this site the web

1000.. ကာရာအိုကေဆိုင်မှာ သီချင်းဆိုရင်း ဓါတ်လိုက်သေဆုံး ( 24.8.10 )

 
သြဂုတ်လ ၅ ရက်၂၀၁၀ ခုနှစ်

www.monetine999.com     www.monetinw999.com
ဖြစ်မှဖြစ်ရလေmonetine999

ဒီသတင်းကတော့ ဇူလိုင်လကဆိုတော့နဲနဲကြာပါပြီ....ပိုစ့်တစ်ခုအနေနဲ့ဖေါ်ပြရခြင်းအကြောင်းကတော့ ဘယ်အချိန်ဘယ်နေရာမှာမဆိုအစစအရာရာ ဆင်ခြင်နေနိုင်အောင် နှင့် မိုက်ကရိုဖုန်းကလည်း ဓါတ်လိုက်နိုင်တာကိုသိစေချင်လို့ပါ....



လားရှိုးမြို့ လားရှိုးကောလိပ်အနီး သီရိရွှေစင်ကာရာအိုကေဆိုင် တွင် ၂၇.၇.၂၀၁၀ ည ၈ နာရီခွဲဝန်းကျင်တွင် ကာရာအိုကေစက်ချို့ယွင်းချက်ကြောင့် သီချင်းဆိုသော မိုက်ကရိုဖုန်းတွင် ပြင်းထန်သောလျှပ်စစ်စီးကြောင်းဖြစ်ပေါ်ပြီး ပထမထပ်တွင် သီချင်းဆိုနေသော မောင်စောမားကတ်စ် ဖရီးဒမ်း (ဦးစောတိုင်းကျော်) + ဒေါ်နန်းဆောင်ခမ်းတို့၏ သားကြီး၊ နွဲ့နောရပ်ကွက်၊ ကျိုင်းတုံမြို့နေုသူ အသက် ၂၇ နှစ်အရွယ် လူငယ်တဦးကို နေရာတွင်ပင်ချက်ချင်း သေဆုံးစေခဲ့သည်ဟုသိရသည်။ကြမ်းခင်းသည် ကြွေပြားခင်းထားပြီး မည်သည့်လျှပ်ကာပစည်းမှ ခင်းကျင်းထားခြင်း မရှိဟုသိရသည်။ ထိုအဖြစ်ကြောင့် ထူးချွန်ထက်မြက်ပြီး မိခင်မုဆိုးမ နှင့်ကျောင်းသားညီငယ် ၂ ဦးကို အလုပ်အကျွေး
ပြုနေသော နိုင်ငံတကာလူမှုကူညီရေးအဖွဲ့ ကဲရ်အင်တာနေရှင်နယ်မြန်မာ ၏ Field Office Coordinator အဖြစ်တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ မိသားစုနှင့်ခွဲခွာပြီး တနယ်တကျေးးတွင် သွားရောက်အလုပ်လုပ်ကိုင်နေသာ သားဖြစ်သူ၏ အဖြစ်ဆိုးကြောင့် ကျိုင်းတုံမြို့မှ လားရှိုးမြို့သို့ အပြေးရောက်လာသော မိခင်ဒေါ်နန်းဆောင်ခမ်းနှင့် ညီနှစ်ဦးအား ကာရာအိုကေ ဆိုင်ပိုင်ရှင်သည် ရပ်မိရပ်ဖများနှင့်အတူလာရောက်တွေ့ဆုံပြီး ကာယကံရှင်များနှင့် ထပ်တူဝမ်းနည်းကြောင်း၊ ၄င်းတို့မှ နစ်နာကြေးငွေ ကျပ်သိန်း (၃၀) ပေးမည်ဖြစ်ကြောင်းနှင့်အမှုကို ကာယကံရှင်ဘက်မှ ကျေအေးပေးရန်ဟု တောင်းဆိုခြင်းကို အားလုံးရှေ့တွင်ကတိပေးနှစ်ဦးသဘောတူခဲ့သည်။

pdf နဲ့ဖတ်ချင်ရင်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ