this site the web

870..သရုပ်ဆောင်နေမင်းနှင့်အင်တာဗျူး [ 31.7.10 ]

 


ါသနာ ဗီဇဆိုတာ ငယ်ရွယ်စဉ်က ပြတတ်သလို မပြတတ်တာ မျိုးလည်း ရှိပါတယ်။ ကိုယ်ဝါသနာ ပါတယ်လို့ မထင်ထားပေမယ့် လက်တွေ့လုပ်ဆောင်ကြည့်တဲ့ အခါမှ တကယ် ၀ါသနာ ပါသွားတာမျိုး တွေလည်း ရှိတတ်ပါတယ်။ အနုပညာ သရုပ်ဆောင်ကို ၀ါသနာပါလို့ တောင်ငူကနေ ရန်ကုန်လာပြီး စကားဝါ သရုပ်ဆောင် သင်တန်းမှာ သင်တန်းတက်ဖို့ ရွေးချယ် ခံရတဲ့ ထက်ပိုင် ဆိုတဲ့ ကောင်လေးက နေမင်း သရုပ်ဆောင် လောကမှာ ကြုံတွေ့ရတဲ့ လှုပ်ရှားမှု များကို တွေ့ဆုံမေးမြန်း ထားပါတယ်။ ထက်ပိုင်က ဂျွန်လွင်ရဲ့ Star International သင်တန်းမှာ တက်ပြီး ပြိုင်ပွဲ အချို့ဝင်ပြိုင်ကာ ဆုတွေလည်း ရရှိထားပါတယ်။ ရွှေစင်ဦး ထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်းသာ ဖြစ်တဲ့ နေမင်းဆီက အနုပညာနဲ့ ပတ်သက်တာ၊ အနုပညာ လောကမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ အကြောင်း မေးမြန်းမှုကို teens & stars ကဏ္ဍမှာ ဖော်ပြပေး ဖြစ်ပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရဲ့ ရိုက်ကွင်းများမှာ လေ့လာရင်း ဘယ်လို နေရာမျိုး ကဖြစ်ဖြစ် ပညာရဖို့ အတွက်ဆို သရုပ်ဆောင် ဖြစ်နေတဲ့ ထက်ပိုင် မေးမြန်းထားမှုများက...

ကိုနေမင်း လောလောဆယ် လှုပ်ရှားတဲ့ အနုပညာ လှုပ်ရှားမှု အကြောင်း သိချင်ပါတယ်။

လောလောဆယ် အချစ်ရောင် ရင့်ရင့် ဇာတ်ကားကို ရိုက်ထားပြီးပြီ။ ပြန်လည် နိုးထစေသော အချစ်၏မျက်နှာ ကို ဇွန်လထဲမှာပဲ ရိုက်ဖြစ်မယ်။ ဓာတ်ပုံ ရိုက်တာတွေတော့ ရှိမယ်။

အနုပညာ ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က နက်ရှိုင်းပါတယ်။ အဲဒီလို နက်ရှိုင်းကျယ်ဝန်းလှတဲ့ အနုပညာ လောကထဲ ဘယ်လို ရောက်လာလဲ ဆိုတာ ပြောပြပေးပါလား။

နိုင်ငံခြားက ပြန်ရောက်ခါစမှာ အိမ်က ထုတ်လုပ်ရေးလည်း လုပ်နေတော့ ဘယ်လိုလဲ ဆိုတာ သိချင်လို့ လေ့လာတဲ့ အနေနဲ့ လုပ်ကြည့်တာ။ ငယ်ငယ်တုန်းက အိမ်မှာ ဗီဒီယို ရုံပြတာဆိုတော့ ဘယ်သရုပ်ဆောင်က ဘယ်လို အိုက်တင်ဆိုတာလည်း သိထားတယ်။ ၁၀ တန်းအောင်ပြီးတုန်းကလည်း လုပ်မလို့ပဲ။ ဒါပေမယ့် အမေက ခွင့်မပြုလို့ မလုပ်ဖြစ်ဘူး။ နိုင်ငံခြား ထွက်သွားတယ်။ ပြန်လာပြီး အပျော် ၀င်လုပ်ရင်း စိတ်ပါတယ်။ အဲဒီတော့ ဆက်လုပ် ဖြစ်တယ်။

အနုပညာက နက်ရှိုင်း ကျယ်ဝန်းတယ် ဆိုတဲ့ အပေါ်မှာရော ကိုနေမင်း ဘယ်လို ပြောချင်လဲ။

အစ်ကိုသေချာ တွက်ထားတာတော့ မရှိဘူး။ သေချာတာ တစ်ခုက ဘုရားဟောနဲ့ ကြည့်မယ် ဆိုရင် အကုသိုလ် များတယ်လို့ ပြောလို့ရမယ်။ ဒါပေမယ့် လက်ရှိ အနေအထား အရ ကြည့်မယ် ဆိုရင် အနုပညာရှင်တွေက ပျော်ရွှင်မှုတွေ စိတ်ချမ်းသာမှုတွေ ပေးနိုင်တယ်။ သူတို့ရဲ့စိတ်ညစ်မှု တွေ ပြေပျောက်သွားတယ် ဆိုရင် လက်ရှိ အနေအထားမှာ ကုသိုလ်ရတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့ အတွက် ပီတိရတယ်။ အဲဒီ တစ်ချက်တည်းနဲ့တင် အစ်ကို့အတွက် တော်တော် ဂုဏ်ယူစရာ ကောင်းတယ်။ စီးပွားရေး လုပ်ငန်းရှင်နဲ့ အနုပညာ လုပ်ငန်းရှင် ကွာတာ အဲဒီ အချက်ပဲ။ ဘယ်လောက်ပဲ ချမ်းသာနေ ချမ်းသာနေ ရပ်ကွက်ထဲ သွားရင် တော်ရုံ တန်ရုံလူက မသိကြဘူး။ ဇာတ်ပို့ တစ်ယောက် အနေနဲ့ သွားရင်တောင် ကလေးတွေက ဘယ်သူကြီး ဆိုပြီး ပြောပြီး နှုတ်ဆက်ကြတယ်။ အဲဒီလို ပီတိမျိုးက အနုပညာရှင်မှ ရနိုင်တဲ့ ပီတိမျိုးလေ။ ကျန်တာတော့ မသိဘူး။ အဲဒါက ကျွန်တော့် အတွက် တော်တော် ခံစားရတဲ့ ခံစားမှုပဲ။

ကိုနေမင်း အတွက် အနုပညာက ဘ၀နဲ့ဆိုင်လား။

ဆိုင်တယ်။ အစ်ကိုက အလုပ် တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် သေသေချာချာ လုပ်တယ်။ မဖြစ်ဖြစ်အောင်လည်း လုပ်တတ်တယ်။ နောက်တစ်ခုက အစ်ကို ၀ါသနာလည်း ပါတယ်။ စီးပွားရေး အနေနဲ့ ဇောက်ချလုပ်ပြီ ဆိုတော့ အစ်ကို့ရဲ့ရပ်တည်မှုက ဘ၀ရဲ့ရပ်တည်မှုနဲ့ အတူတူပဲလေ။

ဘ၀ အစိတ်အပိုင်း ဘယ်လောက်ထိ အနုပညာထဲမှာ နှစ်မြှုပ်ထားနိုင် မလဲ။

အခုလက်ရှိ အချိန်ကနေ စပြီး နှစ်မြှုပ်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ရဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ငွေကြေး အတိုင်းအတာ အရ ဒီအလုပ် ကိုချပြီး စီးပွားရေး လုပ်မှ ရပ်တည်လို့ ရမယ့် အနေအထား မဟုတ်ဘူး။ အဲဒီတော့ ကိုယ်ရူးသွပ်နေသရွေ့ ဒီအလုပ်ကို လုပ်ပိုင်ခွင့် ရှိနေဦးမှာပဲ။ ဘ၀ရပ် တည်မှု မပြောင်းလဲသရွေ့တော့ ဒီမှာပဲ ရှိနေဦးမှာပါပဲ။

အနုပညာတစ်ခု ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းက ငွေကြေး ကြွယ်ဝမှု၊ ချို့တဲ့မှုနဲ့ရော သက်ဆိုင်သေးလား။

ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ကြီးပဲ ဖန်တီးချင်စိတ် ရှိ ရှိ၊ ဘယ်လောက်ကြီးပဲ ရူးသွပ်ရူးသွပ်၊ ငွေကြေးဆိုတဲ့ ပံ့ပိုးမှု အနောက်က နေ မရှိဘူးဆိုရင် မရဘူး။ တချို့က ငွေဟာ အရာရာ မဖန်တီးနိုင်ဘူးလို့ပဲ ပြောကြတယ်။ တချို့ကလည်း ငွေဟာ ဘာမဆို ဖန်တီးနိုင်တယ်လို့လည်း ပြောကြတယ်။ အဲဒီလိုမျိုးလည်း မဟုတ်ဘူး။ အကုန်လုံးက သူ့ဟာနဲ့သူ ဆက်စပ်မှုတွေ ရှိကြတယ်။ ဘယ်လောက်ကြီးပဲ အနုပညာ ရူးသွပ်နေ ရူးသွပ်နေ ဒီငွေမရှိရင် ကိုယ့်ကို ထုတ်လုပ်ပေးမယ့် သူမရှိဘူး၊ နောက်တစ်ခါ ကိုယ်ကိုယ်တိုင်လည်း မထုတ်လုပ်နိုင်ဘူး ဆိုရင် ဒီရူးသွပ်မှုက ကိုယ့်ကို အားပေးမယ့် ပရိသတ်ဆီ ဘယ်လိုမှ ရောက်လာမှာ မဟုတ်ဘူး။ ငွေရှိပေမယ့် ကိုယ်တိုင်က ပေါ်ပြူလာ ဖြစ်ချင်ရုံ တစ်ခုနဲ့ တင်ဆက်မယ် ဆိုရင် ပရိ သတ်ရင်ထဲကို ရောက်မှာ မဟုတ်ဘူး။ ပရိသတ် ရင်ထဲရောက်ဖို့ ကိုယ်တိုင်ကလည်း ရူးသွပ်မှု ရှိရမယ်။ ငွေကြေး အင်အားလည်း ရှိမယ်ဆို အဆင် ပြေပါတယ်။

ဒါဆို ငွေကြေး မရှိပေမယ့် ရူးသွပ်မှုတော့ ရှိတယ်။ အဲဒါဆို အနုပညာကို ချပြလို့ မဖြစ်နိုင်ဘူးလား။

ရူးသွပ်မှု ရှိပြီး ဇွဲရှိတယ်ဆိုရင် ငွေကြေးပြည့် စုံတဲ့သူထက် အချိန်ကြာသွားမယ်။ ပေးဆပ်ရတဲ့ အချိန် အတိုင်းအတာ ကြာပေမယ့် ကြိုးစားမှု အတိုင်းအတာ၊ ပေးဆပ်မှု အတိုင်းကို မြင်လာရင် သူ့အနုပညာ ပြခွင့်ရမှာပဲ။ အဲဒီ ဇွဲမရှိရင်တော့ ဖြစ်လာမှာ မဟုတ်ဘူး။

မင်းသားနဲ့ သရုပ်ဆောင်က ဘယ်လို ကွားခြားမှု ရှိတယ်လို့ အစ်ကို ထင်လဲ။

မင်းသား ဆိုတာက အရမ်း နူးညံ့တယ်လို့ ခံစားရတယ်။ အစ်ကို့ရုပ်က မင်းသားရုပ် မဟုတ်ဘူး။ သရုပ်ဆောင် တစ်ယောက် ရုပ်မျိုးပဲ ရှိတယ်။ သရုပ်ဆောင်ရုပ် ဆိုတာ ဒီဇာတ်ရုပ်ပေါ်မှာ ပီပြင်အောင် လုပ်မယ်ဆိုတဲ့ ရုပ်မျိုး။ သာမန်ထဲက သာမန်ဖြစ်တဲ့ အတွက် မင်းသားဆိုတဲ့ ရုပ်အပိုင်းအခြား ထဲမှာ မပါဘူး။ အရင်တုန်း ကဆို ကိုရန်လေး (ရန်အောင်)၊ ရီဝေယံ၊ အခုဆို ကိုနေတိုး၊ ဟိန်းဝေယံတို့လို ရုပ်မျိုးက လူကြားထဲ သွားလိုက်တာနဲ့ ထင်ပေါ်တယ်။ မင်းသားလို့လည်း ပြောလို့ရ တယ်၊ သရုပ်ဆောင်လို့လည်း ပြောလို့ရတယ်။ အစ်ကိုတို့က မင်းသားလို့ သတ်မှတ်လို့ရတဲ့ အတန်း အစားထဲမှာ မပါဘူး။ သရုပ်ဆောင်လို့ သတ်မှတ်လို့ ရတဲ့ အတန်းအစားထဲမှာ ပါတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတယ်။ ကိုယ့်ဘာသာ ခွဲခြား ထားတာ။ ဘယ်သူမှ ခွဲထားတာ မဟုတ်ဘူး။

ကိုနေမင်း သရုပ်ဆောင်တဲ့ ဇာတ်ကားတွေကို ပြန်ကြည့်ပြီး အားရတာမျိုး ရှိလား။

ကြည့်တယ်။ အားမရဘူး။ အခွေရိုက်ပြီး ကတည်းက ကားဆက်တဲ့ အချိန်၊ ဖြန့်တဲ့ အချိန်ထိ ထိုင်ကြည့်တယ်။ ဖြန့်ပြီးသွားရင် တစ်ခါပြန် ကြည့်တယ်။ တချို့ဆင်းန်လေးတွေတော့ ကြိုက်ပါတယ်။ တချို့ဆင်းန်တွေကျတော့ ဆင်းန်ပေါ်မှာ အကြောင်း တစ်စုံတစ်ရာကြောင့် ပြည့်ပြည့်၀၀ မလုပ်လိုက်ရတာမျိုး ရှိတော့ လုပ်ခွင့်ရရဲ့သားနဲ့ မလုပ်ဖြစ်ဘူး ဆိုပြီး ဖြစ်တယ်။ ဇာတ်ကား တစ်ကားလုံး ခြုံကြည့်ရင် အားမရပေမယ့် တစ်ဆင်းန်၊ နှစ်ဆင်းန်တော့ အားရတယ်။ အခုရိုက်ပြီးတဲ့ အထဲက နှစ်ကားကို စိတ်ထဲမှာ နည်းနည်းကျေနပ် သယောင်တော့ ရှိတယ်။ မမေ့မယ့် မိုးနဲ့ သမား ဆိုတဲ့ ဇာတ်ကားနှစ်ကား။

ကိုနေမင်း ကြော်ငြာ အနေနဲ့ ရိုက်ထားတာ ဘာတွေ ရှိဦးမလဲ။

ကြော်ငြာက ပါဝါဓာတ်ခဲ တစ်ခု ရိုက်ထားတာတော့ ရှိတယ်။ ပြောထားတာ နှစ်ခု၊ သုံးခုရှိ ပေမယ့် မကျိန်းသေသေးဘူး။

ကြော်ငြာတစ်ခု ရိုက်ဖို့ ကုန်ပစ္စည်းနဲ့ ဒါရိုက်တာပေါ် မူတည် ရွေးချယ်တာလား။

ဒါရိုက်တာကတော့ မရွေးပါဘူး။ ကုန်ပစ္စည်းကလည်း ကိုယ့်ရုပ်နဲ့ လိုက်တဲ့ ကုန်ပစ္စည်း ဆိုရွေးဖြစ်မှာပါ။ သိပ်နူးနူးညံ့ညံ့ကြီးဆို ရိုက်ဖြစ်မယ် မထင်ဘူး။ ပစ္စည်းထက်စာရင် ရေးထား တဲ့ Story Board ပေါ်မူတည်မယ် ထင်တယ်။ ပစ္စည်းက နုပေမယ့် ရေးထားတာ နည်းနည်း ကြမ်းတယ်ဆို အဆင်ပြေမယ်။ နုနုရွရွ သရုပ်ဆောင် ရမယ်ဆို လုပ်တတ်မယ် မထင်ဘူး။

ကိုနေမင်း သီချင်းဆိုဖို့ရော ဘာတွေ စီစဉ်ထားသေးလဲ။

လောလောဆယ် ဇာတ်ဝင် သီချင်းတွေတော့ ဆိုဖြစ်တယ်။ နောက်ပြီး မယ်လိုဒီ စီစဉ်တဲ့ သူ့တစ်ကိုယ်တော်မှာ စုံတွဲတစ်ပုဒ် ဆိုဖြစ်မလား မသိဘူး။

ကိုနေမင်း အခြား ၀ါသနာပါတာက ဘာများ ဖြစ်ဦးမလဲ။

အခြား ၀ါသနာပါတာ ဆိုရင် အရင်တုန်းက ပွဲစားလုပ်တဲ့ လုပ်ငန်းမျိုး ပြောရမလား။ ဖုန်းတစ်လုံးနဲ့ လုပ်ရတာလေ။

သရုပ်ဆောင် လောကမှာ အခက်အခဲတွေနဲ့ ကြုံလာရင် ဘယ်လို စိတ်ဓာတ်တွေနဲ့ ကျော်ဖြတ်လဲ။

ကျော်ဖြတ်ခဲ့ရတာတွေ ရှိတယ်။ ဥပမာ ကိုယ့်ကို မကောင်းပြောနေမှန်းလည်း သိတယ်။ ဒါပေမယ့် သူ့ကို မကောင်းဘူး၊ မကျေနပ်ဘူးလို့ မပြောဖြစ်ဘူး။ ဘယ်လိုစိတ်နဲ့ ပြန်ဖြေလဲ ဆိုတော့ သူငါ့အပေါ် နားမလည်သေးလို့ သူ့စိတ်က ပွင့်ပွင့်လင်းလင်း မရှိသေးလို့ဆိုတဲ့ စိတ်တစ်ခုနဲ့ ဖြေသိမ့်တယ်။ လူတွေ ပြောကြတယ်ကွာ။ ဒီလူက ဆင်းရဲမှာပေါ့ အလုပ်မှ မလုပ်ကြဘဲ။ သူတို့ရတဲ့ ပိုက်ဆံ သူတို့ ကုန်နေတာပဲ ပြောကြတယ်။ အဲဒီလို ပြောမယ့်အစား အဲဒီလူ အလုပ် လုပ်ချင်လာအောင် ကူညီပြီး ပြောရမှာ၊ စည်းရုံး ပြောဆိုရမှာ အဲဒီလူရဲ့ တာဝန် ရှိတယ်လို့ အစ်ကို ခံစားရတယ်။ အစ်ကို့ကို အဲဒီလို မြင်မယ်ဆိုလည်း မမြင်အောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှင်းပြဖြစ်မယ်ထင်တယ်။ အဲဒီလို စိတ်နဲ့ရပ်တည်တော့ ကိုယ့်စိတ်ထဲမှာလည်း ပေါ့ပါးတယ်။ အခက်အခဲဆိုတာ လည်း မရှိတော့ဘူး။ နာကြည်းစိတ်၊ မုန်းတာတို့ မရှိတော့ဘူး” လို့ နေမင်းက ထက်ပိုင် မေးသမျှ စိတ်ရှည်စွာ ဖြေကြားပေးပါတယ်။

အနုပညာကို စိတ်ဝင် စားပြီး အနုပညာ လောကထဲ ၀င်ရောက်လာတဲ့ ထက်ပိုင်ကို နေမင်းက ဘယ်လို စိတ်ကူးတွေနဲ့ အနုပညာ လောကထဲ ၀င်လာတာလဲ၊ ဘာဖြစ်လို့စိတ်ဝင် စားတာလဲလို့ မေးတဲ့အခါ ထက်ပိုင်က “ကျွန်တော် ငယ်ငယ်က အနုပညာ ၀ါသနာ မပါဘူး။ ကြီးလာမှ စံကားဝါ သင်တန်းမှာ တက်ရင်းနဲ့ ၀ါသနာ ပါလာတာ။ ပြိုင်ပွဲတစ်ခု ၀င်ပြိုင်လို့ ဆုတစ်ခု ရလာလေ အောင်မြင်မှုကို လိုချင်လာလေ။ အောင်မြင်မှုကို ငတ်မွတ်လာတယ်။ အမြဲတမ်းပဲ အောင်မြင်ချင်တယ်။ အခုတော့ သရုပ်ဆောင်မှုကို အားထားတယ်”လို့ဆိုပါတယ်။

အောင်မြင်မှုကို လိုချင်လို့ လုပ်တာ မကောင်းဘဲ ကိုယ့်ရူးသွပ်မှု၊ ဖန်တီးမှု တွေနဲ့ အကောင်းဆုံး လုပ်ပြီး လုပ်လိုက်တဲ့ဟာ မိသားစု၊ ပတ်ဝန်းကျင်၊ ကိုယ့်အတွက် ဘယ်လို အကျိုးပြုမလဲ စိတ်နဲ့ လုပ်ရင် ပိုကောင်းကြောင်း၊ အောင်မြင်ရမယ် အောင်မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်တဲ့အခါ မအောင်မြင်တာ ကြုံရရင် ခံစားနိုင်မှာ မဟုတ်ကြောင်း၊ အောင်မြင်ရင် ဘယ်လိုလုပ်မယ်၊ မအောင်မြင်ရင် ဘယ်လို လုပ်မယ်ဆိုတာ ကြိုတင် ပြင်ဆင်သင့် ကြောင်းများ နေမင်းက ထက်ပိုင်ကို ပြောပါသေးတယ်။ ထက်ပိုင်က စံကားဝါ သင်တန်းမှာ တက်ဖြစ် ရတာနဲ့ ပတ်သက်ပြီး “တောင်ငူမှာ အကတွေနဲ့ ပတ်သက်ပြီး ကဖြစ်တယ်။ အဲဒီတော့ သူငယ်ချင်းက မင်းသွားလျှောက် ပါလားတဲ့ အောင်ရင် အခမဲ့တက် ရမယ်ဆိုလို့ သွားပြိုင်တာ။ အဲဒီမှာ တက်ခွင့်ရတယ်” လို့ ပြောပြပါတယ်။ အောင်မြင်မှုက အတိုင်းအတာ တခုအထိ ကောင်းသလို မအောင်မြင်ခြင်း ရလဒ် ကလည်း အတိုင်းအတာ တခုထိတော့ ကောင်းတတ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး အောင်မြင်မှု၊ မအောင်မြင်မှုနဲ့ လုပ်ချင်စိတ်ရှိ၊ မရှိဆိုတာတွေကို နေမင်းနဲ့ ထက်ပိုင်တို့က ပြောကြခြင်း ဖြစ်ပါတယ်။ teens & stars ကဏ္ဍမှာ အချိန်ပေး ဖြေကြား ပါဝင်ပေးတဲ့ နေမင်းကို ကျေးဇူးတင်ရှိ ပါတယ်။
Ref:shweamyutay

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ