this site the web

829.. City FM ( 8 )နှစ်ပြည့်စီးရီး ဇူလိုင်၂၅တွင်ထွက်မည် [ 22.7.10 ]

 

City FM အသံလွှင့်ဌာနမှ ၂၀၀၃ခုနှစ်က စတင်တင်ဆက်ခဲ့သော နှစ်ပတ်လည် ဖျော်ဖြေပွဲစီးရီးမှာ ယခု၂၀၁၀တွင် ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဇူလိုင်၂၅ရက်နေ့တွင် ထွက်တော့မည်ဖြစ်ကြောင်း City FMမှ ဦးကြည်မင်းသိန်းက ပြောသည်။ City FM၏ နှစ်ပတ်လည်ပွဲများကို တစ်နှစ်ချင်းလျှင် ထူးခြားသည့်စိတ်ကူးများဖြင့် တင်ဆက်ခဲ့လေ့ရှိပြီး ရှစ်နှစ်မြောက်နှစ်ပတ်လည်တွင် ဂစ်တာသီချင်းပွဲတော်ဆိုသည့် အမည်အတိုင်း သီချင်းတိုင်းတွင် ဂစ်တာများဖြင့် တင်ဆက်ထည့်သွင်းထားခဲ့ကြောင်းနှင့် ဂစ်တာပညာရှင်များအဖြစ် ကိုကျော်ကျော်(Lead Guitar)၊ ကိုရန်နိုင်နှင့် အမျိုးသမီး ဂစ်တာပညာရှင် နုနုစိန်တို့က တီးခတ်ထားကြကြောင်း ကိုမင်းဦး(The Tree တီးဝိုင်း)က စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

ဇော်ဝင်းထွဋ်၊ ဘရိတ်ကီ၊ ဖိုးကာ၊ အနဂ္ဂ၊ ဟဲလေး၊ နောနော်၊ ဂျီလတ်၊ ကျော်စည်သူကျော်၊ ထက်နေကြည်၊ The Tree Band၊ မေဆွိ၊ ထွန်းအိန္ဒြာဗို၊ သံသာဝင်း၊ ရေဗက္ကဝင်း၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ ဂျင်းနီ၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းတို့ သီဆိုပြီး ပုသိမ်မောင်စိမ်းသူ၊ သုခမိန်လှိုင်၊ နေဇော်အောင်၊ လှိုင်ဦး၊ ကိုင်ဇာ၊ မင်းချစ်သူ၊ စောခူဆဲ၊ ဖိုးကာ၊ ဟဲလေး၊ အနဂ္ဂ၊ နောနော်တို့ ရေးသားသော သီချင်းများ ဖြစ်ကြသည်။ တိပ်နှင့်စီဒီမှာ ဇူလိုင်၂၅ရက်တွင် ထွက်မည်ဖြစ်ပြီး ဗီစီဒီကို သြဂုတ်လ၂၂၇ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း ထုတ်လုပ်ရေး တာဝန်ယူထားသည့် MDG ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ City FM အသံလွှင့်ဌာနသည် ၂၀၀၁ခုနှစ်၊ ဇန်နဝါရီ၁ရက်နေ့က စလွှင့်ခဲ့ပြီး ၂၀၀၃ခုနှစ်မှစကာ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲနှင့်အတူ သီချင်းသီဆိုဖျော်ဖြေပွဲနှင့် ဂီတဆုပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
Ref:7daysnews

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ