this site the web

909..မြန်မာမိန်းကလေးနှစ်ဦး ရောင်းစားရန်စီစဉ်စင် ကယ်တင်နိုင်ခဲ့..7.8.10

 
ယမန်နေ့ညပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာမိန်းကလေး နှစ်ဦးအား
ထိုင်းဘတ်ငွေတစ်သောင်းနှစ်ထောင်ဖြင့် ရောင်းရန် စီစဉ်နေစဉ်တွင် မဲဆောက် အခြေစိုက်
ပြည်သူ့စေတနာဝန်ထမ်းအသင်းမှ ကယ်တင်နိုင်ခဲ့သည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက် မီးရထားဝန်းအတွင်း နေထိုင် သော
အဖအမည်- ဦးမျိုးမြင့်၊ဒေါ်နန်းဦး တို့၏သမီးများဖြစ်ကြသော မမျိုးမျိုးအေး အသက်(၂၄)
နှစ်နှင့် မနှင်းနှင်းယု အသက်(၂၁)နှစ်တို့နှစ်ဦးကို အတူဈေးရောင်းခဲ့သော သူငယ်ချင်း၏
အမေဖြစ်သူ ဒေါ်သီတာ အင်းစိန်ကုန်းကျော်တံတားအနီး မီးရထားဝန်း အတွင်းနေထိုင်သူမှ
̏မဲဆောက်တွင်အလုပ်လုပ်ချင်လျှင် ပိုက်ဆံ လုံးဝပေးစရာမလို ကြောင်း စေတနာဖြင့်လိုက်
ပို့ပေးမည်˝ ̏ သူတို့အတွက်ဘာမှမရဘူး ˝ ဆိုလို့ ကျမတို့လဲ အမေ့မျက်စေ့ခွဲရန် ဆေးဘိုးကုန်
ကျငွေကို ရှာရန်အတွက် မဲဆောက်မှာ အလုပ်သွားလုပ် မယ် ဆိုပြီး လိုက်လာခဲ့ကြောင်း ညီမဖြစ်သူ
မနှင်းနှင်းယုက ( FNG ) သို့ပြောခဲ့ပါသည်။

မမျိုးမျိုးအေးကလဲ ပြန်ရရင်ကောင်းမလား၊ အလုပ်ဘဲဆက်လုပ်ရင်ကောင်းမလား  မသိဖြစ်နေတယ်
အရမ်းလဲ စိတ်ညစ်တယ် အမေ့အတွက်လဲ စိတ်အရမ်းပူတယ် ဒီမှာ နေရတာလဲ အရမ်းကြောက်တယ် ဟုပြောသည်။

ကျမတို့ကို ဒေါ်သီတာက ရန်ကုန်ကနေခေါ်လာခဲ့တယ် မြ၀တီကိုရောက်တော့ ဒေါ်သီတာက
သူ့ရဲ့သားမက်တော်သူ ကိုကျားကြီး နှင့် မဲဆောက်သို့ဆက်လာခဲ့ရတယ် မဲဆောက်ဈေးအတွင်း
လက်ဘက်ရည်ဆိုင်တန်းတွင်ရှိသော လဘက်ရည်ဆိုင် တစ်ဆိုင် တွင် အမျိုးသမီးကြီးတစ်
ဦးနှင့်တွေ့သောအခါ ထိုအမျိုးသမီးကြီးက နင်တို့နှစ်ယောက်ကို ဘတ်ငွေတစ်သောင်းနှစ်ထောင်
မြန်မာငွေနဲ့ဆိုရင် ခြောက်သိန်းလောက် ရှိမယ် ဆိုတော့ သမီးလဲ အရမ်းခံစားမိရတယ်
ကြောက်လဲကြောက်တယ် သမီးအမဆိုရင် တစ်ချိန်လုံးငို နေတာဘဲ သမီးကတော့မငိုဘဲ
အနီးအနားမှာ အသိတွေ သူငယ်ချင်းတွေများ တွေ့မလား လို့ ရှာနေရင်း သူငယ်ချင်းတစ်ယောက်
ကိုတွေ့ပြီး အကူအညီတောင်းလိုက်လို့ လာပြီးကူညီ မဲ့လူတွေနဲ့တွေ့ပြီး လွတ်လာခဲ့ရတာပါ။

ကူညီတယ်တင်ခဲ့သူ ပြည်သူ့စေတနာဝန်ထမ်းအသင်းမှ ကိုသိန်းဆန်းက ပြည်သူ

ရဲ့အရေးကြုံလာတဲ့ အချိန်တိုင်းမှာ အမြဲကူညီနိုင်ရန်အတွက် လက်လှမ်းတမှီမှာ ရှိနေမှာ ဖြစ်ကြောင်
း အခုလို လိမ်ညာရောင်းစားခံရတာတွေ ကြုံတွေ့ခံစားနေရတာတွေကို စိတ် မကောင်းဖြစ်မိကြောင်ပြောသည်။

ထိုင်းမြန်မာနယ်စပ်မြို့များတွင် လူကုန်ကူးမှုများအမြဲလိုဖြစ်ပေါ်နေသော်လဲ အောင်မြင်မှူမှာ
မဆိုသလောက်သာရှိခဲ့သည်။လူကုန်ကူမှုတိုက်ဖျက် ရေးအဖွဲ့ မြ၀တီမြို့သို့ ( FNG ) ကဆက်သွယ်ခဲ့သော်လဲ
တယ်လီဖုန်းဖြေကြားခြင်းမရှိခဲ့ပါ။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ