this site the web

768..USB Mixer ဆိုသည်မှာ (21.6.10 )

 
http://www.synthtopia.com/content/wp-content/uploads/2009/01/alesis-imultimix-16.jpg

http://www.ksl-online.co.uk/pictures/multimix%208%20firewire.jpg
ကွန်ပျူတာနဲ့ တွဲသုံးလေ့ရှိတဲ့ Mixer ဖြစ်ပါတယ်။ ကွန်ပျူတာနှင့် ချိတ်ဆက်တဲ့ အခါ USB Connection ကို

အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။ ဒါကြောင့်လည်း သူ့ကို USB Mixer ရယ်လို့ခေါ်ပါတယ်။
Alesis ကထုတ်တဲ့ USB Mixer ကတော့ ............

Studio-quality ရှိတဲ့ အစိတ်အပိုင်းများနှင့် Processing Effects များကို ပေါင်းစပ်ထားပြီး

အကောင်းဆုံး ပြုလုပ်ထားပါတယ်။ MultiMix Mixer တွေမှာ Standard Recording Software ကို အသုံးပြု၍

16-bit Simultaneous Stereo Input and Output အတွက် Direct-to-Computer Audio Interfacing

ပြုလုပ်ရန် USB Audio ပါဝင်ပါတယ်။ ဖတ်လိုက်တာ ရှုပ်သွားမယ်ထင်တယ်။ ဆိုလိုတာက ကွန်ပျူတာနဲ့ Mixer

ဟာ USB နှင့် တိုက်ရိုက်ဆက်သွယ်ထားပါတယ်။ ပုံမှန် အသံဖမ်းတဲ့ Software တစ်ခုနဲ့ အသံဖမ်းတဲ့အခါမှာ

အ၀င် အထွက် နှစ်ခု စလုံးကို Stereo ဖြင့် ၀င်စေထွက်စေနိုင်ပြီး Dithering bit ကတော့ 16 bit ဖြစ်ပါတယ်။

သူ့ရဲ့ Specification မှာာာာာာာာာာ.......



၁။ Mic နှင့် Line က ၄ ပေါက် ပါပါတယ်။ မိုက်ကတော့ XLR Connection ဖြစ်ပြီးတော့ Line ကတော့

Quarter inch တွေဖြစ်ပါတယ်။ Mic ကို ကျွေး (ပေး) ရတဲ့ Phantom Power 48 V လည်း ပါဝင်ပါတယ်။



၂။ အခြားသော Line Input နဲ့ Aux Send တွေလည်း ပါဝင်ပါတယ်။ ၄င်းတို့ကို အခြားသော External Effect

တွေကို Send လုပ်လို့ရတဲ့အပြင် ဒီ Mixer ထဲကိုလည်း ပြန် Send လို့ ရပါတယ်။

၃။ 28 bit ရှိတဲ့ အသင့်ပြုလုပ်ထားသော Effect ပေါင်း အခု ၁၀၀ ပါဝင်ပါတယ်။

အဲ့ဒါတွေကဘာတွေလည်းဆိုရင် Reverb တို့ Delay, Chorus, Flanger, Pitch စသဖြင့်

အများကြီးပါဝင်မှာဖြစ်ပါတယ်။

၎။ Mixer ရဲ့ Channel တစ်ခုချင်းစီမှာ High, Low, Mid စသဖြင့် Band ၃ ခုပါဝင်တဲ့ Shelving EQ

ပါဝင်ပါတယ်။


၅။ Quarter inch ရှိတဲ့ Main က အထွက် တစ်ပေါက်၊ Monitor (Speaker) အတွက် အထွက် တစ်ပေါက်၊

Headphone နားကြပ်အတွက် အထွက် တစ်ပေါက် သီးခြား ပါရှိပါသေးတယ်။



၆။ ကွန်ပျူတာနဲ့ ဆက်သွယ်ဖို့ USB ပေါက် ပါရှိပါတယ်။



၇။ ၄င်း USB Mixer အတွက် Drivers တင်ပေးစရာမလိုပါဘူး။

၈။ Windows Operating System မှာပဲဖြစ်စေ၊ Mac မှာပဲဖြစ်စေ ၄င်းဟာ Plug and Play

အလုပ်လုပ်ပေးနိုင်ပါတယ်။ အဲ့ တစ်ခုတော့ ရှိပါတယ်။ ၄င်း ဟာ Windows XP Home Version နှင့် XP

Professional Version တွေမှာပဲ အလုပ်လုပ်ပါတယ်။

၉။ ၄င်း နှင့် Cubase LE Version ပါဝင်ပါသေးတယ်။

ကဲ ဒါတွေကတော့ Alesis ကထုတ်လုပ်တဲ့ Multimix 8 USB Mixer မှာပါဝင်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1 - ဦး မှတ်ချက်ပေးထားပါသည်

Blogger Snike Kyaw said...

like @_@

7/1/12 7:37 AM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ