this site the web

746.. ယူအေအီး ရှိ အဘူဒါဘီ စော်ဘွား နန်းတော် ဟိုတယ် တွင် ရွှေသား အတိဖြင့် ငွေထုတ်စက် တပ်ဆင် (19.5.10 )

 
ပင်လယ်ကွေ့ ဒေသရှိ ဟိုတယ် တစ်ခုတွင် ရွှေသား အတိ ပြီးသော ငွေထုတ်စက် တစ်လုံးကို တပ်ဆင်ထား လိုက်ကြောင်း သိရသည်။ ယင်း ငွေထုတ်စက် ကို အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံရှိ ရွှေပြားကပ် မျက်နှာကျက် အပြည့်ဖြင့် မွမ်းမံ ထားသည့် အဘူဒါဘီ စော်ဘွား နန်းတော် ဟိုတယ် တွင် တပ်ဆင် ထားသည်။ နေရာ အတော် များများတွင် ရွှေပြား များဖြင့်b အလှဆင် ထားသည့် ယင်း ဟိုတယ်တွင် အဆိုပါ စက်အား တပ်ဆင်ခြင်း နှင့် ပတ်သက်ပြီး“စော်ဘွား နန်းတော် ဟိုတယ် ကို ရွေးရတဲ့ အဓိက အကြောင်းရင်း ကတော့ ရွှေရောင် ဖိတ်ဖိတ် တောက်နေတဲ့ ပတ်ဝန်း ကျင် က ဒီစက်နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေ လို့ပါ” ဟု Gold to Go ဟု အမည်ပေး ထားသော ရွှေသား အတိ ငွေထုတ် စက်ကို ဒီဇိုင်းထုတ် တီထွင် ခဲ့သည့် ဂျာမန် ကုမ္ပဏီ Ex Orient Lux မှာ CEO ဖြစ်သူ သောမတ် ဂီဆလာ က ပြောကြား ခဲ့သည်။ ယင်း စက်မှ ငွေကြေး အဖြစ် အသုံးပြုသော ယူနစ်ပေါင်း (၃၂၀) ခန့်ကို ထုတ်ယူ နိုင်ပြီး (၁၀) ဂရမ် အလေးချိန် ရှိသော ရွှေတုံးများ ကိုပါ ရရှိနိုင် ကြောင်း သိရသည်။ “ရွှေတွေ အားလုံးကို ဂျာမနီက တင်သွင်း လာတာပါ။ ရွှေတုံးလေး တွေ တိုင်းမှာ စော်ဘွား နန်းတော် ဟိုတယ်ရဲ့ Logo ကို ရိုက်ပေး ထားတဲ့ အတွက် ဒီရွှေတုံးလေး တွေကို အိမ်အပြန် အမှတ် တရ လက်ဆောင် အဖြစ် ၀ယ်သွားဖို့ အဆင်ပြေ ပါတယ်” ဟု ဂီဆလာ ကဆိုသည်။ ထို့အပြင် ရွှေဈေး ကိုလည်း ကွန်ပျူတာ Software တစ်ခုဖြင့် ချိတ်ဆက်ပြီး (၁၀) မိနစ် တစ်ကြိမ် နိုင်ငံ တကာ ရွှေပေါက်ဈေး အတိုင်း ပြောင်းလဲ နေ စေမည် ဖြစ်သည်။ ယခု လောလောဆယ် တွင် ရွှေတုံးလေးများ ထုတ်ပေး ခြင်းသာ လုပ်ဆောင် နိုင်သေး သော်လည်း မကြာမီ အချိန်အတွင်း Credit Card ဖြင့် ငွေထုတ်မှု များကိုပါ ဆောင်ရွက် နိုင်တော့ မည်ဖြစ်သည်။ ယင်း စက်ကို မူလက ဂျာမနီ တွင် တပ်ဆင်ရန် (၂၀၀၉) ခုနှစ်က စမ်းသက်ခဲ့ သော်လည်း အဘူဒါဘီ အာဏာပိုင် များ၏ ငွေကြေး အမြောက် အမြားဖြင့် ကမ်းလှမ်း မှုကြောင့် ယခု ဟိုတယ် တွင် တပ်ဆင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း ဂီဆလာက ရှင်းပြ သွားသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ