်တီးခတ်နည်း (အခြေခံမှ အဆင့်မြင့်) စာအုပ်ကို စာပေလောကမှ (၂၉၊၇၊၂ဝ၁ဝ) ရက်နေ့က မြန်မာ တစ်ပြည်လုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ဖိုးသက်သည် (၁၉၉၂)ခုနှစ်လောက် ကတည်းက ဂီတလောကတွင် ခြေချခဲ့သူဖြစ်သည်။ ဖိုးသက်သည် ဒရမ်မာအဖြစ် တီးခတ်ခဲ့သည့် တီးဝိုင်းပေါင်း များစွာ ရှိပြီဖြစ်သည်။ ရုံးပတီသီးလေးများနှင့် မြေပဲယို ဝိုင်းတို့တွင် တီးခတ်ခဲ့သူဖြစ်သည်။ ဂီတလောကတွင် ဖိုးသက်ကို ဂီတဖိုးပါကြီးဟု ကင်ပွန်းတပ် ခေါ်ခဲ့ကြသည်။ ဂီတလောကတွင် (၁၈)နှစ်ခန့် ရပ်တည် လာနိုင်သည် အတွက် ဒရမ်တီးခတ်နည်း စာအုပ်ကို ထုတ်ဖြစ်ခြင်းဖြစ်သည်။ ဖိုးသက်သည် ဒရမ်တီးခတ်နည်းစာအုပ်ကို နှစ်နှစ်ခန့် အချိန်ယူပြီး ရေးခဲ့ရသည်။ မြန်မာပြည်တွင် ဂီတသင်တန်းကျောင်းများ အလွန် ရှားနေသေးသည့် အတွက် ဂီတသင်တန်း ကျောင်းများနှင့် အလှမ်းကွာသည့် လူငယ်များကို တတ်သိ နားလည်စေချင်သည့် စေတနာဖြင့် ပြုစု ရေးသားခြင်း ဖြစ်သည်ဟု ဖိုးသက်ကဆိုသည်။ ဖိုးသက်၏ ဒရမ်တီးခတ်နည်း စာအုပ်ကို Gmi ဂီတသင်တန်းကျောင်းက ထုတ်ပေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဖိုးသက်၏ ဒရမ်တီးခတ်နည်း စာအုပ်ကို ဝယ်သူတိုင်းကို DVD Lesson ခွေတစ်ခွေ လက်ဆောင်ပေးခြင်း ဖြစ်သည်။ ၄င်း DVD တွင် နိုင်ဇော်(Lazy Club)၊ ဒီရော်ဂမ်(Gmi)၊ မောင်မောင်(မြေပဲယို)၊ မောင်ဂျက်(မြေပဲယို)၊ အောင်အောင် (ရော့ခ်မုဆိုး)တို့က featuring ဝင်ရောက် တီးခတ်ပေးထားသည်။


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ