this site the web

758.. ဆုတွေ ရနိုင်မယ့် ကမ္ဘာ့ဖလား အင်တာနက် ခန့်မှန်း ပြိုင်ပွဲ

 


၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲကို ဇွန် ၁၁ရက်မှာ စတင် ကျင်းပ တော့မှာပါ။ ဒီနှစ်မှာ ထူးထူး ခြားခြား ၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲမှာ ဘယ်သူ နိုင်မလဲ ဆိုတာ ကို အင်တာနက် ပေါ်မှာ ၀င်ရောက် ခန့်မှန်း ကာ ဆုများ ရယူ နိုင်ဖို့ စီစဉ် ထားတယ် လို့သိရ ပါတယ်။ အခြား သော ခန့်မှန်း ပြိုင်ပွဲ များလို ရက်ကြို ပေးပို့ ရတာမျိုး မဟုတ်ဘဲ ဘောလုံး ပြိုင်ပွဲ မစမီ နာရီဝက် အလိုအထိ ခန့် မှန်း နိုင်သလို ခန့်မှန်း ချက် များကို လည်း အလွယ်တကူ ပြောင်းလဲနိုင် မှာ ဖြစ်ပါတယ်။ ဘောလုံး ၀ါသနာ ရှင်တွေ အတွက် ၂၀၁၀ ကမ္ဘာ့ဖလား အင်တာနက် ခန့်မှန်း ပြိုင်ပွဲကို www.myanmarevents.com မှာ ၀င်ရောက် ယှဉ်ပြိုင်နိုင် မှာ ဖြစ်ပါတယ်။

ခန့်မှန်း ပြိုင်ပွဲ ကို ပွဲစဉ် “က” နှင့် ပွဲစဉ် “ခ” ဆိုပြီး နှစ်ပိုင်း ခွဲကာ ကျင်းပ သွားမှာ ဖြစ်ပြီး ပွဲစဉ် “က” အုပ်စု ပတ် လည် ပွဲစဉ်က ဇွန် ၁၁ရက်က ၂၅ရက် ထိ ယှဉ်ပြိုင် ကြမယ့် ၄၈ပွဲ၊ ပွဲစဉ် “ခ” ကတော့ ဇွန် ၂၆ရက်က ဇူလိုင် ၁၁ရက် ထိ ကျင်းပမယ့် ဗိုလ် လုပွဲထိ ပွဲစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။

ပွဲစဉ် “က” ကိုတော့ အင်တာ နက် အွန်လိုင်း စနစ်ကို ရင်းနှီးကျွမ်း ၀င်စေဖို့ ရည်ရွယ် ကျင်းပ တာဖြစ်ပြီး ၄၈ပွဲလုံး ပါဝင် ကစားသူများမှ အ မှတ် အများဆုံး ရရှိတဲ့ ပြိုင်ပွဲဝင် ၁၀ဦးအား အမှတ်တရ ဆုများ ချီး မြှင့် သွားမှာ ဖြစ်ကာ ပွဲစဉ် “ခ” ပွဲစဉ် များ အတွက်ကိုတော့ ဆုကြေးများ ချီးမြှင့် ပေးသွားမှာပါ။

ဆုကြေး များကိုတော့ ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆုကျပ်တစ် သိန်းနှင့် နှစ်သိမ့်ဆု ခုနစ်ဆု ချီးမြှင့်ဖို့ လျာထား ပါတယ်။ ဆုကြေးများက တော့ စပွန်ဆာ ကုမ္ပဏီများ ပါဝင်မှု ပေါ်မူတည်ပြီး တိုးမြှင့် သွားဖို့ စီစဉ် နေပါတယ်။

ခန့်မှန်း ပြိုင်ပွဲမှာ ပါဝင်ဖို့အ တွက် ပထမဦးဆုံး ပါဝင် ယှဉ်ပြိုင်လို သူက အီးမေးလ် အကောင့် တစ်ခု ရှိရ ပါမယ်။ www.myanmarevents.com မှာ member အဖြစ် register ပြုလုပ်ပြီး member activate ပြုလုပ်ရန် လိုပါတယ်။ ပြီးရင် member login ပြုလုပ်ပြီး football link ကို click နှိပ်ပြီး စတင် ကစားနိုင် မှာ ဖြစ်ပါ တယ်။ အီးမေး ကြည့်တတ် သည့် သူတိုင်း ကစား နိုင်တဲ့ လွယ်ကူ တဲ့ ခန့်မှန်း ပြိုင်ပွဲဖြစ်ကာ ပါဝင် ယှဉ် ပြိုင်ရန် အခက်အခဲ ရှိပါက သုံးစွဲနေ တဲ့ အင်တာနက် ဆိုင်မှာ account ဖွင့်ဖို့ အလွယ်တကူ အကူအညီ တောင်းခံ နိုင်မှာဖြစ်ပါတယ်။

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ