this site the web

908.. အိန္ဒိယ ထိပ်သီး ကားကုမ္ပဏီကြီး TA TA က မြန်မာနိုင်ငံတွင် ကုန်တင် ယာဉ်ကြီးများကို စီးပွားဖြစ် ထုတ်လုပ်မည် ..7.8.10

http://www.topnews.in/files/logo_tata.jpg
http://www.blogcdn.com/green.autoblog.com/media/2009/09/screen-shot-2009-09-28-at-2.15.23-am.png
အိန္ဒိယ ထိပ်သီး ကားကုမ္ပဏီကြီး ဖြစ်သော TA TA က မြန်မာနိုင်ငံတွင် ကုန်တင်ယာဉ်ကြီးများကို စီးပွားဖြစ် ထုတ်လုပ်သွားမည် ဖြစ်ပြီး နှစ်စဉ် စီးရေ ၅၀၀၀ ထိ ထုတ်လုပ် သွားမည်ဟု အဆိုပါ ကုမ္ပဏီ အကြီးအကဲက ပြောကြားသည်။ အမှတ်(၂)စက်မှုဝန်ကြီးဌာန မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်ရေးနှင့် အိန္ဒိယနိုင်ငံ TA TA ကားထုတ်လုပ်ရေးတို့ ပူးပေါင်း၍ မကွေး စက်မှုဇုန်တွင် စက်ရုံ တည်ထောင်ကာ တာတာ ကုန်တင် ထရပ်စ်ကားကြီးများကို စီးရေ ၁၀၀၀ စတင်ထုတ်လုပ်မည် ဖြစ်ပြီး တစ်နှစ်လျှင် စီးရေ ၅၀၀၀ ပြည့်မီအောင် ဆောင်ရွက်သွားမည်ဟု AFP သတင်းဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ "ကျွန်တော်တို့အနေနဲ့ အိန္ဒိယအစိုးရရဲ့ ချေးငွေထုတ်ပေးမှုစနစ်နဲ့ ကုန်တင် ထရပ်စ်ကား စက်ရုံကို စီးပွားဖြစ် ထုတ်လုပ်သွားဖို့ပါ။ ဒီဘဏ္ဍာနှစ် အတွင်းမှာ စက်ရုံကို စောစီးစွာ လည်ပတ်ထုတ်လုပ် သွားနိုင်ပါမယ်။ အခု တာတာက ထရပ်စ်ကားတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ပေးပို့နေပါပြီ"ဟု ယင်းကုမ္ပဏီမှ အကြီးအကဲ Mr. Debasic Ray ကပြောသည်။ အဆိုပါ တာတာ ထရပ်စ်ကား ထုတ်လုပ်မှုကို TA TA Motors အမှတ်တံဆိပ်အောက်တွင် မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်ရေးမှ ဈေးကွက် ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းကို ဆောင်ရွက်သွားမည်ဟု သိရသည်။ တာတာထရပ်စ်ကား က်ရုံတွင် ချက်စီ၊ ဖရိန် အစိတ်အပိုင်းနှင့် ထိုင်ခုံများထုတ်လုပ်ခြင်း၊ ဆေးနှင့် တပ်ဆင်မှုလုပ်ငန်း လုပ်ဆောင်သွားမည်ဟု သိရသည်။ ယင်းသို့ တာတာထရပ်စ်ကား ထုတ်လုပ်မှု စက်ရုံကို ယခုနှစ်အတွင်း အမှတ်(၂) စက်မှုဝန်ကြီးဌာနက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇူလိုင် ၂၆ ရက်မှ ၃၀ အထိ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီး သွားရောက်စဉ်အတွင်း စတီးမြို့တော်ရှိ TATA ကားထုတ်လုပ်ရေး စက်ရုံသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း၂၀၁၀ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Read more about မြန်မာသတင်း by www.myanmarevents.com

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်

မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ