this site the web

1020..ပန်းဖြူအမှုကို ပယ်ချခံရ ( 27.8.10 )

 
www.monetine999.com ပန်းဖြူ
ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦး*******ကို

ကာမ လိမ်လည်မှုဖြင့် စွဲဆိုထားမှုအား ရန်ကုန်တိုင်း တရားရုံးက ယနေ့တွင် ပလပ်လိုက်ကြောင်း သိရသည်။

ဦး********ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် စွဲဆိုခဲ့ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းစွဲချက်ကို ပယ်ချခဲ့သဖြင့် တိုင်းတရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ ယနေ့ နေ့လယ် ၁ နာရီတွင် ယင်းသို့ ထပ်မံ ပလပ် လိုက်ခြင်း ဖြစ်သည်။

ပန်းဖြူ၏ ရှေ့နေဖြစ်သူ ဦးယုတင်က “တရားရုံးမှာ ကျနော် နားထောင်ပြီး ကောက်ချက် ချရသလောက်တော့ ရက် ၄၀၊ ၅၀ လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ် ဆိုတာ သဘာဝ ယုတ္တိ မရှိဘူးပေါ့။ နောက် တခုက ၄၊ ၅ နှစ်လောက် ကြာအောင် လိမ်လည်တယ် ဆိုတာလည်း သဘာဝ ယုတ္တိမရှိ ဘူးပေါ့။ အဓိက ကတော့ အဲဒီ ၂ ချက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စွဲချက်ကို ပယ်ချသည့် အကြောင်းအရင်းမှာ အပြစ်ရှိမရှိ သုံးသပ်သည်နှင့် တူညီခြင်း မရှိကြောင်း၊ စွဲချက်ကို တင်နိုင်လောက်သည့် အထောက်အထားရှိပါက တင်ရမည်ဖြစ်ကြောင်း၊ မိန်းကလေးတယောက်က အရှက်နှင့် ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ဆောင်ရွက်ထားသည့် ဆောင်ရွက်ချက်မှာ ပြည့်စုံသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပန်းဖြူက “အခု အမှုတည်ဆောက်ထားတာ မခိုင်မာဘူး။ တယောက်ယောက်က သင်ကြားပေးထားတဲ့ ပုံစံ ရှိနေတယ်။ လုပ်ကြံတယ်ဆိုပြီးတော့ အဲဒီလို ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းတရားရုံးက ယခုကဲ့သို့ ထပ်မံပယ်ချခဲ့သည့်အတွက် ဗဟိုတရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားမည် ဖြစ်ကြောင်းလည်း ပန်းဖြူက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေးလိမ်လည်မှု၊ ပစ္စည်းလိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည်မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း သိရသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း သိရသည်။

ပန်းဖြူသည် ၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့သည်။


Credit :ဧရာဝတီ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

2 - ဦး မှတ်ချက်ပေးထားပါသည်

Blogger mikozan said...

mi chi ko ဆိုတဲ့တယောက်က တခြားဆိုက်တခုမှာ ပေးထားတဲ့ comment ပါ

ဗဟုသုတရစေလို့ ကူးလာခဲ့ပါတယ်

ကာမလိမ်လည်မှု (၄၁၇)မှာက မိန်းကလေးတစ်ယော က်ကိုလက်ထပ်ပါမယ်ဆိတာကိုယုံကြည် အောင်ပြောပြီး
ကာမကိုလှည့်ဖျား ယူရင် (၄၁၇)မြောက်ပါတယ် တဲ့
~~~~ရက် (၄၀)၊ (၅၀) လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ်ဆိုတာယုတ္တိမရှိ ဘူး~~~ ဆိုတာကို လက်မခံနိုင်ပါဘူး.ယုံကြည်တဲ့မိန်း ကလေးရဲ့ စိတ်ခံစားချက် ပေါ်မူတည်နေပါတယ် .မိန်းကလေးဖြစ်ဖြ စ် ယောင်္ကျားလေးဖြစ် ဖြစ်လူပဲ
အတွေ့ အထိ အယုအယပေါ်မူတည်ပြီး အချိန်ဘယ်လောက်အ တွင်းဒီလိုပတ်သက်မှုကိုပေးမပေးဆိုတာ ပုံသေသတ်မှတ်ချက်မှ မရှိတာ...
နောက်တခုက ကာရာအိုကောဆိုင် လို ကလပ်လို နေ၇ာမှာ အလုပ်လုပ်တဲ့
(ပြည့်ဆန်ဆာ မဟုတ်တဲ့) မိန်းကလေးတွေကို ယောင်္ကျားတော်တော်များများက (၁)လလောက်အတွင်း မှာပဲ တကယ်လက်ထပ်ယူမှာ ဆိုတာမျိုးကို ယုံအောင်ပြောပြီး ကာမယူတာတွေရှိတာ ပဲ...ဒီလိုပြောကြေးဆို ဒီလိုဘ၀ကလွတ်မယ် ထင်လို့ ယုံမိခဲ့တဲ့ မိန်းကလေးတွေဆို ရင် (၄၁၇) နဲ့အကာအကွယ်မယူနိုင်ကြတော့ဘူးလား..
မိန်းကလေးရဲ့ ယုံကြည်မှုကို အချိန်တခုထဲနဲ့ဆုံးဖြတ်တာထက်
အခြေအနေတွေ နေရာ လှုံ့ဆောင်မှုတွေပါ ထည့်စဉ်းစားသင့် တယ်

~~၄၊ ၅) နှစ်လောက် ကြာအောင် လိမ်လည်ခံရတယ် ဆိုတာတွေဟာ ယုတ္တိမရှိ ဘူး~~~ဆိုတာကို လဲလက်မခံနိုင်ပါ ဘူး မြန်မာနိုင်ငံမှာ ဘယ်ရည်းစားစုံတွဲတွေက ခုကြိုက် ခုယူတာရှိလို့လဲ
အနည်းဆုံး(၃)နှစ်လောက်တွဲခဲ့ပြီးမှ ယူကြတာများပါတယ်
တချို့ဆို အိန်ထောင်တခုတည် လောက်အောင်စီးပွားရေး မပြေလည်တာနဲ့ပဲ
(၁၀)နှစ်လောက်အတူတွဲပြီးမှ ယူကြတာတွေတောင်ရှိပါတယ်.
ဒီတော့မိန်းကလေး တယောက်က သူ့ရည်းစားရဲ့ (၄၊ ၅) နှစ်လောက် ကြာအောင် လိမ်လည်ခံရတယ် ဆိုတာဖြစ်နိုင်တ ယ်လေ..
အိန်ထောင်ပြုဖို့  အဆင်မပြေသေးလို့ စောင့်ပါအုံး မင်းကိုပဲ ကိုယ်လက်ထပ်မှာပါ ဆိုတာကို မိန်းကလေးက မစောင့်ပဲခုပဲ လက်ထပ်ချင်ပါတယ် ပြောလို့မှမရတာ..ဒီ တွဲနေတဲ့ သမီးရည်းစားအချိ န်မှာ ကာမပေးမပေးဆိုတာ ကာယကံရှင် (၂)ယောက်ပဲသိနို င်တာလေ..
တရားရုံးက (၄၁၇)မှာ အာရုံစိုက်သင့်တာက မိန်းကလေးကို တကယ် လက်ထပ်ပါမယ်လို့ ယောင်္ကျားလေးက ယုံကြည်အောင် တကယ်ပြောခဲ့တာ လုပ်ပြခဲ့တာတွေရှိမရှိ ..
ဥပမာ- ပွဲလမ်းသဘင် အတူတက်တာမျိုး နှစ်ဖက် အသိုင်းအ၀ိုင်ြး ကား ၀င်ထွက်သွားလာတာ မျိုးရှိမရှိပေါ့  ( ဒီလိုလူသိရှင်ကြားတွဲတာကိုက တချိန် သူ့ကိုပဲလက်ထပ်မှာပါဆိုတဲ့ စကားကို ယုံအောင် လုပ်တယ်ဆိုတဲ့ သက်သေပဲလေ)
(၂)ယောက်နေမနေ ဆိုတာက အတွင်းရေးတွေ ထွက်ချက်မှန်မမှ န် စစ်ရင် သိနိုင်တာပဲလေ (ဥကမာ-လူမသိတဲ့နေရာကအမှတ်မျိုး)
အရပ်စကားအရနားလည်လွယ်အောင်ပြောရ ရင်
ပလပ်တယ်ဆိုတာ မိန်းကလေးတိုင်တာမဖြစ်နိုင်ဘူးလို့ ဆိုလိုက်သလိုပါပဲ
အမှန်က အမှုကိုလက်ခံပြီး မှ သေချာစစ်ပြီး မိန်းကလေးဘက်ကမှာနေလို့ အရှုံးပေးလိုက်တာ ကတမျိုးလေ...

အမျိုးကောင်းသမီးတို့ရေ.. သင်ခန်းစာ ယူစရာကတော့
ချစ်သူကို ဘယ်လောက်ချစ်ချစ် လူသိရှင်ကြားလက် မထပ်ရသေးခင်မှာ ချစ်သူအဆင့်ထက်မ ကျော်လွန်မိစေနဲ့ ပေါ့ဗျာ...
မဟုတ်လို့ကတော့ မိန်းကလေးဘက်က အလိမ်ခံရတာ (၁)ခါနာ.. အရှက်ကွဲတာ (၂)ခါနာ.. ပလပ်တာကတခါနာ (၃)ခါနာ..နာနာနာနာပါပဲ

28/8/10 3:57 PM  
Anonymous မုန်တိုင်း said...

ကျေးဇူးပါ...comment ပေးလို့

11/10/10 12:30 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ