this site the web

799.. Wordpress အကြောင်းနှင့်သမိုင်း[13.7.10 ]

 

ယခင် web publishing (၁၉၉၅ မှ ၂၀၀၀) ကိုပြန်ကြည့်မယ်ဆိုလျှင် သင် web site တစ်ခုကို တည်ဆောက်ဖို့ရာ အနည်းဆုံးတော့ code တွေ programming တွေကို နားလည်ထားမှသာလျှင် ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ဥပမာ HTML (hypertext makeup language). နောက်ပြီး reader ဆိုတာဟာလည်း တော်တော်လေးကို နည်းသေးတဲ့အပြင် ခုလက်ရှိသုံးနေတဲ့ content တွေကို အလွယ်တကူရှာပေးသော search engine ဆိုတာဟာလည်း မရှိသေးပါဘူး။ ကိုယ့်ရဲ့ site တစ်ခုကို သန်းပေါင်းများစွာသော ကြည့်ရှုသူ viewer တွေ ရှာဖွေနိုင်ဖို့ရာ တော်တော်ခက်လှပါတယ်။ RSS (really simple syndication) ဆိုတာလည်း မရှိသေးပါဘူးဗျာ။
၁၉၉၉ ခုနှစ်တွင် Evan Williams (twitter odeo နှင့် blogger ကဲ့သို့သော project တွေမှာပါဝင်လှုပ်ရှားခဲ့တဲ့ အတွက်ကြောင့် ယနေ့ persistent entrepreneur တယောက်အနေဖြင့် သိခြင်းခံရသူ) နှင့် Meg Hourihan ဆိုသူတို့သည် Blogger လို့ခေါ်တဲ့ ဝန်ဆောင်မှု အသစ်တစ်ခုကို စတင်ခဲ့တာဖြစ်ပါတယ်။ Google ကအဲ့ဒီ ဝန်ဆောင်မှုကို ရယူသိမ်းပိုက်လိုက်ပြီးနောက် မှာတော့ ပိုပြီးကျော်ကြားမှု ရှိလာခဲ့တဲ့အပြင် MovableType နှင့် TypePad ဆိုတဲ့ platform တွေလည်းပြိုင်ဘက် အနေဖြင့် ထပ်မံပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒီလိုနဲ့ blog တွေများစွာ စတင်လာခဲ့တယ်။
၂၀၀၁ ခုနှစ်မှာတော့ open source blogging platform ဖြစ်တဲ့ b2/cafelog ဆိုတာပေါ်လာပြန်တယ်။ အဲ့ဒီ b2/cafelog ကို ၂၀၀၃ ထိဆက်လက် သုံးနေကြပြီး Matt Mullenweg ဆိုသူ Houston ရှိ freshman university ကျောင်းသာဟာ Mike Little ဆိုသူ develpoer တစ်ယောက်နဲ့ ပူးပေါင်းပြီး forking လို့ခေါ်တဲ့ project အသစ်တစ်ခု လုပ်ရာက WordPress 0.70 ပေါ်ပေါက်လာပါတယ်။
တစ်နှစ်ကြာပြီးနောက် ၂၀၀၄ ခုနှစ်မှာတော့ version 1.2 ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထို version မှာတော့ application programming interface (API) တွေ plug architecture တွေတော်တော် စုံလင်စွာ ပါရှိလာတာဖြစ်ပါတယ်။ အဲ့ဒီလို့ တဖြည်းဖြည်း version တွေမြင့်တက်လာခဲ့ရာ ခုလက်ရှိ 2.9.2 ထိပဲဆိုပါတော့။
WordPress ရဲ့ အောက်ခံဘောင် framework အနေနဲ့ HTML5 ကို အခြေခံထားတဲ့ theme တွေ web ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်လာအောင် လုပ်နိုင်တဲ့ PHP တွေကို ရွေးချယ်ထားမှုကြောင့် web publishing အပိုင်းမှာတော့ ဒီကောင်ဟာ ဆက်လက်ခေါင်းဆောင် နေအုံးမှာပါ။

WordPress နဲ့ပတ်သက်ပြီး သင်သိဖို့လိုသော အချက် ၁၀ ခု
WordPress ကိုသုံးခြင်းဖြင့် အကျိုးမြတ် တော်တော်ရခဲ့ပါတယ်။ ဘယ်လိုအကျိုးမြတ်တွေလဲ ဆိုတာ သိသာထင်ရှားစေရန် ရေးသားပါ့မယ်။ တချို့တွေဟာ wordpress ကို plugin တွေသုံးလို့ ရတာတစ်ခုတည်းနဲ့တင် အကျိုးမြတ်လို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး အကျိုးမြတ် ၁၀ ခုရှိပါတယ်။

၁။ Speed up the back-end with Google Gears


WordPress version 2.5 မှာ Google Gears ကစတင် မိတ်ဆက်လိုက်ပါတယ်။ Google ရဲ့ product တစ်ခုဖြစ်တဲ့ အဲ့ဒီ Gears ဟာ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ content တွေကို cached လုပ်ပြီးသိမ်းထားပေးပါတယ်။ Local အနေနဲ့ပေါ့။ ဥပမာအနေနဲ့ Gmail တွေ Google Reader တွေကို offline အနေနဲ့ သုံးလို့ရသလိုပေါ့။ အခုဆိုရင် wordpress ကို browser နဲ့တွဲသုံးလို့ ရတဲ့ add-on တွေတောင်ပေါ်လာပါပြီ။ ၄င်းဟာ wordpress ရဲ့ အတွေ့ကြုံကို မြှင့်မားလာစေရန် offline mode မှာသုံးလို့ ရနိုင်စေရန်ဖြစ်ပါသည်။ မှတ်ချက်။ ။ Google Gears ဟာ Firefox နဲ့ Internet Explorer တို့မှာသာ ထောက်ပံ့မှု ရှိတယ်ဆိုတာ သတိပြုပါ။ Firefox ကတော့ OS အားလုံးမှာ ရနိုင်ပြီး Internet Explorer ကတော့ Windows OS မှာသာလျှင်ရနိုင်တာ ဖြစ်ပါတယ်။

၂။ Generate content with an offline editor


တခါတရံ သင်ရဲ့ စိတ်ပါဝင်စားမှု နဲ့ post တွေကို ရေးချင်သော ဆန္ဒရှိနေတဲ့ အချိန်မှာ offline ဖြစ်ရင်ဖြစ်နေမှာပါ။ ထိုကြောင့် offline မှာလည်း post ရေးလို့ရအောင် ဒီ application ကကူညီမှာပါ။ အဲ့ဒီအတွက် XML-RPC (XML Remote Procedure Call) (သို့) AtomPub (Atom Pulishing Protocol) ကိုသုံးလို့ရပါတယ်။ Offline editor တွေဟာ content တွေကို စံသက်မှတ်ထားသော protocol သုံးပြီး wordpress ဆီသို့ပို့ပေးပါတယ်။ ၄င်း offline editor သုံးဖို့အတွက် wordpress ရဲ့ settings\writing\remote publishing\ atom publishing protocol နှင့် XML-RPC တို့ကို enable လုပ်ရပါလိမ့်မယ်။

၃။ Benefit from built-in SEO features


Search Engine Optimization (သို့) SEO လုပ်ထားခြင်းဖြင့် ကိုယ့်ရဲ့ site ကို လျှင်မြန်စွာ ရှာတွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် တချို့တွေဟာ domain ကို www မပါပဲသုံးကြပါတယ် အဲ့ဒီအတွက် www မပါလည်း ကိုယ့် site သို့ရောက်ရှိစေရန် wordpress ရဲ့ settings\general\general settings\wordpress address (URL) က http://www.name.com ဖြစ်နေပါစေ blog address (URL) ကို http://name.com ပြောင်းလဲနိုင်ဖို့ရာ built-in SEO feature တစ်ခုပါဝင်တာ တွေ့ရပါတယ်။ အဲ့ဒီတော့ end user တွေဟာ www ပါပါမပါပါ site တစ်ခုကို ဝင်ရောက်နိုင်မှာ သေချာပါတယ်။

၎။ Widgetize your blog for a unique experience
Blog ရဲ့ sidebar ပေါ်က widget တွေကို ပြန်လည်ပြင်ဆင် ထည့်သွင်းချင်တဲ့အခါ လွယ်ကူမှုရှိစေရန် နှင့် နေရာချတဲ့အခါ လွယ်ကူစေရန် drag & drop စနစ်ကို ရရှိစေပါသည်။ အသုံးများသော widget များမှာလည်း default အနေနဲ့ပါဝင် လာတာတွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ search form ၊ recent post ၊ RSS widget စသည်ဖြင့်။ widget တွေကို ထောက်ပံ့ပေးတဲ့ များစွာသော plugin တွေလည်းရှိပါတယ်။

၅။ Install themes, plugins and core upgrades automatically
အရင်က FTP ကိုသုံးပြီး ရှိပြီးသား file တွေကို delete လုပ်လိုက် upgrade လုပ်လိုက်နဲ့ file permission တွေ ပြောင်းဖို့ရာ နောက်ပြီး file တွေကို overwrite လုပ်တဲ့ အခါ အမှားယွင်းမရှိ ဖို့ရာ သတိထားရပါတယ်။ WordPress 2.6 ကစတင်ပြီးတော့ plugin တွေကို FTP သုံးစရာမလိုဘဲ wordpress ကိုယ်တိုင် upgrade လုပ်လို့ရတာ တွေ့ရပါတယ်။ 2.7 ရောက်တော့ version အသစ်ထွက်လာရင်တောင် one-click upgrade feture တွေပေါ်လာတာတွေ့ ရပါတယ်။

၆။ Turn your blog into a social network
WordPress ကို blogging platform အတွက်ဆိုပြီး စတင်ခဲ့သော်လည်း version 1.5 ထွက်တုန်းက wordpress ဟာ blog အတွက်သာလျှင်မက CMS content management syatem ဖြစ်တယ်ဆိုတာကိုပါ မိတ်ဆက်ခဲ့ပါသည်။ version 2.5 တုန်းကဆို wordpress ကို CMS အနေနဲ့အသုံးပြုကာ ကိုယ်ပိုင် site တစ်ခုတည်ထောင် နိုင်ပြီး flickr ကဲ့သို့သော photo-sharing တွေ တခြားသော gallery feature တွေသုံးကာ run နိုင်တယ်ဆိုတဲ့ အကြောင်းတွေပါ ညွှန်းဆိုလာသည်။ ယနေ့မှာတော့ BuddyPress နှင့် WordPress တို့ပူးပေါင်းပြီး social network ကိုလမ်းဖွင့် ပေးလိုက်တဲ့ အထိပါပဲ။

၇။ Extend WordPress with plugins
WordPress ဟာ site တစ်ခုကို အလှဆင်တဲ့ အပိုင်းမှာ ကိုယ်လိုသလို ပုံစံကို ချဲ့ကားလို့ရနိုင်ပါတယ်။ အဲ့ဒီအတွက် အဓိကကျတာ ကတော့ plugin တွေဘဲဖြစ်ပါတယ်။ Open source software တွေရဲ့ သဘာဝအရ developer တွေက ပိုမိုကောင်းသည်ထက် ကောင်းအောင် လုပ်တာလည်းပါတာပေါ့။ WordPress ဟာ hook system ဖြစ်တာကြောင့် developer တွေက extend လုပ်လို့ရတာဖြစ်တယ်။

၈။ Provide context with the WordPress taxonomy
Web ပိုင်းဆိုင်ရာမှာ metadata ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အကောင်းဆုံး ဖော်ပြချက်တစ်ခု ဖြစ်တယ်။ အလွယ်တကူ ရှာဖွေခြင်း ဝေမျှခြင်း ဆိုတဲ့ နည်းတွေကို end user တွေထံ ပေးဖို့ရာ အလွန်အရေးကြီးပါတယ်။ ထိုမှသာလျှင် သူတို့ဟာ အသစ်ဖြစ်သော content တွေကိုရှာနိုင်မယ် share လုပ်နိုင်မှာဖြစ်ပါတယ်။ WordPress ဟာ content တွေကို လွယ်ကူစွာ ရှာဖွေနိုင်ဖို့ရာ tags တွေ categories တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Blogger တွေဟာ post images links စသည်တို့ကို wordpress မှာ tag လို့ရပါတယ်။ အဲ့ဒီနေရာမှာ metadata ဆိုတာ တော်တော်လေးကူညီမှု ပေးနိုင်ပါတယ်။ ဥပမာ blogger တွေဟာ site တစ်ခုရဲ့ structure ကို ထောက်ပံ့နိုင်ဖို့ရန် categories တွေ metadata အဖြစ် tags တွေကို သုံးပါတယ်။ metadata ရဲ့ ဖော်ပြချက်တွေကတော့ ကိုယ့်ရဲ့ site ဟာ ဘယ်လိုအမျိုးအစား ဖြစ်တယ် ဆိုတာကိုပါ။

၉။ Import your blog from any platform
Blogger တွေဟာ များစွာသော blogging platform တွေကိုသုံးကြပါတယ်။ WordPress ဆိုတာကို သေချာ နားမလည်သေးသောကြောင့် မသုံးကြတာလဲ ပါမှာပေါ့။ ထိုသို့တခြားသော platform သုံးတဲ့ သူတွေဟာလည်း wordpress သို့အလွယ်တကူ ပြောင်းရွှေ့လို့ရပါတယ်။ ဥပမာ blogger မှ wordpress သို့ import လုပ်ခြင်း။ ထိုသို့ ပြုလုပ်ဖို့ရာ plugins တွေကို သုံးမယ်ဆိုရင်လည်း ရပါတယ်။ ဥပမာ OPML/Blogroll importer ၊ category to tag importer ။

၁၀။ Take advantage of multiple feeds
များစွာသော blogging platform တွေဟာ တစ်ခုတည်းသော feed ကိုသာလျှင် ပေးတက်ကြပါတယ်။ Comment feeds ၊ search feeds ၊ single category အတွက် feed ဆိုပြီး တမျိုးဆီအတွက် feed တွေကို မရနိုင်ပါဘူး။ WordPress မှာတော့ နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ feed တွေကိုရနိုင်ပါတယ်။ WordPress ဟာ default ဖြစ်တဲ့ RSS 2.0 ကို ထောက်ပံ့တဲ့အပြင် Atom 1.0 ၊ RSS 0.92 နှင့် RDF feed တွေကိုပါ ထောက်ပံ့ပါတယ်.......
Ref:Myo Htet Zaw

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ