this site the web

777.. စာပို့တံဆိပ်ခေါင်း ပေါ်ပေါက်လာပုံ [ 29.6.10 ]

 

Blackpenny stamp
*****************************

***************************

တံဆိပ်ခေါင်း စတင် မပေါ်ပေါက်မီ ကာလများက စပို့ခကိုပြည်သူလူထုကငွေသားဖြင့်ပေးဆောင်ခဲ့ကြရသည်။ ထိုစဉ်အခါ ကာလများက စာပို့ခကို လိပ်စာရှင်က ပေးဆောင်သည့် အလေ့အထ ရှိခဲ့ကြသည်။ ကျသင့်ငွေကို အကွာအဝေးနှင့် စာရွက် အရေအတွက်ပေါ် မူတည်၍ တွက်ချက်ခဲ့ပြီး စရိတ်မှာလည်း မြင့်မားခဲ့ကြသည်။ ဤသို့ ပေးဆောင်ရာ၌ လိပ်စာရှင်က ငြင်းဆိုသည့် ပြဿနာမကြာခဏပေါ်ပေါက်ခဲ့သည်။ဤသို့ဖြင့်ပေးပို့သူက စာပို့ခကို ပေးဆောင်သည့်စနစ်ကို တဖြည်းဖြည်း စတင်ကျင့်သုံးလာခဲ့ကြရာ အများစုက ကြိုတင်ပေးရသည်ဟု ယူဆသဖြင့် အစ ပိုင်းတွင် မကြိုက်နှစ်သက်ခဲ့ကြပေ။
၁၉ ရာစု စောစောပိုင်း ရောက်လာသောအခါ ဆာဒီးနီးယန်း အစိုးရက စာပို့ခပေးပြီးကြောင်း စာတိုက် အမှတ်အသားကို တီထွင်ခဲ့သည်။ ထိုအမှတ်အသား၏ အမည်မှာ " Cavallini " မြင်းတပ်ဟူ၍ ဖြစ်ပြီး မြင်းစီး စစ်သည်ပုံ ဖြစ်သည်။
စာပို့တံဆိပ်ခေါင်း၏ တကယ့်အစမှာမူ ၁၈၄၀ ခုနှစ်တွင် စွဲကပ်နိုင်သော စက္ကူကလေး တစ်ခုအဖြစ်ပေါ်ပေါက် လာခဲ့သည်။ အဆိုပါ အတွေးအမြင်သစ်ကို စတင်ရရှိခဲ့သူမှာအင်္ဂလန်နိုင်ငံသားဆာရိုလန်ဟီးလ်Sir Rowland Hill ဖြစ်သည်။၎င်း၏ အဆိုမှာ" နောက်ကျောဘက်တွင် ကော်စေးသုတ်ထားပြီး အနည်းငယ်မျှသောအစိုဓါတ် ကလေးပေးလိုက်ရုံနှင့်စာတစ်စောင်၏နောက်ကျောဘက်တွက်ကပ်ထားလိုက်နိုင်သည့်စက္ကူအပိုင်းအစကလေး
ကို သုံးစွဲရုံဖြင့် အခက်အခဲများကို ဖယ်ရှားပေးနိုင်မည် " ဟူ၍ ဖြစ်သည်။
ဗြိတိန်စာတိုက်သည် ၁၈၄၀ခုနှစ် မေလတွင် " Blackpenny " အမည်ရှိ အနက်ရောင် တပဲနိတန်တံဆိပ် ခေါင်းကို ဆာရိုလန်ဟီးလ်၏ ထောက်ခံချက်အရ ကမ္ဘာပေါ်တွင် ပထမဦးဆုံး ထုတ်ဝေခဲ့သည်။ တပဲနိတန် စာပို့ စနစ်နှင့် တပဲနိတန် အနက်ရောင် တံဆိပ်ခေါင်းလေးသည် စာတိုက်စနစ်တစ်ခုလုံးကို ပြောင်းလဲစေခဲ့သည်။ ၀ိတိုရိယ ဘုရင်မ၏ ဦးခေါင်းပုံရိုက်နှိပ်ထားသော စပို့တံဆိပ်ခေါင်းသည် အသေးငယ်ဆုံးသောငွေကဲ့သို့ တန်ဖိုး ရှိသည့် စက္ကူအဖြစ် ကမ္ဘာပေါ် တွင် စတင် ပေါ်ပေါက်လာခဲ့ပေတော့သည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

6 - ဦး မှတ်ချက်ပေးထားပါသည်

Anonymous Admin said...

Thank you for the information. Very useful.

Admin, Myanmar-image.com

2/1/12 6:26 PM  
Blogger Unknown said...

thank. ရှိသည် ။ ရောင်းလိုသည်။ 200 ဝန်းကျင်သက်တမ်းဥရောပ နိုင်ငံစုံ

3/1/14 5:27 PM  
Blogger Unknown said...

thank. ရှိသည် ။ ရောင်းလိုသည်။ 200 ဝန်းကျင်သက်တမ်းဥရောပ နိုင်ငံစုံ

3/1/14 5:35 PM  
Blogger Unknown said...

thank. ရှိသည် ။ ရောင်းလိုသည်။ 200 ဝန်းကျင်သက်တမ်းဥရောပ နိုင်ငံစုံ

3/1/14 5:35 PM  
Blogger Unknown said...

thank. ရှိသည် ။ ရောင်းလိုသည်။ 200 ဝန်းကျင်သက်တမ်းဥရောပ နိုင်ငံစုံ

3/1/14 5:36 PM  
Blogger Unknown said...

thank. ရှိသည် ။ ရောင်းလိုသည်။ 200 ဝန်းကျင်သက်တမ်းဥရောပ နိုင်ငံစုံ

3/1/14 5:36 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ