this site the web

1033..Tiger Girls က ဆုပြည့်မှူးအိမ် နှင့် တစ်ကြိမ် ( 29.8.10 )

 
www.monetine999.com ဆုပြည့်မှူးအိမ်
Tiger Girls အဖွဲ့ရဲ့ Single Album ဖြစ်တဲ့ 'Year of the Tiger Girls' ကျားမလေးများရဲ့နှစ် အခွေထွက်ရှိလာခြင်းအပေါ်

သမီးအနေနဲ့က ဒီအခွေ ထွက်လာတဲ့အပေါ်ကို အားရကျေနပ်မှုရှိခဲ့ပါတယ်။ Tiger Girls Album Promotion လုပ်တာ ပရိသတ် လက်ခံ အားပေးမှု တော်တော်လေး များခဲ့တယ်။ အဲဒီအတွက် Tiger Girls ကလည်း ပရိသတ်တွေ အားပေးတာနဲ့ တန်အောင် ဒီ့ထက်ပိုပြီး ကြိုးစားသွားမှာပါ။ Single Album မှာပါတဲ့ သီချင်းလေးတွေ တော်တော်လေး ကောင်းတဲ့အတွက် ပရိသတ်ကို ခံစားမှုရသ အသစ်တစ်ခုပေးတယ်လို့ ထင်ပါတယ်။

ပရိသတ်က အဲဒီလို သတ်မှတ်ရင်တော့ သမီးတို့ကြိုးစားရတာ ကျေနပ်တာပေါ့။

သီချင်းတွေကို ရေးပေးခဲ့တဲ့ တေးရေးတွေက L.R chan နဲ့ ကိုဘသောင်းရယ်၊ သမီးတို့ Trainer Nicole May လည်း(၁)ပုဒ် ရေးထားတယ်။

အခွေ Promotion မှာတုန်းက အဖွဲ့လိုက်အဆိုရော၊ အကရော တွဲဖက်ပြီး ဖျော်ဖြေတာ တွေ့ရတယ်။ အကပိုင်းကို တာဝန်ယူ သင်ကြားပေးတဲ့ ဆရာဆိုရင်

သမီးတို့ရဲ့ ဒီအခွေထဲမှာ R&B, Pop, Hip Hop စတိုးလေးတွေပါပါတယ်။

ပရိသတ်တွေရဲ့အားပေးမှုကလည်း သူ့အတွက် လေးနက်မှုကို ဖြစ်စေတယ်။

သမီးကိုအားပေးသလို Tiger Girls အဖွဲ့ကိုလည်း အားပေးပါ။ သမီးက ပရိသတ်အတွက် အကောင်းဆုံး အနုပညာ ရသတွေကို ပေးစွမ်းနိုင်မည့် အနုပညာရှင် တစ်ယောက် ဖြစ်အောင် ကြိုးစားနေပါတယ်လို့၊ ပရိသတ် ရင်ထဲက လာတဲ့ အားပေးမှုအစစ်ကို လိုချင်ပါတယ်။

Missy Tiger တစ်ဖြစ်လည်း ဆုပြည့်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းလေး အနည်းအကျဉ်းမေး ဖြစ်ခဲ့တယ်။

VCD တွေရိုက်ဖို့ရှိတယ်။ Tiger Girls VCD ရိုက်ဖို့ပြင်နေပြီ။ ပြီးတော့ Myanmar Beer Super Star (၁ဝ)ယောက်ရဲ့ 'ပြိုင်နေတဲ့မျဉ်းများ Album အတွက် အသံသွင်းနေ တယ်။ VCD လည်း ရိုက်နေပါပြီ။ မြဝတီမှာလည်း နိုင်ငံတော်အကျိုးပြု သီချင်းတွေ ရိုက်ထားတယ်။ လွှင့်လည်းလွှင့်နေပါပြီ။

ပရိသတ်ကြားထဲကို မကြာမီ ရောက်ရှိလာတော့မည့် Tiger Girls VCD ကို အသွင်တစ်မျိုးနဲ့ မြင်တွေ့ရမှာပါ။ VCD ကိုသီချင်း(၁)ပုဒ်ပဲ အရင်ထုတ်ပြီး၊နောက် (၃)ပတ်ကြာပြီးမှ နောက်တစ်ပုဒ် ထုတ်မယ်။ အဲဒီလို (၃)ပတ်စီခြားပြီးမှ သီချင်း (၁ဝ)ပုဒ်စလုံးကို အစဉ်တိုင်း ထုတ်သွားမှာ ဆိုပြီးတော့ ပြေကြားခဲ့ပါတယ်။
DDမဈာန်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ