this site the web

890..ချွေးပေါက်များအား အမြန်ဆုံးကျဉ်းစေနိုင်သော နည်းလမ်း..4.8.10

 
ချွေးပေါက်များအား အမြန်ဆုံးကျဉ်းစေနိုင်သော နည်းလမ်း
 
 


တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့မျက်နှာပေါ်ရှိ ချွေးပေါက်များဟာ အလွန်သိသာထင်ရှားလာပြီး အနီးကပ်ကြည့်ရှုပါက အလွန်ပဲ အရုပ်ဆိုး အကြည်းတန်စေပါတယ်။

အထူးသဖြင့် နှာခေါင်းပတ်ဝန်းကျင်ရှိချွေးပေါက်များဟာ ပိုမိုသိသာထင်ရှားစေသလို ထိုချွေးပေါက်များအားပြန်လည် ကျဉ်းစေရန်မှာလည်း အနည်းငယ်ခက်ခဲသလို အချိန်ယူကာ တဖြေးဖြေးကုသပေးရမှာဖြစ်ပါတယ်။

အချို့ဆိုလျှင် တစ်နေ့ထက်တစ်နေ့ ချွေးပေါက်များပိုမို ကျယ်လာပြီး အဝေးမှကြည့်ရှုရာ၌ပင် သိသာလာပါတယ်။

အဆီမှဖြစ်ပွားသော ချွေးပေါက်များ

ယေဘူယျအားဖြင့် အဆီများမှတဆင့် ချွေးပေါက်များအားပိုမိုကျယ်လာစေသလို ချွေးပေါက်ကျယ်ခြင်းအကြောင်းအရင်း များအနက် အဆီမှဖြစ်ပွားမှုနှုန်းဟာ (၈၀%) ခန့်ရှိပါတယ်။

အဆီများပိုမိုများပြားလာပါက ချွေးပေါက်ကျယ်လာမှုနှုန်းဟာလည်း မြင့်တက်လာနိုင်ပြီး ၎င်းအဆီကြောင့်ပင် ချွေးပေါက်များကို ပိုမိုထင်ရှားလာစေနိုင်ပါတယ်။

ထို့ကြောင့် ချွေးပေါက်ကျယ်သူများအနေဖြင့် မိမိမျက်နှာပေါ်ရှိ အဆီပြန်မှုနှုန်းကိုလျှော့ချကာကွယ်နိုင်သလို သင့်လျှော်သည့် daycream(နေ့လိမ်းခရင်(မ်)) တစ်မျိုးမျိုးကိုလဲ အမြဲတစေသုံးစွဲသင့်ပါတယ်။

ပထမဆုံးအနေဖြင့် ချွေးပေါက်ကျဉ်းလိုသူများအနေဖြင့် မျက်နှာပေါ်ရှိ အဆီထွက်မှုနှုန်းကို အရင်ဦးဆုံး ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်။

အဆီကြောင့် ချွေးပေါက်ကျယ်မှုနှုန်းဟာ အသက်(၂၀)ကျော်ဝန်းကျင်တွင်ဖြစ်ပွားလေ့ရှိပြီး ချွေးပေါက်များ ကျဉ်းစေနိုင်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးးမျိုးကို ဂရုတစိုက် စွဲမြဲသုံးစွဲခြင်းဖြင့် ချွေးပေါက်ကျယ်မှုကို ကာကွယ်နိုင်ပါတယ်။

Saggyကြောင့် ချွေးပေါက်ကျယ်မှုဟာ အသက်(၃၀) ကျော်အမျိုးသမီးများတွင်ဖြစ်ပွားလေ့ရှိပြီး အသက်(၄၀) ကျော်အထိ ဖြစ်ပွားလေ့ရှိပါတယ်။

အသက်(၂၀) မှစတင်၍ ချွေးပေါက်ကျယ်မှုဟာ ဂရုမစိုက်ပဲ ပစ်ထားလိုက်ပါက အသက်(၃၀) ကျော်တွင် ပိုမိုထင်ရှားပြီး ကြီးမားသော ချွေးပေါက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အသက်(၃၀) အရွယ်တွင် အရေပြားလျှော့တွဲမှုကြောင့် ချွေးပေါက်များကို ပိုမိုသိသာထင်ရှားလာစေသလို အမဲစက်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ