this site the web

757..အဆိပ် ရှိသည့် မှိုတစ်မျိုး ကို စားမိသည့် မိသားတစ်စု ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသ

 
Free Image Hosting by FreeImageHosting.net
ဇွန်လ ၈ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် ဝန်းကျင် အချိန် တွင် တာမွေမြို့နယ် ၊ ဘိုးလိန်းအောင် မင်္ဂလာ ရပ်ကွက် ၊ နှင်းဆီးလမ်း ရှိ တိုက်ခန်း တစ်ခုတွင် နေထိုင်သူ မိသားစု တစ်ခုမှာ အဆိပ်အတောက် ရှိသည့် မှိုတစ်မျိုး ကို ချက်ပြုတ် စားသောက် မိသည့် အတွက် အဆိပ် သင့်သည့် အခြေအနေ တစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ချက်ပြုတ် စားသောက်ခဲ့သည့် အတွက် ဒေါ်စန်းစန်းမြင့် (အသက် ၅၄ နှစ် )၊ စန္ဒီဦး ( အသက် ၁၄ နှစ် ) ၊ နဒီဦး (အသက် ၁၁ နှစ် ) ၊ ထူးဝေလင်း( အသက် ၉ နှစ်)၊ တို့မှာ အဆိပ် အနည်းငယ် သင့်ခဲ့သည့် အတွက် စားသောက်ပြီး သုံးနာရီ အချိန် ဝန်းကျင် ခန့်တွင် မူးဝေ အော့အန် မှု ဖြစ်ပေါ် လာသောကြောင့် ရန်ကုန်ဆေးရုံကြီး ၌ ၂၄ နာရီ ကြာ ဆေးကုသမှုခံ ယူပြီး နောက် ဇွန်လ ၉ ရက်နေ့က ဆေးရုံက ဆင်းသွားခဲ ရကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက လည်း အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ “ တာမွေ မြို့နယ် ၊ဘိုးလိန်း အောင်မင်္ဂလာ ရပ်ကွက် အတွင်းမှာ ရှိတဲံ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ရဲ့ ဝါးရုံ ပင်ကြားမှာ အလေ့ကျု ပေါက်နေတဲ့ အဖြူရောင်ရှိ မှိုတွေကို ခူးယူပြီး ကန်စွန်းရွက် နဲ့ ကြော်စားလို့ မူးဝေ အော့အန် တဲ့ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ ပါတယ်” ဟု ပြောကြား ခဲ့သည်။ အဆိပ် အတောက်ရှိသည့် မှိုတစ်မျိုး ကို ခူးယူ စားသောက် မိခဲ့သည့် ဒေါ်စန်းစန်းမြင့် ကလည်း “ ဇွန်လ ၇ ရက်နေ့ ညပိုင်းမှာ ကျွန်မ ရဲ့ သမီးကလည်း ကြွပ်ကြွပ် အိတ်ထဲ ကမှိုတွေကို သူရဲ့ သမီးလေးကို အမှိုက်တောင်းထဲ လွှတ်ပစ်ခိုင်းတယ်။ ကျွန်မကလည်း သမီးရဲ့ ယောက်ျား နဲ့ စကားများလို့ ဒီမှို တွေကို လွှတ်ပစ်ခိုင်းတယ်လို့ ထင်ပြီး သူတို့ မရှိတဲ့ အချိန်မှာ လွှတ်ပစ်ထားတဲ့ မှိုတွေကို ပြန်သန့်စင်ပြီး ၈ ရက်နေ့ နံနက် ၇ နာရီမှာ ကန်စွန်းရွက်နဲ့ ကြော်လိုက် ပါတယ်။ ပြီးတော့ ကျွန်မ ရဲ့ မြေးလေး ထူးဝေလင်း ကလည်း မှိုဟင်းကို ကြိုက်လို့ ကျောင်းကို ထမင်းဘူး သွားပို့ခိုင်း ပါတယ်။ ကျန်တဲ့မှိုတွေကို ကျွန်မ တို့က အနည်းငယ် စားသုံးမိခဲ့ ပါတယ်။ နံနက် ၁၁ နာရီ ခွဲ လောက်မှာ နဒီဦးက စပြီး အန် တယ်။ ပြီးတော့ သိပ်မကြာဘူး ကျွန်မက အန်တယ်။ အဲဒီ အခါမှာ စိတ်ပူသွား ပြီးတော့ ထူးဝေလင်း ကျေုာင်းကို ကျွန်မတို့ မိသားစု ရောက်သွားတယ်၊ ကျောင်းလည်း ရောက်ရောသူ ကလည်း အန်နေ တယ်။ ပြီးတော့ ကားပေါ်မှာ စန္ဒီဦး ကလည်း ထပ်အန်တယ်။ အဲဒီအခါမှာ ကျွန်မတို့ က စိတ်ပူပြီးတော့ ရန်ကုန် ဆေးရုံကြီးကို သွားခဲ့တယ်။ ၂၄ နာရီကြာ ဆေးကုသမှု ခံယူပြီး သက်သာသွားလို့ ဆေးရုံက ဆင်းလာတာပါ” ဟု ပြောကြားခဲ့သည်။ အဆိုပါ မိသားစုဝင် လေးဦးအား ဆေးကုသပေးခြင်း နှင့် ပတ်သက်၍ “မှိုတစ်မျိုး ကိုစားလိုက်ပြီး မကြာခင်မှာ မူးဝေပြီး အန် လို့ ဆေးရုံကို ရောက်တဲ့ အခါမှာ သူတို့ကို ကျွန်မတို့ တာဝန်ရှိသူ တွေက စစ်ဆေးမှုတွေ ပြုလုပ်တယ်။ အဆိပ်ကြောင့် အန်နေတာကို ရပ်တန့် သွားအောင် ဆေးကုသ ပေးတယ် ။ ပြီးတော့ အခြေအနေကို စောင့်ကြည့်တဲ့ အနေနဲ့ ဆေးရုံမှာ ၂၄ နာရီထားတယ်။ နောက်ပြီး သွေးစစ်တယ်။ သွေးထဲမှာ လည်း အဆိပ်တွေ အများကြီး မရောက်ခဲ့တဲ့ အတွက် လူနာတွေ အများကြီး သက်သာသွားမှ ကျွန်မတို့ ဆင်းခွင့် ပြုလိုက်တာပါ ” ဟု ရန်ကုန် ဆေးရုံကြီး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ လူနာ လေးဦးကို ရန်ကုန်ဆေးရုံကြီး ၏ အဆောင် ၁၇ ၊ ၁၈ တွင် အတွင်းလူနာ အဖြစ် ဆေးကုသ ပေးခဲ့ကြောင်း သိရှိရသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ