this site the web

793..EOT ဆိုသည်မှာ..[10.7.10]

 

EOT ရဲ့ အရှည်က Embedded Open Type လို့ အဓိပ္ပါယ်ရပါတယ်..။ Unincode အတည်မပြုရသေးတဲ့ ဘာသာစကား (Font) တွေကို Internet Exploer မှာ မြင်နိုင်ဖို့အတွက် Microsoft က စီစဉ်ထုတ်လုပ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်...။

နိုင်ငံခြားမှာ ဆိုင်ဘာကဖေးတွေမှာ ၀င်သုံးသည့်အခါမှာ ဘလော့ဂ်ရေးဖို့ဆိုရင် အဲဒီဆိုင်ကစက်မှာ ဇော်ဂျီကို အင်စတောလ် လုပ်ရတယ်။ ပြီးမှရေးလို့ရတယ်။ အဲ..တစ်ခါတလေ သူများဘလော့ဂ်တွေ ၀င်ဖတ်ဖို့ ဆိုင်ဘာမှာ ၀င်ထိုင်ရင် မြန်မာဘလော့ဂ်တွေမှာ မြန်မာစာကနေ (လေးထောင့်တုံး) language တွေကို ပြောင်းနေပါတယ်။ အဲဒီအတွက် ဘယ်နိုင်ငံ၊ ဘယ်ဆိုင်ရောက်ရောက် မြန်မာဘလော့ဂ်တွေကို မြန်မာစာနဲ့ အလွယ်တကူ ဖတ်နိုင်ဖို့ EOT ကိုထည့်သွင်းထားဖို့လိုပါတယ်အကြမ်းအရင်ပြောချင်တယ်....

ထို့ကြောင့် EOT လုပ်ခြင်းဟာ Internet Exploer Browser တစ်ခုထဲအတွက်ပဲ အကြုံးဝင်ပါတယ်..။ EOT လုပ်ထားတဲ့ website သို့မဟုတ် blog တစ်ခုဖြစ်နေပေမယ့်လည်း IE မဟုတ်တဲ့ အခြား Browsers တွေနဲ့ ဖွင့် ပါက လေးထောင့်အတုံးတွေ..။ ဒါမှမဟုတ် ??? တွေကိုပဲ မြင်ရမှာ ဖြစ်ပါတယ်...။

နောက်ပိုင်းမှာ EOT လုပ်မယ့်အစား Unicode 5.0 တွေပေါ်လာပြီ ဖြစ်တဲ့အတွက်..။ Unicode ကိုအစားထိုး ပြောင်းလဲအသုံးပြုသင့်ပါတယ်..။ Myanmar Unicode 5.0 တွေဟာအခုဆိုရင် Opera လို Browser တွေမှာ Default (Standard) Font အနေအထားနဲ့ ပါဝင်လာပြီ ဖြစ်ပါတယ်...။ ဒါပေမယ့် လက်ရှိအနေအထားအရ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ပြုလုပ်ထားတဲ့ Site တွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ Zawgyi ကိုပဲ အသုံးပြု နေခြင်းဖြစ်တာကြောင့် ဒီ EOT ပြဿဟာ ပေါ်ပေါက်လာခဲ့ ရခြင်းဖြစ်ပါတယ်...။

ထို့ကြောင့် Zawgyi အစား Unicode ကိုပြောင်းလဲအသုံးပြုသင့်ပါတယ်..။ အားနည်းချက်အနေနဲ့ကတော့ Unicode နဲ့ရေးထားတဲ့ ဘလော့ကို Unicode Run ထားတဲ့စက်ကပဲ ကြည့်လို့ ဖတ်လို့ရပါလိ့မ်မယ်..။ တစ်ကယ်လို့ ကိုယ့် website (သို့) Blog မှာ unicode <<>> zawgyi converter တင်ထားမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်...။

Zawgyi ဟာ လက်ရှိအချိန်မှာ Standard Unicode မဖြစ်သေးတာကြောင့် EOT လုပ်လည်း သိပ်မထူးဘူးလို့ ကျွန်တော်ထင်ပါတယ်..။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်ထားရင် (သို့မဟုတ်) လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲလို့ ကျွန်တော်ထင်ပါတယ်..။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ