this site the web

1012..သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့်တွေ့ဆုံခြင်း ( 26.8.10 )

 
www.monetine999.com

မေး - အနုပညာလှုပ်ရှားမှုတွေ ပြောပြ ပေးပါဦး။
ဖြေ - လတ်တလော လှုပ်ရှားမှု အနေနဲ့ ကတော့ ရွှေမင်းသမီးထုတ်လုပ်ရေးကုမ္ပဏီနဲ့ မေခင်ကညာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်နေပါတယ်။ နောက်ထပ် လှုပ်ရှားမှုတွေကတော့ ဗီဒီယို၊ ရုပ်ရှင်၊ ဒီဗွီဒီကားကြီးတွေပဲ ရိုက်ဖို့ရှိပါတယ်။

မေး - အခုနောက်ပိုင်း ရုပ်ရှင် ကားကြီးတွေမှာ နာမည်ကြီးသရုပ်ဆောင်ကြီးတွေအများအပြားသုံးပြီး ရိုက်လာတာ တွေ့ရတယ်နော်။ ဒီလိုမျိုးရိုက်လာတာတွေနဲ့ပတ်သက်ပြီး သုံးသပ်ပြောပြပေးပါဦး။
ဖြေ - ကောင်းပါတယ်။ ဒါကလည်း ဇာတ်အနေအထားပေါ်မူတည်ပြီး ရိုက်လာတာပေါ့နော်။ အဓိက ကတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဆိုတော့ ပရိသတ်အတွက်လည်း ကြည့်ရတာ ကောင်းတာပေါ့နော်။ ဒါကြောင့် သရုပ်ဆောင်များများနဲ့ ရိုက်လာကြတာပါ။

မေး - အခုဆိုရင် သရုပ်ဆောင်တော်တော်များများက အဆိုဘက်ကို လုပ်လာကြတာတွေ့လာရတယ်။ မအူဝဲလည်း စီးရီးထုတ်ဖို့ အစီအစဉ်များ မရှိဘူးလား။
ဖြေ - ဒါကတော့ လုံးဝအစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လုပ်မယ်ဆို ဟိုးအရင် ကတည်းက လုပ်ဖြစ်မှာပေါ့ နော်။ ကိုယ်ကိုယ်တိုင်က အဆိုဘက်ကို သရုပ်ဆောင် လုပ်တာလောက် ဝါသနာမပါတာလည်း ပါတာပေါ့နော်။

မေး - ငယ်ငယ်တုန်းက စိတ်ကူးနဲ့ အခုလက်ရှိဖြစ်လာတဲ့ဘဝ လက်တွေ့ ကျနေလားဆိုတာ သိပါရစေ။
ဖြေ - ငယ်ငယ်တုန်းက စိတ်ကူးတာကတော့ အခုလို မင်းသမီးလုပ်ဖို့မဟုတ်ဘူး။ ဒီအလုပ်က ပြောရမယ်ဆိုရင် သူ့အချိန်နဲ့သူ ပါရမီပါလာလို့ဖြစ်သွားတယ်လို့ ပြောလို့ ရတယ်။ နဂိုကတည်းက မင်းသမီးဖြစ်ချင်တယ်။ မင်းသမီးလုပ် ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိခဲ့ပါဘူး။

ငယ်ငယ်တုန်းကတော့ ဆရာဝန်မကြီးဖြစ်ချင်တယ်ဆိုတာတော့ တစ်ချိန်လုံး ပြောခဲ့တာ ပေါ့နော်။ ဒါပေမဲ့လည်း အခုလိုအသက်အရွယ်ရလာတာနဲ့ ကိုယ်လုပ်တဲ့အလုပ်မှာလည်း ဝါသနာပါလာတော့ လုပ်ဖြစ်သွားတာပေါ့နော်။

မေး - အမျိုးသမီးတွေ အချိန်တန် အရွယ်ရောက်ရင် အိမ်ထောင်ပြုကြတယ်။ ဒါပေမဲ့ အူဝဲလို အောင်မြင်နေတဲ့သူ တစ်ယောက်အတွက် အိမ်ထောင်ဖက်က ခုချိန်မှာမလိုအပ်သေးဘူးဆိုတဲ့ အတွေးမျိုးရှိပါသလား။
ဖြေ - အူဝဲအနေနဲ့ပြောရမယ်ဆိုရင်တော့ လူဆိုတာ စိတ်တစ်မျိုးစီရှိကြတာပေါ့နော်။ အူဝဲကတော့ အောင်မြင်နေလို့ အိမ်ထောင်မပြုသေးတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ လုံးဝကြီးမဆိုင်ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ တစ်စိတ်တစ်ဒေသတော့ ပါတာပေါ့နော်။ မိသားစုဘဝတစ်ခုကို လိုတော့လိုချင်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဒီအခြေ အနေမျိုးမှာ မလိုချင်သေးတာ ကံတရားနဲ့လည်းဆိုင်တာပေါ့နော်။

Ref: Yangon Media Group

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ