this site the web

1002..EASB မှ မြန်မာကျောင်းသားများအား ပညာသင်ဆုပေးမည် ( 25.8.10 )

 
http://www.spring.gov.sg/Resources/CD/PublishingImages/East%20Asia%20Institute%20of%20Management.jpg

မြန်မာကျောင်းသား ကျောင်းသူများအတွက် EASB (East Asia Institute of Management) မှ ပညာသင်ဆု ၇ဝ % ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ EASB မှ University of Wales (Cardiff) Programme များဖြစ်သော BS.c (Hons) Business Information System, BA (Hons) Business & Management Studies, BA (Hons) Business & Management Studies (International Business Management), BA (Hons) Accounting ဘာသာရပ်များကို ပညာသင်ဆုပေးသွားမည်ဖြစ်ပြီး လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းရမှတ် ၇ဝ ရာခိုင်နှုန်းရှိရမည်ဖြစ်ကာ ဝင်ခွင့်စာမေးပွဲကိုပါဖြေဆိုရမည်ဖြစ်သည်။

            ၎င်းပညာသင်ဆုမှာ ၃ နှစ်စာကျောင်းစရိတ်၏ ၇ဝ ရာခိုင်နှုန်းကိုပေးသွားမည်ဖြစ်သည်။ အဆိုပါ EASB မှာ နိုင်ငံတကာပညာရေးနှင့် လုပ်ငန်းခွင် အသိအမှတ်ပြု Certificate, Diploma, Advanced Diploma, Degree, Master နှင့် အခြားသော Postgraduate Program များအတွက် Hospitality & Tourism, Business, Accounting, Finance, Applied Psychology နှင့် Professional Practice Nursing ဘာသာရပ်များကို သင်ကြားပို့ချပေးသော ကျောင်းဖြစ်သည်။ ပညာသင်ဆုလျှောက်ထားလိုသော ကျောင်းသူ ကျောင်းသားများအနေဖြင့် စက်တင်ဘာလ ၈ ရက်နေ့နောက်ဆုံးထား၍ Park Royal Hotel Level-2 RV Library တွင်လျှောက်ထားနိုင်ပြီး စင်ကာပူပညာရေး ကျွမ်းကျင်သူများထံတွင် တစ်ဦးချင်းတွေ့ဆုံမေးမြန်းခြင်းကို အပတ်စဉ် စနေနေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီတွင် မိမိ၏ပညာရေးဆိုင်ရာ စာရွက်စာတမ်းများယူဆောင်၍ တွေ့ဆုံမေးမြန်းနိုင်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း - 541886၊ 242410 သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်။




Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ