this site the web

832..ရိုက်ကွင်းပေါ်မှမိတ်ကပ်အထူးပြုလုပ်ချက် [ 22.7.10 ]

 
Free Image Hosting
"အလှပြင်တာက မိတ်ကပ်ဖန်တီးရှင် တိုင်း လုပ်တတ်တယ်။ ရုပ်ပျက် သွားအောင်လုပ်ဖို့ကသာ မိတ်ကပ်ဖန်တီးရှင်တွေအတွက် စိန်ခေါ်မှုပဲ"
ဇာတ်ကားတွေမှာ ဇာတ်လမ်း လိုအပ် ချက်အရ ဖန်တီးရတဲ့ မိတ်ကပ် အထူးပြုလုပ်ချက်တွေအကြောင်းကို ရုပ်ရှင်၊ ဗီဒီယိုလောကမှာ အချိန် ပိုင်းမိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ် ရှစ်နှစ်ကျော်လုပ်ကိုင်ခဲ့သူ မစိမ့်က ဒီလိုဆိုလိုက်ပါတယ်။

ဇာတ်ကောင်ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာ တွေမှာ ဒဏ်ရာ၊ အမာရွတ်တွေနဲ့ ရုပ် ဖျက်ပေးရတဲ့ မိတ်ကပ် အထူးဖန်တီးတဲ့ ပညာရပ်ဟာ လက်ဝင်ပြီး ခက်ခဲတဲ့ပညာရပ်ဖြစ်သလို ဇာတ်ကားတစ်ကား အသက်ဝင်မှုအတွက် အထူးအရေးပါ တဲ့ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။

"လူတစ်ယောက်ကိုလှသွားအောင် မိတ်ကပ်လိမ်းခြယ်ပေးရတာလွယ် တယ်။ မျက်နှာပေါ်မှာ ဒဏ်ရာ၊ အမာ ရွတ်တစ်ခု ဖန်တီးပေး နိုင်ဖို့ကျ တော့ ခက်တယ်။ ကျွမ်းကျင်မှု အများကြီး လိုတယ်" လို့ မစိမ့်က ဆိုပါ တယ်။

"ဒီလိုမှမဟုတ်ရင် တီဗီဖန်သားပြင်ပေါ်မှာမြင်ရတဲ့အခါ ဖန်တီးထားတဲ့ အတုကြီးမှန်း သိသာနေမှာပေါ့"တဲ့။

ဒါကြောင့် မိတ်ကပ်ဆရာ တစ်ယောက် ဟာ လှအောင် လည်း ဖန်တီး တတ် ရ သလို ရုပ်ဆိုးသွားအောင်လည်း ရုပ် ဖျက်တတ်ရပါတယ်တဲ့။

"ကိုယ့်ဆီမှာ မိတ်ကပ်လာပြီး လိမ်း တဲ့ သူတွေက အသက်ကြီးတဲ့ သူ တွေဆို နုချင်တော့ နုအောင်လိမ်းပေးရတယ်။ အသက်အရွယ် အပိုင်း အခြား အရပေါ့။ အဲဒါက အပြင် လူ ပေါ့။ မင်းသမီး တွေ ကျတော့ အ သက်ကြီးသွားတာရှိမယ်။ ဇာတ်ဝင်ခန်းမှာ ဒဏ်ရာရသွားတာရှိ မယ်။ ရှိတဲ့အသက်၂၀ ကျော်ကနေ ၄၀ ကျော်လောက်ထိ ဖြစ်ရင်ဖြစ် သွားမယ်။ အဲဒါတွေကို သရုပ်ပေါ်အောင် လိမ်း ပေးရတာပေါ့" လို့ သူက ပြောပါတယ်။

ဒါပေမယ့် လက်ရှိရုပ်ရှင်၊ ဗီဒီယိုဈေး ကွက်ထဲမှာ ပရိသတ်တွေအကြိုက်တွေ့ လက်ခံနေကြတာက ဟာသနဲ့ အချစ် ဇာတ်ကားတွေမို့ မိတ်ကပ်ဖန်တီးရှင် တွေအနေနဲ့ သည်းထိတ်ရင်ဖိုနဲ့ အလွမ်း အဆွေးဇာတ်ကားတွေမှာ ဖန်တီးရလေ့ရှိတဲ့မိတ်ကပ်အထူးပြုလုပ်ချက် မျိုး လက်စွမ်းပြနိုင်တဲ့ အခွင့်အရေးရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

"မြန်မာပြည်မှာ စွန့်စွန့်စားစားရိုက်တဲ့ ဇာတ်ကားတွေ ရှားတယ်လို့ထင် ပါတယ်။ သရုပ်ဆောင်တွေကလည်း ပေါ့ပေါ့ပါးပါးပဲ ရိုက်ချင် ကြတယ်။ မိတ်ကပ် အထူးပြုလုပ်ချက် special effects ပညာရှင်လိုအပ်တဲ့ ဇာတ်ကား မျိုးတွေဆို ရိုက်တာနည်းတယ်" လို့ သူကဆို ပါတယ်။

မိတ်ကပ်အထူးပြုလုပ်ချက်ပညာကို ကိုယ်တိုင်တတ်မြောက်သလို ရိုက်ကူးခဲ့ တဲ့ဇာတ်ကားတွေမှာလည်း အဲဒီပညာ ကို အသုံးပြုရိုက် ကူးခဲ့တဲ့ ဒါရိုက်တာက တော့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ပါပဲ။ သူက တောင်ကိုရီးယားနိုင်ငံက မိတ်ကပ်ပညာရှင်အဖွဲ့ နှစ်ကြိမ်တိတိ မြန်မာ နိုင်ငံကို လာရောက်ပြီး မိတ်ကပ်အထူး ဖန်တီးမှုအကြောင်း သင်ကြားပေးစဉ်က တခြားမိတ်ကပ်အထူးဖန်တီးရှင်နှစ်ဦးဖြစ်တဲ့ ဦးအောင်သန်း၊ ဦးအေးကြွယ် (မြန်မာ့အသံ)တို့နဲ့အတူ အထူးပြုလုပ် ချက်မိတ်ကပ်ပညာကို လေ့လာခဲ့သူပါ။

အဲဒီလိုလေ့လာခဲ့သလို သူရိုက်ကူးခဲ့ တဲ့ ဇာတ်ကားတွေမှာလည်း ပြန်လည် အသုံးပြုဖန်တီးခဲ့တယ်လို့ သိရတယ်။

"ရိုက်ခဲ့တဲ့ သရဲကားနှစ်ကားဖြစ်တဲ့ 'ကြောက်တတ်သူများ မကြည့်ရ'နဲ့ 'ငါ့ ပန်းစည်းပြန်ပေး' ရုပ်ရှင်ကား တွေမှာ အဘွားကြီး၊ အဘိုး ကြီး၊ သရဲတွေ၊ နောက် ဒဏ်ရာနဲ့ ခါးကုံးအဘိုးကြီး တွေကအစ ပြောင်ချော်ချော်သရဲနဲ့ တကယ့်ကြောက်စရာကောင်းတဲ့ သရဲ ပုံစံမျိုး အားလုံးကို ဦးမျိုးကိုယ်တိုင်သင်တန်းက တတ်ထားတဲ့ပညာတွေ ကို ပြန်အသုံးချပြီး လုပ်ထားတာ"လို့ မိတ်ကပ် ပညာကိုဝါသနာကြီး တဲ့ ဒါရိုက်တာမောင်မျိုးမင်းက ဆိုပါတယ်။

ပြီးတော့ သူက မိတ်ကပ်ဖန်တီးမှု ပညာရဲ့ နက်နဲပုံကို "Special effects မိတ်ကပ် ပညာရှင်က ဇာတ်ကောင် ကို အကြော် သည်တစ် ယောက်ပုံပြောင်း ချင်ရင်သူကအကြော်ကို နှစ်ဘယ်လောက်ကြာအောင် ရောင်းခဲ့သလဲ။ ထိုင်ရောင်းတာလား၊လည်ရောင်းတာလား။ တဲထဲမှာ ထိုင်ရောင်းတဲ့လူက မီးဟပ်တာမျိုးဖြစ်တယ်။ လည်ရောင်း တဲ့သူက ဆံပင်တွေ ကော မျက်နှာတွေ ပါ နေလောင်တယ်။ အ ကြော်သည် မိန်းမဆို လက်ထဲမှာ ဆီချေးတွေရှိ တယ်။ ခေါင်းအစ ခြေအဆုံး သဏ္ဌာန်တူအောင် ပြောင်းပေးရပါတယ်။ အမာရွတ်ဆို လည်း မီးလောင်တဲ့ အမာရွတ် လား၊ ဓားခုတ်တဲ့အမာရွတ်လား၊ ကား မှောက်တဲ့ အမာရွတ်လား။ အဲဒါကိုမှ အိုင်ဒီယာနဲ့ ပန်းချီပညာ ပေါင်းစပ်ပြီး ပြုလုပ်ပေးရတယ်"လို့ ဆိုပါတယ်။

နိုင်ငံတကာမှာတော့ သည်းထိတ် ရင်ဖို ဇာတ်လမ်းတွေ ရိုက်ကူးမှုများပြား တာမို့ မိတ်ကပ် အထူးပြု လုပ်ချက်ပညာ ရှင်တွေလည်းပဲ အများအပြားရှိကြပါ တယ်။ မြန်မာပြည်မှာတော့ ဒီပညာရပ် ကို စိတ်ဝင်စားမှုနည်းပါးသလို ဇာတ်ကားတွေမှာ ထည့်သွင်းအသုံးပြုမှု လည်း နည်းပါးတာမို့ မိတ်ကပ်အထူး ဖန်တီးချက်ပညာရှင်တွေကလည်း လက်ချိုးရေလို့ ရလောက်အောင် များများစားစားမရှိပါဘူး။
"အဲဒါကို စိတ်ဝင်တစားလုပ်တဲ့လူဆို လို့ ဦးအေးကြွယ်နဲ့ ဦးအောင်သန်း နှစ်ယောက်ပဲရှိတယ်။ စိတ်ဝင်စားတဲ့ လူ နည်းသလိုနောက် အဲဒါကိုအသုံးပြုတဲ့သူလည်း နည်းတယ်။ တော်ရုံတန်ရုံ အသက်ကြီးတဲ့ မိတ်ကပ်ဆိုရင် ကိုယ့် ဟာ ကိုယ်လုပ်လိုက်ကြတယ်။ ထုတ်
ဝေသူကလည်း အကုန်မခံဘူး။ အသက် ၅၀ မှာရှိတဲ့အရေးအကြောင်းနဲ့ ၆၀မှာ ရှိတဲ့အရေးကြောင်းမတူဘူး။ ဒီမှာအဆိုးဆုံးဒုက္ခက အဘွားကြီးတွေက မျက်နှာပဲ အိုပြီး ခန္ဓာကိုယ် နဲ့ အသံကျ တော့ မအိုတာတွေ့ရတယ်။ စနစ်တကျသင်မယ့် သင်တန်းကျောင်းတွေ လည်း လိုတယ်"လို့ မောင်မျိုးမင်းက ဆိုပါတယ်။

"ဒီမှာက အများအားဖြင့် ပန်းချီ ဆရာ၊ပန်းပုဆရာတွေပဲ ဒီလိုင်းကိုသွားကြတယ်။ အသက်ဘယ်လောက်မှာ လူတစ်ယောက်မျက်နှာ အရေး အကြောင်း ဘာတွေပေါ်လာသလဲ။သူ့ရဲ့ကြီးပြင်းလာတဲ့နောက်ခံက ချမ်းသာတဲ့ဘ၀ကတက်လာတာလား၊ ဆင်းရဲတဲ့ဘ၀က တက်လာတာလားဆို တာ ပန်းချီဆရာပဲမြင်တယ်။ ဒါကြောင့် ပီပြင်အောင် မျက်နှာမှာ ဖန်တီးတဲ့အခါ ပန်းချီပညာတတ်ထားရင်ပိုပြီး သဏ္ဌာန် တူအောင်ဖန်တီးနိုင်တယ်"လို့ဆိုပါတယ်။ ဒါကြောင့် ဇာတ်ကားတွေမှာ မိတ် ကပ် အထူးပြုလုပ်ချက် လိုအပ်တိုင်း အားကိုး အားထားပြုရတဲ့ Special effects ပညာရှင် ဦးအောင်သန်းဆိုရင် ပန်းချီဆရာတစ်ဦးဖြစ်သလို 'သင်္ကြန်မိုး'ကစတင်လို့အကယ်ဒမီရ တဲ့ ဇာတ် ကားတော်တော်များများ၊ ဗီဒီယိုဇာတ် ကားနဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ မင်းသား မင်းသမီးတွေကို မိတ်ကပ်နဲ့အမာရွတ်၊ ဒဏ်ရာ အိုမင်းတာကအစ ပြုလုပ်ခဲ့တဲ့ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

"ပန်းချီအခြေခံရှိရင်တော့ ဒီပညာ ကို လုပ်ရတာ အဆင်ပြေပါတယ်။ အရက်သမားပုံ ပေါက်အောင်၊ လူဆိုးပုံ ပေါက်အောင် အသက် ငယ်ရာကနေကြီးသွားတဲ့ပုံသဏ္ဌာန်တွေ၊ မေးရိုးကား တာကို ဖျောက်တာ၊ နှာခေါင်းပြားတာကိုဘယ်လိုဖော်ပေးရမလဲဆိုတာ ပန်းချီ အခြေခံရှိရင် ပိုမြင်တယ်"လို့ သူ က ပြောပါတယ်။

မြန်မာရုပ်ရှင်၊ ဗီဒီယိုလောကမှာ မိတ်ကပ်အထူးဖန်တီးတဲ့ပညာကို လိုက်စားသူနည်းပါးတဲ့ အပေါ်မှာလည်း သူက "ဒီပညာက ပန်းချီ ပညာ၊ ပန်းပု ပညာနဲ့ဆက်နွှယ်ပါတယ်။ ဒီပညာတတ် ချင်တယ်ဆိုရင် ပန်းချီနဲ့ ပန်းပုပါ အရင် ဆုံးတတ်ရမယ့်အပြင် အိုင်ဒီယာ၊ မိတ် ကပ်နဲ့ပတ်သက်ပြီးပါ လေ့လာရမှာ။ ဒါကြောင့်လို့ ထင်ပါတယ်"လို့ ဆိုတယ်။

"ပြီးတော့ ဒီအလုပ်က ပုံမှန် ၀င်ငွေ ဆိုတာ မရှိဘူး။ ကားဆက်တွေ များနေ ရင်တော့ ၀င်ငွေ အတန်အသင့် ရတာ ပေါ့။ ကားရိုက်မရှိ တဲ့အခါကျရင်တော့အလုပ်လည်းမရှိတော့အိမ်မှာပဲထိုင်စားပေါ့"လို့သူ့အသက်မွေးဝမ်းကျောင်းရဲ့သဘောသဘာဝကို ရှင်းပြပါတယ်။

မိတ်ကပ်ဖန်တီးဖို့ အဓိကလိုအပ်တဲ့ ပစ္စည်းတွေ ကတော့ ကော်၊ အမွေး အမှင်၊ ဆီလီကွန် အထူအပါး၊ အသား တု စတာ တွေဖြစ်ပြီး နိုင်ငံခြားကနေ မှာယူရတယ်လို့ သိရပါတယ်။

Special effects လုပ်တဲ့အခါ ဆီလီကွန်တွေကို ရာသီဥတုပူတဲ့ ဒီမှာသိပ်ပြီးသုံးလို့ မရပါဘူး။ ဆီလီကွန်ထည့်လိုက်ရင် အထဲမှာ ချွေး ပေါက်တွေ အကုန်ပိတ်ကုန်ပြီးပူတဲ့အချိန်ဆို အရေပြားကချွေးတွေထွက်လာပြီး ဆီလီကွန်တွေ ကွာကျကုန်တယ်။ပြင်ဦးလွင်လို အေး တဲ့ဒေသတွေမှာ ရိုက်ကွင်းတည် ရင်တော့ ဆီလီကွန်အသုံးပြုပြီး ပြုလုပ်တဲ့အခါလည်း ရှိတယ်"လို့ ဦးအောင်သန်းကရှင်းပြပါတယ်။
Ref:Myanmar Time

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1 - ဦး မှတ်ချက်ပေးထားပါသည်

Blogger nyinaing said...

အကြောပြတ်ပျောက်ဆေးနှင့်အမာရွတ်ပျောက်ဆေး နည်းလမ်းကောင်းလေးတွေသိချင်ပါတယ်..............
မျှဝေပေးပါအုံးနော်.................





အားပေးလျှက်.........

24/10/11 11:12 AM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ