this site the web

760..ကမ္ဘာကျော် MTV ဆုကကိုကိုးရီးယား မင်းသား Rain ရရှိ ( 16.6.10 )

 

ကိုးရီးယား မင်းသား Rain ဟာ ကမ္ဘာကျော် MTV ဆုကို မကြာမှီက ရရှိ ခဲ့ပါတယ်။ Rain ဟာ ဒီဆုကို ရရှိ ခဲ့တဲ့ ပထမ ဦးဆုံး ကိုးရီးယား သရုပ်ဆောင် လည်းဖြစ် ပါတယ်။

ရွေးချယ်ခံ nominee စာရင်း ကို ဟောလီးဝုဒ် မှ producers နဲ့ executives များမှ ပဏာမ စာရင်း ပြုစုပြီး၊ online မှာ ပရိသတ် များပှ မဲပေးပြီးး ဇကာတင် ရွေးချယ် ကြပါတယ်။

ဆုပေးပွဲ ကို Los Angeles မြို့မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပ ခဲ့ပြီး၊ ဆုလက်ခံ ပြီးတဲ့ နောက်မှာ Rain ဟာ ကျေးဇူးတင် စကားကို အင်္ဂလိပ် လို ပြောကြားခဲ့ ပါတယ်။
Rain ဆုရတာ က Biggest Badass Star ဆိုတဲ့ category မှာဖြစ် ပါတယ်။ မင်းသားဟာ ဟောလီးဝုဒ် နာမည်ကြီး များဖြစ်ကြ တဲ့ Angelina Jolie, Channing Tatum, Chris Pine နဲ့ Sam Worthington စသူ တို့ကို ကျော်တက်ပြီး ဒီဆုကို ရရှိ ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇နှစ် ရှိပြီး ဖြစ်တဲ့ Rain ကို USA မှာ Ninja Assassin အမည် ရှိတဲံ action ရုပ်ရှင် ပြပြီးတဲ့ နောက်မှာ တော်တော် လူသိများ လာကြ ပါတယ်။ ယခု ရတဲ့ ဆုဟာလည်း Ninja Assassin ရုပ်ရှင် အတွက် ဖြစ်ပါတယ်။
Rain ၏ အခြား သတင်းများ ကတော့ ၂နှစ် စစ်မှု ထမ်းခြင်း တာဝန်ကို ခေတ္တ ဆိုင်းငံ့ လိုက်ခြင်း နဲ့ Fugitive လို့ အမည် ပေးထားတဲ့ ဇာတ်လမ်းတွဲ အသစ် တစ်ခုကို မင်းသမီး Lee Na-young နဲ့ တွဲပြီး မကြာမှီ ရိုက်တော့ မယ် ဆိုတာ တို့ပဲဖြစ် ပါတယ်။

နောက်ဆုံး hot ဖြစ်နေတဲ့ သတင်း ကတော့ Rain (27) နဲ့ မင်းသမီး Jun Ji-hyun (28) တို့ date လုပ်နေ ကြပြီး ဆိုတဲ့ သတင်း ပါပဲ။

မင်းသားနဲ့ မင်းသမီး တို့ရဲ့ agency နှစ်ခု စလုံး ကတော့ ဒီသတင်း မမှန် ပါလို့ ငြင်းဆို ထားပါတယ်၊ စောင့်တော့ ကြည့်ကြ ရဦး မှာပါပဲ။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ