this site the web

836.. ငါးမျက်စေ့အကြောင်း [ 23.7.10 ]

 


Hyperkeratosis, Clavus, Heloma and Tyloma လို့လဲ ခေါ်ကြတယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်း မတူဘူး။

ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာ အရေပြာက ထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်က သူ့ဖါသာ ကာကွယ်တာလုပ်ရင်းကနေ အဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲ အသားမာလိုပေါ့။ စာရေးလို့ ဖေင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။

ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာကိုယ်က သူ့ကို Foreign body လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters တွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာလုပ်ပေးနိုင်တယ်။ (bathroom surgery) ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေး လိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံး တံစဉ်း(ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေး ဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကို ဖျော်ပြီး ဆေးဖေါ်တာကို အခုတော့ တားထားတယ်။

နောက်ဆုံး ခွဲစိတ်ရမှာပါဘဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီး ပျောက်သွားတာပါဘဲ။
Ref:Dr Tint Swe

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ