this site the web

1037..သီတဂူ ဆရာတော်ကြီး အလှူခံခြင်းနှင့် အခြား ( 31.8.10 )

 
https://www.monetine999.com သီတဂူဆရာတော်ကြီး

သီတဂူ ရဲ့ မေတ္တာ ကရုဏာ အလှူတော်

သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ (Ph.D,D.Litt) နှင့် သီတဂူ သာသနာပြု အဖွဲ့  မှ ကြီးမှူးပြီး မေတ္ဆာ၊ ကရုဏာ အလှူတော် ကို ၁၃၇၂၊ ၀ါခေါင်လဆန်း (၁၁) ရက် ၊ (၂၁- ၈ - ၂၀၁၀) စနေနေ့ တွင် ရန်ကုန်တိုင်း အင်းစိန် ထောင် အတွင်း ၌ ရောက်ရှိနေကြသော လူပေါင်း (၈၀၀၀) ကျော် တို.အား တစ်နေ စာ အဟာရ ဒါန ကုသိုလ်ပြု လုပ်ခဲ့ကြပါတယ်။ ဓမ္မ ကုသိုလ် အဖြစ် ဆရာတော်ကြီးက အကျဉ်းကျ နေသူများအား မြတ်ဗုဒ္ဓ၏ တရားတော်များကို ဆုံးမ ဟောကြား ချီးမြှင့်တော် မူခဲ့ပါတယ်။

မနက်ပိုင်းမှာ အကျဉ်းထောင်မှ အကျဉ်းကနေသူ အားလုံးကို နေ့ လည်စာ ၊ ညစာ အပြင်၊ အင်္ဂလိပ် ဆေးဝါး၊ မြန်မာ ဆေးဝါး၊ ဘာလချောင် ကြော်၊ သရက်သီး သနပ်၊ ငါးပိကြော်၊ ငါးပိထောင်း၊ စတဲ့ အစားအသောက်များ နှင့် မျက်နှာသုတ်ပ၀ါ ၊ သွားတိုက်ဆေး ၊ဆပ်ပြာ ၊ တဘက်၊ စောင် စတဲ့ အသုံး အဆောင် ပစ္စည်း လေးတွေ ကို သီတဂူ တပည့် ဒကာ ဒကာမများက အင်းစိန်ထောင်ရှိ ထောင် ၀န် ထမ်း နှင့် အကျဉ်းသား ကိုးထောင် (၉၀၀၀) ကျော်တို့အား ပေးကမ်းခြင်းဖြင့် မေတ္တာ ကရုဏာတော် အလှူကြီး ပြုလုပ်ခဲ့ပါတယ်။

အကျဉ်း သားများ အတွက် လွတ်ငြိမ်း ချမ်းသာစေရန် အလို့ငှာ ဆရာတော်မှ အကျဉ်း ဦးစီးဌာနရှိ တာဝန်ရှိသူများသို့ လက်ရှိ အကျဉ်းကျ နေသော အကျဉ်းသားများ အတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ရက်(၁၀၀၀) အလှူခံ ခဲ့ရာ ၄င်းတို့မှ ရက် (၁၀၀)သာ ပေးလှု ခဲ့ကြောင်း ကြားသိရပါတယ်.....

ဦးနေဝင်း(လန်ဒန်) ။ ။ ဆရာတော်ဘုရား အား လျှေက်ထားချက်။
ယခုခေတ် ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ဂါထာ၊ မန္တရား ၊ အင်း ၊အိုင် ၊ ဖယောင်းတိုင် စသည် တို့ ကို ဘုရား ၊ တရား ၊ သံဃာ ၊ ရတနာ သုံးပါးထက် ပိုပြီး အားကိုးနေတဲ့ အပေါ်မှာ ဆရာတော်ဘုရား ဘယ်လိုများအမိန့် ရှိလိုပါသလဲဘုရား ၊၊

ဆရာတော်ဘုရားကြီး။ ၊၊ မှန်တယ်။ ဂါထာ ၊ မန္တန် ၊ မန္တရား ၊ ဆေးဝါး ၊ အင်း ၊ လက်ဖွဲ့  ၊ ဒါဟာ Super Natural Power ( သဘာဝလွန် စွမ်းပကားပေါ့  ) အပေါ်ယံပိုင်း က တန်းခိုးတွေ အားကိုးကြတာဟာ ဗုဒ္ဓဘာသာတင် မကပါဘူး ခရစ်ယာန် ၊ အစ္စလ္လာမ် မှာလဲရှိတယ်။ ဘုန်းကြီးတို့ မကြာလေးခင်ကပါ၊ ပါကစ္စတန် နိုင်ငံရောက်တော့ ဂန္တာရ ဆိုပြီးလေ့ လာရေး ခရီးတစ်ခုလာဖို့ ပါကစ္စတန် အစိုးရက ဖိတ်ပါတယ်။ အဲဒီမှာ သွားပြီး ဝိုင်းတွေဝိုင်းတွေ ဖွဲ့ ပြီး စကား ပြောကြတာတွေ ထဲက တစ်ခုသော ဝိုင်းမှာ စကား ပြောကြတော့ ပါကစ္စတန် အစိုးရ တိုးရစ် ဝန်ကြီးဌာန၊ ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး၊ အဲဒီဝန်ကြီးက အမျိုးသမီး၊ ရုပ်ကလည်း ခန့် ခန့် ထည်ထည် ၊ အလွတ်သဘော သူနဲ့ ထိုင်ပြီးဆွေးနွေးတယ်။ သူက ဘုန်းကြီးကို-ကြည့်ပြီးတော့ အရှင်ဘုရား။ ဗုဒ္ဓ စာပေလဲ တတ်တယ်။ ဗဟုသုတလဲ များတယ် အရှင်ဘုရားက တရားလဲ အများကြီး အားထုတ် ထားတယ်။ ဒီတော့ တပည့်တော် ရှေ့ ဘာဖြစ်မယ် ဆိုတာ အရှင်ဘုရား ကြိုပြော နိုင်ပါသလား-ဆိုပြီး လက်ဝါးလေး ပြတယ်။ သူ့ လက်ဝါးကို ကြည့်ပြီး ဟောဖို့  ဘုန်းကြီး ဘာပြောတယ်-မပြောတယ်ဆိုတာ ခဏထား၊ ဘုန်းကြီး ဒါမျိုး ဘယ်တော့မှ မပြောပါဘူး။ ပြောလေ့ပြောထလဲမရှိပါဘူး။ အဲဒီလို အစ္စလ္လာမ် ဘာသာဝင် အမျိုးသမီးကြီး တစ်ယောက်က သူ့ ရှေ့ မှာ ဘာဖြစ်မယ် ဆိုတာကို အရှင်ဘုရား ကျင့်ထားတဲ့ တရားတော် ထဲကနေဟောပေးစမ်းပါ ဆိုတဲ့ ဥစ္စာဟာ ဗုဒ္ဓ ဘာသာ လောကမှာ ရှိသလိုပဲ အစ္စလ္လာမ် ဘာသာမှာလဲ ရှိတယ်။Fortune Teller တွေကို သူတို့ လည်းပဲအားကိုးတယ်။


အဲဒီတော့ ကမ္ဘာကြီးရဲ့ အနေအထားကိုခြုံကြည့်လိုက်ရင် -


တကယ် ဘာသာရေး စစ်စစ်၊ အနှစ်သာရကို ကြည်ညိုပြီး ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တွေ ရှိသလိုပဲ အပေါ်ယံပိုင်း လောက်သာလျှင် ဘာသာရေး တစ်ခုခုကို အမည်ခံပြီး အပေါ်ယံ Super Natural Power လောက်ပဲ မျှော်လင့် ပြီးတော့ ကျန်းမာဖို့ ၊ ချမ်းသာဖို့ ၊ ရာထူး အာဏာ ပါဝါ စီးပွားဥစ္စာ တိုးတက်ဖို့ ခိုင်မြဲဖို့ လောက်ပဲ ဘာသာရေးကို အသုံးချနေတဲ့ ပုဂ္ဂိုလ်ကလဲ ဗုဒ္ဓဘာသာမှာရော ၊ အခြားဘာသာ တွေမှာပါ ရှိနေတယ်လို့ ဘုန်းကြီးတို့ ပြောရမှာပါပဲ၊၊

အဲဒါကို ဘုန်းကြီးတို့ က ဒါဟာ ဖြစ်ရိုးဖြစ်စဉ် အစဉ်အလာပဲလို့ သဘောထားလို့ မရဘူး။ အဲဒီပုဂ္ဂိုလ်တွေ လွှမ်းမိုးသွားမှာ စိုးရတယ်။ တစ်ခါ ဒီဥစ္စာတွေကိုပဲ အလေးအနက်ထားပြီး စဉ်းစား နေပြန်ရင်လည်းတကယ့် အနှစ်သာရ ကျတဲ့ အလုပ်တွေဘုန်းကြီးတို့ လုပ်ဖြစ်မှာ မဟုတ်ဘူး၊၊


မြတ်စွာဘုရား နာလန္ဒ ကြွလာတုန်းက နာလန္ဒက သူဌေးတယောက် ကေဝဋပုဏ္ဏက ဘုရားကို လျှောက်တယ်။ "" မြတ်စွာဘုရား တန်ခိုးပြနိုင်တဲ့ ရဟန်းတစ်ပါးကို နာလန္ဒမှာ ရာထူးခန့် ထားပေးပါ။ "လူတွေက တန်ခိုး သိပ်ကြိုက်တယ်။ တန်ခိုး ပြနိုင်တဲ့ ရဟန်းတစ်ပါး နာလန္ဒ ထားပြီးတော့ ရေအစုံ၊ မီးအစုံ တန်ခိုးများ ခဏ ခဏ ပြနေရင် ဘုရားရဲ့ သာသနာတော်ကြီး စည်ကားလာမှာ၊၊ အဲဒါလုပ်ပေးပါ အရှင်ဘုရား ၊၊" လို့ လျှောက်ဘူးတယ်။

အဲဒီတော့ ဒကာကြီး ဦးနေဝင်း၊ ဒီတော့ သိပ့်စိတ်မပူနဲ့ ၊ ရှိနေမှာပဲ၊၊ ဘုရား ကိုတောင် အဲဒီလို ထလျှောက်တဲ့ လူက ရှိနေတော့ အဲဒီလူ က သာသနာ တကယ် ကြည်ညိုတာ မဟုတ်ဘူး၊ တန်ခိုး ကြည်ညိုတာ၊ တန်ခိုးပြနိုင်တဲ့ အတွက်ကြောင့်လည်း သာသနာတော်မှာ အကျိုးမများ ဘူးလား မေးရင် ရလာတဲ့ ပစ္စည်းသန့် ရှင်းသည် မသန့် ရှင်းသည် ဘုန်းကြီးတို့ ဘာမှမတွက်ဘူးဆိုရင်တော့တန်ခိုးပြနိုင်လို့ 
ရလာတဲ့ ဘုရားတည် ကျောင်းဆောက်ရင် ဖြစ်မှာပေါ့  ၊ အဲဒါမျိုး လုပ်နေတဲ့ လူတွေလည်း အများကြီးရှိနေတာပဲ၊ အဲဒီတော့ မြတ်စွာ ဘုရား က ကေဝဋပုဏ္ဏ ကို ဘာဟောတုံး ဆိုတော့  ( သာသနာ ဆိုတာလူရဲ့ ကိုယ်နှုတ်စိတ် သုံးပါးကို ယဉ်ကျေးအောင် ဆုံးမတာ သာသနာကွ၊ ကိုယ်နှုတ် နှစ်ပါးကို ယဉ်ကျေးစေဖို့ က သီလ၊စိတ်ကို ယဉ်ကျေးစေဖို့ က သာမဓိနဲ့ ပညာ၊၊ ငါသည် သာသနာတော်ကို ဒီသုံးမျိုးဘဲ သတ်မှတ်တယ်၊ တန်ခိုးကို သာသနာ အတွင်း အလုပ်လို့ ငါမသတ်မှတ်ဘူး၊ ကေဝဋပုဏ္ဏ ကို ဘုရားက ဒီလို ဟောတယ်၊၊ အဲဒီ မင်းတို့ တန်ခိုး သမားတွေလဲ စူဠဂန္ဓာရီ အတတ်ပညာ၊ ဣဒ္ဓိဝိဓ ဒီလို အသိဥာဏ်တွေနဲ့ ဂန္ဓာရီ အတတ်တွေ ရှိတယ်၊အဲဒါကြောင့် တန်ခိုးပြနိုင်တဲ့ ရဟန်းတွေကို ငါဘုရားခွင့် ပြုမယ်ဆိုရင် တန်ခိုးရအောင် သမထ မကျင့်တော့ဘဲနဲ့ သမာဓိ ဈာန်တွေကို မကျင့်တော့ဘဲနဲ့ ရဟန်းတွေဟာ ဂန္ဓာရီ ဝိဇ္ဇာအတတ်တွေကို သင်ကုန်လိမ့်မယ်တဲ့ ၊ ဘုရားဟောခဲ့ ဘူးတယ်၊ သို့ သော် ဒီကနေ့ တော့ ဂန္ဓာရီ အတတ်ပညာ ဘက်က ဒါသာသနာရေး အလုပ်ဆိုပြီး သာသနာ ဆိုင်းဘုတ် ထိုးပြီးတော့ သာသနာထဲ ဝင်လာတာတွေ တော်တော် များများ ဖြစ်ကုန်ပြီ။ သာသနာတော်ရဲ့ စစ်မှန်တဲ့ ရူ့ဒေါင့် ကကြည့်ရင် သာသနာ ပြန့် ပွားကြောင်း မဟုတ်ဘဲနဲ့ သာသနာအစစ် အမှန် ကွယ်ကြောင်း တွေဘဲ ဖြစ်တယ်လို့ ဒါတော့ ဘုန်းကြီးတို့ ကပြောချင်ပါတယ်။

Ref:1.....အနန္တဂုဏ်ရည် (ဘာသာရေး မဂ္ဂဇင်း) ၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ အတွဲ ( ၂ ) အမှတ် ( ၈ )
      2.....
ကျွန်မချစ်သော်ရွှေမန္တလေး

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ